@hsu_in_motion: တိဘက်ကို မသွားခင် ဘာတွေသိထားသင့်လဲ? - တိဘက်ဒေသဟာ အမြင့်ပေ ၁၆,၀၀၀ ခန့်ရှိသောကုန်းပြင်မြင့်ဒေသဖြစ်တာကြောင့် Roof of the world လို့ ခေါ်ကြပါတယ် - အမြင့်ပိုင်းဒေသတွေမှာ လေထုကပိုပါးလာပြီး အောက်ဆီဂျင်နည်းလာတဲ့အတွက် AMS (Altitude motion sickness) ခံစားနိုင်ခြေမြင့်ပါတယ်။ AMS ဆိုတာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အမြင့်ပေကို ခန္ဓာကိုယ်က မလိုက်လျောနိုင်သေးဘဲ ခေါင်းကိုက်၊ မူးဝေ၊ အန်ချင် စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တာကို ဆိုလိုပါတယ်။” - ဒါကြောင့် တိဘက်ကို ဝင်တဲ့ရထားပေါ်မှာ oxygen supply တွေ အဆင်သင့်ထားပေးထားပါတယ်။ လမ်းတွေ hotel တွေမှာလည်း oxygen canister တွေ တွေ့ရမှာပါ။ - ကျနော်တော့ လမ်းတစ်လျှောက်မှာ ဘာမှမဖြစ်ခဲ့ပေမယ့် Tibet Everest Base Camp ရောက်တဲ့အခါမှာ အသက်ရှူရခက် ခေါင်းထိုးကိုက် ညဘက်အိပ်မရတဲ့အတွက် oxygen supply စ သုံးရပါတယ်။ - တိဘက်ကို ဝင်တဲ့အခါ ရထားကို အလေးပြုနေတဲ့ platform security တွေကို ရထားပေါ်ကနေ 10 mins ခြားတစ်ခါလောက် တွေ့ရမှာပါ။ ဒီ Qinghai–Tibet Railway ဟာ ကမ္ဘာ့အမြင့်ဆုံး ရထားလမ်းဖြစ်ပြီး တည်ဆောက်ဖို့ အလွန်ခက်ခဲခဲ့တဲ့ အင်ဂျင်နီယာစွမ်းဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရထားကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ အလေးပြုကြတာပါ။ - တိဘက်လူမျိုးတွေဟာ ဘာသာရေးအယူအဆကြောင့် ငါးမစားကြပါဘူး။ - နိုင်ငံခြားသားတွေဟာ တိဘက်မှာ တစ်ယောက်တည်း ခရီးသွားလို့မရပါဘူး Tour agency တစ်ခုကနေပဲ တိဘက်ကို explore ခွင့်ပေးထားပါတယ် - အစစ်အဆေးအရမ်းကြပ်ပါတယ်။ တိဘက်တစ်မြို့ကနေ တစ်မြို့ကူးတိုင်း passport, China visa, Tibet permit တွေ တစ်ယောက်ချင်းပြရပါတယ် (တစ်ခါတစ်လေ ရဲကိုယ်တိုင် ကားပေါ်တက်စစ်တတ်ပါသေးတယ်) အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။ နောက်ပို့စ်တွေမှာ ပြန်တွေ့ကြမယ် 🥰 #tibet #backpack #himalayas #creatorsearchinsights #travelingabroad

Hsu in motion
Hsu in motion
Open In TikTok:
Region: SG
Saturday 26 September 2026 09:36:50 GMT
27194
2040
10
86

Music

Download

Comments

rawinkyaw
pan cha lar lat :
Hello , i would like to ask some questions about Tibet.
2026-09-26 17:14:58
0
hyppezzmhj4
Ren (蓮) :
တနေ့တော့ အဲ့လိုမျိုး ခရီးတွေပတ်ထွက်အုံးမယ်
2026-09-26 12:10:16
1
loyal_451
ROYAL 🥋🥊 :
Asia Switzerland 🇨🇭 ပေါ့နော့
2026-09-27 04:32:40
0
winhtaike93
𝗪𝗶𝗻 𝗛𝘁𝗶𝗸𝗲 :
2027 သွားဖြစ်အောင်သွားမယ်
2026-09-26 15:39:59
0
thawbita777
🇲🇲🍀Thaw Bi Ta 📷🇨🇳 :
❤️❤️❤️
2026-09-26 10:17:03
1
pookeir8
𝖀 𝖂𝖆𝖓 𝕹𝖆 :
🥰🥰🥰
2026-09-26 12:14:56
1
gamithawanasinghe
Gamitha Wanasinghe🇫🇷🇱🇰✨️ :
❤️❤️
2026-09-26 14:22:56
0
To see more videos from user @hsu_in_motion, please go to the Tikwm homepage.

Other Videos


About