@myattheinginwe16: ပထမ) လူတစ်ယောက်ဟာ သူ့ရဲ့လိုအင်ဆန္ဒတခုကို အလ္လာဟ့်ထံမှာ လက်ဖြန့်ပြီး တောင်းခံတယ် ။ အလ္လာဟ်က ချက်ချင်းဘဲ သူ့ရဲ့ဒုအာကို လက်ခံကဗူလ်ပြုလိုက်တယ်။ ဖရှိရ်သာတွေက အံ့သြပြီး မေးလျောက်ကြတယ်။ ""ယာ အလ္လာဟ် ဒီလူဟာ အလ္လာဟ်ရဲ့ အမိန့်တွေကို မနာခံချိုးဖေါက်နေသူဖြစ်တယ် သူရဲ့ဒုအာကို အလ္လာဟ်အရှင်ချက်ချင်းဘဲလက်ခံ လိုက်တယ်လားး"" ဒီအချိန်မှာ အလ္လာဟ် (.စွဗ္ဗဟာနဟုဝသအားလာ).အမိန့်ရှိတယ် ""ထိုသူ၏ ဒုအာတောင်းဆုပြုသံကို ငါအရှင် မနှစ်သက်ပေ ။ ထို့ကြောင့် သူ၏တောင်းဆိုမှုကိုပေးပြီး သူ၏နှုတ်ကို ပိတ်လိုက်ခြင်းဖြစ်သည် ။ (ဒုတိယ) နောက်လူတစ်ဦးဟာ သူရဲ့ လိုအပ်ချက်တွေကို တောင်းတယ် တောင်းတယ် လတွေကုန် နှစ်တွေပြောင်းပြီး အချိန်ကာလတွေကြာခဲ့ပြီ ဒုအာကဗူလ်မဖြစ်ခဲ့ဘူး ။ အလ္လာဟ် ကလည်း သူ့ရဲ့လိုအင်ဆန္ဒတွေကို မဖြည့်စည်းပေးသေးဘူး ။ ဖရိရ်ှသာတွေက လျောက်ထားတယ် ""အို အလ်လာဟျ ဤသူဟာ အလွန် ကောင်းမွန်တဲ့သူဖြစ်တယ် ။ အရှင့်အမိန့်တွေကို နာခံလိုက်နာပြီး ဂုနာဟ်များမှသန့်စင်သူဖြစ်တယ် ။ အလ္လာဟ် သူရဲ့ဒုအာကိုအဘယ်ကြောင့် ကဗူလ်မပြုရသနည်း"" ဒီအချိန်မှာ အလ္လာဟ် (.စွဗ္ဗဟာနဟုဝသအားလာ). အမိန့်ရှိတယ် ""ထိုသူ၏ ဒုအာတောင်းဆုပြုသံသည် အလွန် ချိုသာလှပေသည် ။ နားထောင်ချင်စရာ ကောင်းလောက်အောင် သာယာလှပေသည် ။ ငါအရှင် သူ၏အသံကို အမြဲကြားချင်နေသည် ။ အကယ်၍ သူ၏ဒုအာများ ကဗူလ်ဖြစ်သွားပါက သူ၏ ထိုတောင်းဆုပြုသံကို ငါအရှင်ကြားရတော့မည်မဟုတ် ။ ထိုကြောင့် သူ၏တောင်းဆိုမှုကို မပေးဘဲဆိုင်းငံ့ထားခြင်း ဖြစ်ပေသည် ။ အချို့သူတို့၏ ဒုအာ ကဗူလ်ဖြစ်ပါက ငါ့ကို အလ္လာဟ်အရှင်က နှစ်သက် ပါလားဟု တွေးကာ အလွန်ဝမ်းသာပျော်ရွှင်ကြသည် ။ တခါတရံ မိမိ၏အသံသည် အရှင်ထံ အလွန်ခါးနေပါသလားဟူ၍လည်း တွေးကြည့်ကြပါ တချို့သူတို့၏ ဒုအာ များ ကဗူလ်မဖြစ်သည့်အခါ စိတ်ညစ် သောကဖြစ်ပြီး ငါ့ကို အရှင်မနှစ်သက်၍ ငါ၏ဒုအာများ ကဗူလ်မဖြစ်ဟု စိတ်ဓါတ်ကျနေကြသည် ။ တခါတရံမှာ ငါ၏အသံကို အလ္လာဟ်ကနားထောင်ကောင်း၍ နားထောင်နေသည်လားဟူ၍ တွေးကြည့်လိုက်ပါ ။ မောင်လာနာသွာရိက်းဂျမိလ်းဆွာဟိဗ် အူရ်ဒူဗယာန် မှ ခူဗ်စူရသ်ဟဒီးစ်တော်များ #crd_to_owner_with_respect
Candy Craft Haven
Region: MM
Saturday 26 September 2026 10:40:27 GMT
Music
Download
Comments
H F juhar :
မာရှာအလာ
2026-09-26 14:43:48
2
z :
😭
2026-09-26 16:10:09
0
phoelapyae life momoko :
🥰🥰🥰🥰🥰
2026-09-26 13:53:46
1
ZM store 🏪🏪🏪 :
❤️❤️❤️
2026-09-26 10:51:15
1
san san :
❤️❤️❤️
2026-09-26 12:40:20
1
Kan Man :
🥰
2026-09-26 11:45:51
1
To see more videos from user @myattheinginwe16, please go to the Tikwm
homepage.