@dailystrengthms: ၁။ "Amen ဖြစ်တည်လာရာ" “Amen” ဆိုတဲ့ စကားလုံးဟာ ဟေဗြဲဘာသာ אָמֵן (āmēn) ကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ရင်းမှာ အမှန်တရား၊ သေချာခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ တည်မြဲခြင်း၊ ယုံကြည်လက်ခံခြင်း ဆိုတဲ့ သဘောတွေ ပါဝင်ပါတယ်။ ၂။ "Amen ၏ အဓိပ္ပါယ်" Amen(အာမင်) ဆိုတာ ခရစ်ယာန်ယုံကြည်ခြင်းမှာ အလွန်အရေးကြီးတဲ့ စကားလုံးတစ်လုံးဖြစ်ပြီး “အမှန်ပင်ဖြစ်သည်၊ ထိုအတိုင်းဖြစ်ပါစေ၊ ယုံကြည်လက်ခံပါသည်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ၃။ "Amen" ထူးခြင်း၏ "အဓိပ္ပါယ်" ကိုယ်တိုင် ဆုတောင်းပြီးနောက် Amen ထူးခြင်း၏ အဓိပ္ပါယ်မှာ “ဘုရားသခင်သည် ကြားတော်မူသည်ကို၎င်း၊ ကိုယ်တော်၏အလိုတော်ကို၎င်း ယုံကြည်ပါ၏။ ထိုအတိုင်း ဖြစ်ပါစေ။” ၄။ "Amen = Agreement" (သဘောတူခြင်း) တစ်ခြားသူ ဆုတောင်းပြီးနောက် Amen ထူးခြင်း၏ အဓိပ္ပါယ်မှာ ထိုဆုတောင်းချက်ကို ကျွန်ုပ်လည်း ဘုရားရှေ့မှာ သဘောတူပါသည်။ လက်ခံပါသည်။ ၅။ ယေရှုသုံးသော "Amen" ယေရှုက “Amen” ကို ဆုတောင်းချက်အဆုံးမှာ မသုံးဘဲ မိန့်တော်မူချက်ရဲ့ အမှန်တရားကို အလေးပေးဖော်ပြရန် အသုံးပြုထားတာပါ။ ဟေဗြဲဘာသာမှာသာ တိုက်ရိုက်သုံးထားပြီး မြန်မာဘာသာမှာ "ငါအမှန်အကန်ဆိုသည်ကား" လို့ ဘာသာပြန်ထားပါတယ်။ (ကျမ်းညွှန်း - ယောဟန် ၅:၂၄) ၆။ ဝိညာဥ်ရေးရာ "Amen" ထူးခြင်း “ဘုရားသခင်သည် သစ္စာရှိတော်မူသည်။ ကိုယ်တော်၏စကားတော်သည် အမှန်ဖြစ်သည်။ ကိုယ်တော်၏ကတိတော်များကို ယုံကြည်ပါသည်။ ကိုယ်တော်၏အလိုတော်ကို လက်ခံပါသည်။ ထိုအတိုင်း ဖြစ်ပါစေ။” Daily Strength For Today ယနေ့တွက် ဝိညာဥ်ခွန်အား #DailyStrength #နေ့စဥ်ခွန်အား #ခရစ်ယာန်ဆောင်းပါး #foryou #fyp

Daily Strength - နေ့စဉ်ခွန်အား
Daily Strength - နေ့စဉ်ခွန်အား
Open In TikTok:
Region: MM
Saturday 26 September 2026 12:02:39 GMT
11757
1268
13
118

Music

Download

Comments

sansankj4
San KJ :
Amen
2026-09-26 19:49:44
1
shwegyi6080
Hlaing :
Amen
2026-09-26 14:55:33
1
chitruth5
ပန်း ချစ်သူ :
Amen
2026-09-26 16:15:04
1
didijameshtoinawng
Di Di :
amen
2026-09-26 17:14:22
1
aye.lay2740
𝒜𝓎ℯ ℒ𝒶𝓎 2003 :
Amen🥰🥰🥰
2026-09-26 13:13:08
1
kyaw.kyaw.kyaw.ky884
Rajalay :
amen 🙏
2026-09-27 02:07:45
0
khin.thidar307
Khin Thidar :
Amen 🙏🙏🙏🙏
2026-09-27 03:26:14
0
ginsimon
GinSimon :
❤️❤️❤️
2026-09-27 03:00:38
0
To see more videos from user @dailystrengthms, please go to the Tikwm homepage.

Other Videos


About