@zayartbz7.1: ချောင်းဦးတွင် စစ်သား ၆ ဦး ယာဉ်မတော်တမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရ ရန်ကုန်၊ စက်တင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၆ ဦး ယနေ့ တစ်ရက်တည်းအတွင်း ကားနှင့် တိုက်မိမှုများ ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိသူထံမှ သိရသည်။ ယနေ့ စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းဂိတ်မှ စစ်သားတစ်ဦးကို ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး အဆိုပါစစ်သားမှာ အပြင်းအထန်ဒဏ်ရာရရှိသဖြင့် ချောင်းဦးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။ ထို့နောက် ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ငါးယှန်ကျေးရွာရှိ စစ်ကောင်စီတပ်ဂိတ်မှ တပ်သားများက လမ်းဘေးဝဲယာရှိ ချုံများကို ရှင်းလင်းနေစဉ် ပြည်သူပိုင် လယ်ထွန်စက်တစ်စီးကို ချောဆွဲကာ မောင်းနှင်ခဲ့ကြောင်း သိရသည်။ ထိုသို့ လယ်ထွန်စက်ကို မောင်းနှင်စဉ် လမ်းဘေးတွင် ချုံရှင်းလင်းနေသည့် စစ်ကောင်စီတပ်သား ၅ ဦးကို လယ်ထွန်စက်ဖြင့် ဝင်တိုက်မိခဲ့ပြီး ၁ ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကာ ၄ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား ၄ ဦးကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်အတွင်းသို့ ပို့ဆောင်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။ “မနက်က တိုက်သွားတာကတော့ ပြည်သူ့ကားလို့ သိရတယ်။ ဘာအမျိုးအစားလဲ၊ ဘယ်သူတိုက်တာလဲတော့ မသိရဘူး။ နေ့လည်ပိုင်းမှာတော့ သူတို့က လမ်းဘေးဝဲယာတွေမှာ ချုံရှင်းနေကြတာ။ လုံခြုံရေးအတွက်လား၊ ဘာအတွက်လဲတော့ မသိဘူး။ အဲဒီအချိန် ပြည်သူ့လယ်ထွန်စက်ကို ချောဆွဲပြီး သူတို့ဘာသာ မောင်းရင်း ချုံရှင်းနေတဲ့ စစ်သားတွေကို ဝင်တိုက်မိတာပါ။ တစ်ယောက်ကတော့ သေတယ်၊ ၄ ဦးက ဒဏ်ရာပြင်းထန်တယ်။ ” ဟု ၎င်းက ပြောဆိုသည်။@ZayarTBZ 7 News @ZayarTBZ 11 News #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ပြည်သူများဘေးကင်းကြပါစေ #zayartbz #မြန်မာသတင်းများ #ပြည်တွင်းသတင်း

ZayarTBZ 7.1News🍉
ZayarTBZ 7.1News🍉
Open In TikTok:
Region: TH
Saturday 26 September 2026 03:18:59 GMT
31430
1073
3
36

Music

Download

Comments

m4606709
Mg 2 8 :
👍👍👍
2026-09-26 06:45:08
0
masu20264
ဒင်းဂါး :
❤️
2026-09-26 09:25:22
0
aa.cc446
Dr.Zin Min Aung Paing :
💚💚
2026-09-26 03:41:16
0
To see more videos from user @zayartbz7.1, please go to the Tikwm homepage.

Other Videos


About