@uzinn.jack: ကိုရင်လေးတွေ မွေးလို့မရတော့ဘူး ရဟန်းငယ်လေးတွေ လူချွတ်တယ် အမျိုးတွေ ပလ္လင်ပေါ်ချည်း မော်ဖူးပူဇော်နေကြချိန် အောက်မှာတော့ ဒေါက်တိုင်တွေကျိုးတယ်။ ပင်လယ်ကြီးကြည်သာလာတယ်ပေါ့ ကမ်းတွေဟာတအိအိပဲ့လို့ နေမင်းကြီးထွန်းလင်းတယ်ပေါ့ ပျိုးပင်လေးတွေဟာ သွေ့ခြောက် နွမ်းခွေလို့ 'မပျော်တော့ဘူးကွာ'တဲ့ အရင်းနှီးဆုံးသီတင်းသည်ထံကကြားရ 'ကျ .. မသွားအောင်တင်းထားကိုယ့်လူ' ဒီတောင်ကိုကျော်လည်း နောက်တောင်ကပိုမြင့်မှာပဲဟေ့ကောင် 'ရဟန္တာမဟုတ်ပါဘူးကွာ ရဟန္တာတွေသာသနာပြုပါလိမ့်မယ် တရားဟောမကောင်းဘူးကွာ တရားဟောအရှင်တွေသာသနာပြုပါလိမ့်မယ်။ ငါ့သိက္ခာနဲ့ငါ့ကျမ်းစာတွေကို ငါလွတ်ချလိုက်တော့မယ် ။ လွတ်သွားတဲ့ကျောင်းလေးကို မင်းဂရုစိုက်ပေးပါ ဆွမ်းမပြတ်လောင်းနေတဲ့အမယ်အိုကြီးကို မင်းချီးမြောက်ပေးပါ။ ငါ့ကို မေးသေးရင် ကြည့်ကျက်ဖြေပေးပါ။ ဟော့ဒီမှာ ငါ့သပိတ် ငါ့နှစ်ထပ်သင်္ကန်း ငါမဝတ်ရသေးတဲ့ သင်္ကန်းဒွိစုံ ငါမဖတ်ရသေးတဲ့ဝိသုဒ္ဓိမဂ်မင့်ကို လှူခဲ့မယ် ။ ငါ့အမေကို မမြင်စေချင်သေးဘူး ငါ့ဆရာကို မသိစေချင်သေးဘူး မင်း ဆက်ထိန်းပေးပါ။ ငါသွားမယ်ကွာ ငါပြန်လာတဲ့အခါ မင့်ကို ထောက်ကူနိုင်ပေးနိုင်မလား ငါ့တပည့်လေးစာသင်ပို့ထားတယ် မင်းဆက်လက်ပျိုးထောင်ပေးပါ သူ့ကိုလည်းမသိစေနဲ့ဦးကွာ အသက်စေ့ရင်ရဟန်းမယ်တော်ရှာပေးပါ ဘုရားလည်းအိုနေပြီ မင်းပြုပြင်နိုင်အောင်ရုန်းစမ်းပါ အောင်တော်မူတဲ့ ကမ္ဗည်းအသစ်တပ်လိုက်ကွာ ပြီးတော့ 'သိမ်' ဒါပဲသူငယ်ချင်း ငါတော့သွားတော့မယ် ငါ့သိက္ခာကိုချတော့မယ် ငါ့ကိုသိက္ခာချပေးပါတော့။ ''ဘုရားကိုစွန့်ပါ၏ တရားကိုစွန့်ပါ၏ သံဃာကို စွန့်ပါ၏ ဝိနည်း၊သိက္ခာ၊ပါတိမောက် ပါတိမောက္ခ ုဒ္ဒေသ ဆရာ၊အတူနေတပည့် အနီးနေတပည့် ဥပဇ္စျာယ်တူဆရာတူသူ သီတင်းဖော်တို့ကိုစွန့်ပါ၏ ငါ့ကို လူလို့မှတ်ပါ ငါ့ကို အရာမ်စောင့်၊သာမဏေ တိတ္ထိ၊တိတ္ထိသာဝက ရဟန်းမလို့ မမှတ်ပါနဲ့။ ငါ ဘုရားဖြင့် တော်ပြီ ငါ ဘုရားဖြင့် ဘာလုပ်ရမလဲ ငါ့့အား ဘုရားဖြင့် အကျိုးမရှိ ငါ ဘုရားမှကောင်းစွာ လွတ်ပြီ'' ရဟန်းတစ်ပါးရဲ့သိက္ခာချခန်းဟာ မျက်ရည်တချို့ ဝေ့ဝဲ ရှိုက်သံသဲ့သဲ့ဟာ ရင်ကိုဝင်ခွေ့တယ်။ ငါတို့ရဲ့သာသနာတော်ကြီးအတွက်ပါတဲ့ အမှိုက်တစ်စလွင့်ရှင်းသွားတယ်မှတ်ပါတဲ့ ပြောရက်လိုက်လေချင်းသူငယ်ချင်းရယ် ငါ့ကိုကျောခိုင်းထွက်ခွာသွားခဲ့တယ်။ ။ လင်းဝေ ( ကောလင်း ) #uzinnjack #သာသနာ့ဝန်ထမ်းရှင်ရဟန်း✨ #သာသနာ့ရောင်ဝါထွန်းစေချင်🙏🙏🙏🙏🙏 #foryou #frypgシ

UZinn Jack
UZinn Jack
Open In TikTok:
Region: MM
Saturday 26 September 2026 04:28:40 GMT
23666
1954
75
173

Music

Download

Comments

kisskiss4368
kkk :
ရဟန္တာလိုနေမှ ကြည်ညိုကြတဲ့ခေတ်မှာ ငါ ရဟန္တာမဟုတ်ဘူး... တရားဟောကောင်းမှ လေးစားကြတဲ့ခေတ်မှာ ငါ တရားမဟောတတ်ဘူး... စာတတ်မှ အထင်ကြီးကြတဲ့ခေတ်မှာ ငါ အဘိဝံသ မဟုတ်ခဲ့ဘူး... ဟန်ဆောင်ကောင်းမှ အဟုတ်ထင်ကြတဲ့ခေတ်မှာ ငါ မလိမ်ညာချင်ဘူး... ကျောင်းကန်တိုက်တာ ကားအကောင်းစားကြီးတွေပိုင်ဆိုင်ထားမှ အထင်ကြီးကြတဲ့ခေတ်မှာ ငါ ကျောင်းထိုင်ဘုန်းကြီးမဟုတ်ပြန်ဘူး... ငါပိုင်ဆိုင်တာဆိုလို့ သပိတ်တစ်လုံး သင်္ကန်းသုံးထည် စာအုပ်အနည်းငယ်ထည့်ထားတဲ့လက်ဆွဲအိတ်တစ်လုံး... ငါ့မှာရှိတာဆိုလို့ မပွန်းပဲ့သေးတဲ့ ကိုယ်ကျင့်သိက္ခာလေးတစ်ခုရယ်ပါ...။
2026-09-26 19:24:42
52
user714732438
ပြဿနာမရှာတတ်တဲ့ ကိုလူအေး :
သာသနာ၂၅ဝဝကျော်နေပြီပဲလေဘုရား။ တပည့်တော်တို့အတွက် ခေတ်အဆက်ဆက်က သံဃာတော်အရှင်သူမြတ်တွေက တာဝန်ကျေခဲ့ပြီးပါပြီဘုရား။ ယခုမျက်မှောက်ကာလမှာ ရဟန်းသံဃာအသွင်အပြင်အပြည့်အစုံကို မြင်ရဖူးရ ကြည်ညိုခွင့်ရနေတာကပဲ ကံကောင်းလှပါပြီဘုရား။[Pray][Pray][Pray] အနည်းဆုံးတော့ ဘုရားသာသနာကို မီလိုက်တယ်၊ ဘုရားရှင်ရဲ့တရားအစစ်ကို နာယူခွင့်ရခဲ့ကြတယ်၊ ဘုရားရဲ့သားတော်အစစ်တွေဆီမှာ ကောင်းမှုတွေ စိုက်ပျိုးခွင့် ရခဲ့ကြတယ်။ ကျေနပ်ပါပြီဘုရား။ အရှင်ဘုရားတို့အပေါ်မှာ အပြစ်မြင်လိုစိတ် မရှိပါဘုရား။ ကြီးလေးတဲ့တာဝန်ကြီးကို ထမ်းဆောင်ဖို့ အင်အားမရှိတဲ့အခါ သာမန်ပုထုဇဉ်လူသား ရဟန်းတစ်ပါးက ညည်းတွားတာကို တပည့်တော်တို့လည်း ဝမ်းနည်းစွာနဲ့ နားလည်လက်ခံပေးပါတယ်ဘုရား။ လူအများစု မစွမ်းနိုင်တဲ့ သာသနာ့ဝန်ကို အချိန်ကာလတစ်ခုထိ ကြိတ်မှိတ်ပြီး ထမ်းပိုးပေးခဲ့တာကိုပဲ ကျေးဇူးတင်ကျေနပ်လှပါပြီဘုရား။[Pray][Pray][Pray] သံဃာ့ဂုဏ်ကို ရည်မှန်းပြီး ကန်တော့လိုက်ပါတယ်ဘုရား။ 😔[Pray][Pray][Pray]
2026-09-27 00:01:47
17
nga.phyoe685
စိုင်း လွမ်းနောင် :
🥺မျက်ရည်စတွေ စီးခိုလေ တပည့်တော်လည်း ပထမကြီးတန်းဖြင့် ထွက်ခဲ့တာပါ ဘုရား😭😭🙏🙏🙏
2026-09-27 02:40:15
6
shinzawunna1
အရှင်ဇဝန(မတ္တရာ) :
စာကိုဖတ်နေရင်နဲ့လူထွက်သွာတဲ့သူငယ်ချင်တွေကိုသိပ်သတိရတာဘဲအခုကကိုယ်တယောက်ထဲကျန်တော့တာဆိုတော့သိပ်အာငယ်တာဘဲဝတ်ခါစကလို့မပျော်တော့ဘူသူငယ်ချင်တွေတယောက်ပီ တယောက်ထွက်ကုန်ကျလို့🥺🥺🥺
2026-09-27 04:04:22
7
u.zaw.gyi1453
U Zaw Gyi :
ဟား ရင်ကိုထိရှစေတယ်ဗျာ ( မလုပ်ကြပါနဲ့ သီးခံပြီးနေပေးကြပါ ချေတော်ဦးခိုက်လျောက်ထားပါသည်ဘုရား )
2026-09-26 12:17:48
13
turnbatkno
ၹႆႈလႆဝၢင်ႈ :
ဝန္ဒိတွာ🙏 ဘန္တေ ယာဇာမိ.. သုဋ္ဌံ သာသနာ ဝသန္တု🥺🥺🥺🥺
2026-09-26 16:23:28
3
aung.ban58
Ⓐⓐⓜⓞⓝ :
2026-09-26 14:57:02
6
kokyawsoewai2
Kyaw Soe Lin :
🥹🥹🥹🥹😭😭😭😭🙏🙏🙏🙏
2026-09-27 01:54:41
0
vennarnar
Flower :
Save ခွင့်ပြုပါ
2026-09-26 17:31:45
1
s.k.k9984
(🙏Ashin Tayza wonta 🙏)S.K.K :
ပြန်တင်မယ်နော်ကိုရင်
2026-09-26 23:10:52
1
wearemyanmar1997
`S K Y√ :
ပြန်တင်ခွင့်ပြုပါဘုရား🙏
2026-09-27 00:35:18
0
naing.kyi389
Naing Kyi :
သာသနာ အာဇာနည်တွေ ဘယ်လောက်တောင်ကြွေလွင့်သွားကြပီလဲ လူမသိသူမသိအဖြစ်နဲ့လေ.....ဝမ်းနည်းစွာဖြင့်[ပါးစပ်ပိတ်ထား]
2026-09-26 19:55:32
2
sorpion781
Scorpion🦂 :
ပြန်တင်မယ်နော် ယုလို့ရလား
2026-09-26 15:15:55
1
uservbj1xax8ka
သံစဥ်မဲ့ နှလုံးသား :
ခွင့်ပြုပါ🙏🙏 ဘုရား ပြန်တင်
2026-09-26 15:28:01
1
mg.dee975
MG.DEE✅ :
ရင်ထဲထိတဲ့စာသားတေပါလားဘုရား🥺🥺
2026-09-26 23:29:33
2
chitookoko640k
ChitOo Koko :
စာတွေဖတ်ရင်း မျက်ရည်မထိန်းနိုင် ငိုမိပါပြီ
2026-09-27 02:10:21
1
user855588566016
ညီ နန္ဒ :
ပြန်တင်ပါရစေ
2026-09-26 16:18:00
1
mai.aikekit2005
🌝🌻ဧည့်သည်🌻☺ :
အရင်ရဟန်းသိက္ခာချတာ မြင်ဖူးနေကျပါ ဘာမဖြစ်ဘူး...အရှင်ဘုရားနဲ့မှရင်ထဲစို့နစ်သွားတယ်...🥺
2026-09-26 13:00:15
4
u.m.daobha.sa
Lynn... :
ပြန်တင်ခွင့်ပြုပါအရှင်🙏🙏🙏
2026-09-26 17:52:57
0
man27th27
🩵LinLattKoHtwe 🩵 :
ဝမ်နည်းမိတယ်🥺🥺💔
2026-09-26 13:40:15
2
thuta.aung6146
Thuta Aung :
သာသနာပြုမည့်သူတော်ကောင်း သူမြတ် စွမ်းဆောင်နိုင်သူ ဘုရားမျက်နှာကြည့်၍ သာသနာပြုမည့်သူမျှော် မျှော် မျှော်
2026-09-26 14:08:34
2
wai.wai.kyi02
Wai Wai Kyi :
စိတ္ထဲဘယ္လိုခံစားရမွန္းမသိဘူး[Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray]😢😢😢
2026-09-26 08:03:13
2
kosai27972
အရှင်ပဏ္ဍိစ္စ(ရှမ်းလေး) :
ပုံယူသုံးပါရစေဘုရား
2026-09-27 05:18:10
0
ashinobhasa3
☸ :
နှလုံးသားထဲထိသွားတယ်ထင်ပါတယ်အဆုံးမှာမျက်ရည်နည်းနည်းဝဲသွားတယ်😥😥
2026-09-27 05:07:44
0
thuthxpc0az
🙏သာသနာ့အရှင်ငယ်🙏 :
ပြန်တင်ခွင့်ပြုပါလားဘုရား😳
2026-09-27 05:02:20
0
To see more videos from user @uzinn.jack, please go to the Tikwm homepage.

Other Videos


About