@moe119143: #ရေကန်စောင့်အဖြစ်စတေးခံရတာ မကျေနပ်သောပရလောကသားများ# လွန်လေပြီးသောနှစ်ကာလတစ်ခုကတောင်ပေါ်ဒေသ၏ကျေးရွာတစ်ရွာနားမှာစိုက်ပျိုးရေးအတွက်ဆိုပြီး ရေကန်ကြီးတစ်ကန်တူးတယ်တာဝန်ရှိသူတွေက သေမိန့်ကျပြီးသောအချုပ်သားသုံးဦးကိုရေကန်စောင့်အဖြစ်စတေးလိုက်တယ် သူတို့ကိုမျက်နှာအုပ်ထားတဲ့အတွက်ဘယ်နေရာဆိုတာမသိကြဘူးပေါ့ ဒါပေမဲ့မသေခင်မှာရေကန်တူးမဲ့နားကရွာနံမည်ကိုကြားသွားကြတယ် ဒါနဲ့သူတို့ကအဲဒီရွာကိုစိတ်နာပြီးအညှိုးထားပြီးစတေးခံလိုက်ရတယ် အဲဒီရေကန်မှာသူတို့သိထားတဲ့ရွာသားတွေငါးလာဖမ်းရင်အကုန်သေကြတယ် အခြားရွာနီးချုပ်စပ်ကလူတွေငါးလာဖမ်းရင်တော့ဘာမှမဖြစ်ဘူး တစ်နေ့တော့သူတို့ရွာထိပ်ကသစ်ပင်ကြီးမှာကျီးတွေပြိုတယ် မကြာခင်သူတို့ရွာမှာနာရေးတွေဆက်သွားတယ်တစ်အိမ်ကရက်မလည်ခင်နောက်တစ်အိမ်ကသေတယ် ဒါနဲ့ရွာထဲမှာငိုသံတွေမစဲဘူးနောက်ထပ်ဘယ်အိမ်သေမလဲလို့စိုးရိမ်နေကြတာကြောင့် ရွာသားတွေလည်းကြောက်လန့်ပြီးရွာပြောင်းသွားကြတယ် ကြာတော့ရွာပျက်ကြီးဖြစ်သွားတယ်ကျန်တဲ့ရွာသားတွေက အဲဒီရေကန်နဲ့အနည်းငယ်ဝေးတဲ့နေရာမှာရွာပြောင်းတည်ကြတယ် သို့ရာတွင်အဲဒီရေကန်ကြီးနားကိုနေဝင်ရီသရောအချိန်ကစပြီးဘယ်သူမှဖြတ်သွားဖြတ်လာမလုပ်ရဲဘူး သရဲအရမ်းခြောက်တယ်လို့နံမည်ကြီးနေတာ တစ်နေ့တော့ရွာထဲကကောင်လေးတစ်ယောက်ဟာနွားကျောင်းရင်းရေကန်ဘေးရောက်သွားတယ် သူကအကြောက်အလန့်သိပ်မရှိဘူးလူငယ်ဆိုတော့ဘာမှသိပ်စိတ်မဝင်စားဘူး သူကနွားတွေလွတ်ပြီးစိတ်အေးလက်အေးအရိပ်ရအပင်အောက်နားနေတယ် ဒီလိုနဲ့ညနေစောင်းတော့ပြန်မယ်လုပ်နေတုန်း ရေကန်ဘောင်ပေါ်မှာလူတစ်ယောက်ကကျွဲ လေးတစ်ကောင်စီးလာနေတာတွေ့ရတယ် ကျွဲကအသေးလေးလေးဆိုတော့သူကစီးချင်သွားတယ် ဒါနဲ့သူ့ရှေ့ရောက်တော့အဲဒီလူကရေကန်ထဲဆင်းသွားပြီးရေကူးနေတယ် သူလည်းကျွဲစီးချင်စိတ်ပေါ်လာပြီးကျွဲပေါ်တက်လိုက်တာ ကျွဲကြီးကနေခွေးနက်ကြီးဖြစ်သွားပြီးတဖြေးဖြေးနဲ့ကြီးသွားလိုက်တာ ကျွဲကြီးတစ်ကောင်ထက်ကြီးသွားတာသူလည်းကြောက်အားလန့်အားနဲ့ငယ်သံပါအောင်အော်တာပေါ့ ရေထဲဆင်းသွားတဲ့ကျွဲပိုင်ရှင်ကလည်းအစအနတောင်မတွေ့တော့ဘူး အနီးအနားယာထဲကကြားသူတွေကလာကြည့်တော့သူကရေကန်ဘောင်ပေါ်မှာမေ့လဲနေတာတွေ့ရတယ် ဒါနဲ့အိမ်ပြန်သယ်လာကြတယ်သူသတိရတော့မျက်ထောင့်နီကြီးနဲ့ "နင်တို့ရွာတစ်ရွာလုံးသတ်မယ်မကျေနပ်ဘူး" ကြိမ်းနေလို့ပယောဂကုဆရာခေါ်ပြီးကုလိုက်ရတယ် အချိန်ကြာကြာကုမှပုံမှန်နီးပါးပြန်ဖြစ်လာတယ် ခုတော့နှစ်တွေလည်းကြာပြီဆိုတော့အရင်လိုတော့မဆိုးတော့ဘူးပေါ့ ဒါပေမဲ့ပရလောကသားတွေရဲ့ရန်ငြိုးကတော့ရှိနေစဲပါပဲ Pann lady
pann lady
Region: MM
Saturday 26 September 2026 05:56:55 GMT
Music
Download
Comments
ရဲထွဋ် :
စာတွေကထပ်နေတယ်
2026-09-26 11:13:49
0
Daw Than Than Aye :
🥰
2026-09-28 01:41:01
0
pann lady :
မကြိုက်ရင်ကျော်ဖတ်ပါဗဟုသုတမရှိလာမန့်ရင်ဘလော့ပါမယ်
2026-09-28 02:36:09
1
ရင်ထဲက ဦးဦး :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-26 06:13:25
1
Cherry Cherry Cherry Cherry :
🥰🥰🥰
2026-09-26 13:52:38
0
To see more videos from user @moe119143, please go to the Tikwm
homepage.