@myamyaoo99: သူတော်စင်ကြီးအိမ်နဲ့ ပြည့်တန်ဆာအိမ်က မျက်နှာချင်းဆိုင်တဲ့အခါ… သူတော်စင်ကြီးက ပြည့်တန်ဆာမကို ဆုံးမချင်နေခဲ့တယ်။ ပြည့်တန်ဆာမအိမ်ထဲ ယောက်ျားတစ်ယောက် ဝင်သွားတိုင်း သူတော်စင်ကြီးက လုပ်လက်စအလုပ်ကို ရပ်ပြီး အိမ်ရှေ့မှာ ခဲတစ်လုံးချ မှတ်ထားသတဲ့။ ကြာလာတော့ အဲ့ဒီခဲတွေဟာ ခဲပုံကြီးတစ်ပုံ ဖြစ်လာတယ်။ တစ်နေ့မှာတော့ ပြည့်တန်ဆာမကို ခေါ်ပြီး အဲ့ဒီခဲပုံကြီးကို ပြကာ ဆုံးမဟောပြောသတဲ့။ ပြည့်တန်ဆာမကလည်း “ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်နေရတာပါ” ဆိုပြီး ငိုယိုကာ ရှင်းပြရှာတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူတော်စင်ကြီးလည်း ပျံလွန်တော်မူသွားတယ်။ ပြည့်တန်ဆာမလည်း သေဆုံးသွားတယ်။ နောက်ဆုံးမှာတော့… သူတော်စင်ကြီးက ငရဲကျသွားပြီး ပြည့်တန်ဆာမက ငရဲမကျဘူးတဲ့။ ဒါနဲ့ သူတော်စင်ကြီးက မကျေနပ်လို့ သိကြားမင်းကို မေးသတဲ့။ သိကြားမင်းက ပြန်ဖြေတယ်— “သင်က ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ သူများအလုပ်ကိုပဲ ထိုင်ကြည့်ပြီး အပြစ်ကိုပဲ မြင်နေခဲ့တာကိုး…” တဲ့။ “ဦးသုခ” ရဲ့ ရာမခရစ်သျှန ပုံပြင်ထဲမှာ ဖတ်ဖူးတာလေးကို အတွေးတစ်ခုရလို့ မျှဝေလိုက်ပါတယ်။ သူတစ်ပါးကိုပဲ ကြည့်ပြီး အပြစ်ရှာနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြပါစို့။ သူတစ်ပါးရဲ့ အပြစ်ကို မြင်လွယ်သလို ကိုယ့်အပြစ်ကိုလည်း ပြန်မြင်နိုင်ကြပါစေ။ သူတစ်ပါးကို အပြစ်မြင်ခြင်းမှ ကင်းဝေးကြပါစေ။ 🙏 #ACFAMILY #ပြည့်စုံကြွယ်ဝလိုတရဆရာမလေး #abundancecoachmathandar #ACFAMILY #အာစီနန်းတော်စားသောက်ဆိုင်မှကြိုဆိုပါ၏
Ma Kyi Rcnan thaw
Region: TH
Saturday 26 September 2026 08:27:48 GMT
Music
Download
Comments
h HC c :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏သာဓုပါ မမရေ
2026-09-26 09:05:40
0
Ma Hnin (official) :
💞💞💞🥰🥰🥰
2026-09-26 08:52:57
0
h HC c :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-26 09:05:48
0
To see more videos from user @myamyaoo99, please go to the Tikwm
homepage.