@winwilftgyr: #အကာမျိုးကို ဘာကြောင့်ကြိုက်ကြတာလဲဆိုတာ? ————————————————————————- " အကာ " ဆိုတာလေး ကျွန်ုပ် သိသလောက်လေး ပေးပါရစေဗျာ။ မှတ်ချက်။ ကျွန်ုပ် အမြင်သက်သက်ပါ လွတ်လွတ်လပ်လပ် သဘောထား ကွဲလွဲနိုင်ပါတယ်။ အကာ ကို မပြောခင် လျှို ပဲ့တွေ အကြောင်း အရင် ပြောပါရစေ လျှိ ု ပဲ့ တွေမှာ သဘာဝ တရားရဲ့ ပြင်ပ လေဟာနယ် ထိတွေ့ မှူ့ တွေခံရပါတယ် ။ အဲ့ မှာ အရောင်တွေ ပြောင်းကုန်တယ် ကျွန်ုပ် သိသလောက် လျို ပဲ့တွေ မှာ အဖြူ ရောင် အမည်း ရောင် မြေမှန် အရောင် တွေ တွေ့ဖူးပါတယ်။ အဲ့လို လျို ပဲ့တွေ မှာ အဖြူ ရောင်သာလျှင် အသား ကောင်းတာများပါတယ်။ မှော်စီဇာ ဖက်က ကျောက်တွေမှာ အတွေ့ရများတယ် ။ တခြား မှော်တွေ မှာလည်း ရှိပါတယ် နည်းတယ်။ ကျောက်စိမ်းတုံး တခုက မြေကြီးထဲ မှာ နှစ်သန်းပေါင်းများစွာ နေရတာပါ။ အနာရှိရင် အနာအတိုင်း စိမ့်ဝင် ကုန်တာပါ။ ယမ်းတွေ စုစည်း ကျစ်လစ်တဲ့ ကျောက်တွေမှာ စိမ့်ဝင်နိုင်မှူ့ နည်းပါတယ်။ အကာ ကို ဆက်ပြောမယ် အဲ့လို ပြင်ပ သဘာဝ တရားရဲ့ ထိတွေ့ မှူ့ ကြောင့် ဓာတ်ပြု ခြင်းတွေ ဖြစ်ကြတယ် ။ ဥပမာ ... ခိ ပေါ့ ဖြတ်ခါစမှာ နည်းတယ် ကြာလာ များလာတာ ပါ။ အဲ့လို ပင်မ မြေကြီးထဲ နေတဲ့ ကျောက်က အပြင် ရောက်လာရင် ပြောင်းလည်းတာတွေဖြစ်ကုန်ပါတယ်။ မူလ ကိုက ကျောက်က ကောင်းနေရင်ကို အပြင်မှာ ချထားရင် အစိုဓာတ်ရှိနေတယ် မခြောက်ဖူး။ အကာ ဆိုတာ ကလည်း ယမ်း နဲ့ ကမ္ဘာ မြေကြီး တို့ရဲ့ ကြားက ဖြစ်ပေါ်လာတဲ့ တုန့်ပြန်ချက် တခုလို့ ယူဆပါတယ် ။ အကာ ပါ ရင် ကျောက် က ကောင်း တာများတယ် ။ အကာ ပါ ရင် အကောင်း ဖက်ကို အဖြစ်များတယ် ။ အကာ ကို ဘယ်လို သိနိုင်မလည်း ဆို ရင် လျို ပဲ့ အဖြူ ပါရင် အကာ ပါဖို့များတယ် အသား ကောင်းတယ် လျိုပဲ့ နေရာမှာ ဖြစ်ပေါ် နေတဲ့ အရောင်တွေ ကို ကျောက်အခေါ်မှာ ဝလုတက်တာ လို့ ခေါ်ကြတယ်။ အကာ ပါ ရင် ယမ်းတွေ က ကြည်လင်ပြီး သန့်နေတယ်။ အကာ ခံ နေရင် မီး ပေါက်အား ပြောင်းလဲတယ်။ မီး ပေါက်အား ကို ကြည့်တာ အတွေ့အကြုံ နဲ့ ဆိုင်ပါတယ် ။ လက်တွေ့ မို့ စာလို မရှင်းတတ်တာ နားလည်ပေးပါ ။ အကာ မှန် သမျှ အဖြူ ရောင်ပဲ ရှိပါတယ်။ ကျွန်ုပ် သိသမျှ အကာ ကို အတွေ့အကြုံ အတိုင်း မျှ ဝေ လိုက်ပါတယ်။ လိုအပ်ချက်တွေ ရှိရင် နားလည်ပေးပါ
ဝင်းစတား
Region: MM
Saturday 26 September 2026 13:55:28 GMT
Music
Download
Comments
မျိုးချစ် ဗမာသွေး :
2026-09-27 02:06:16
2
kayinlay637 :
🥰🥰🥰
2026-09-28 01:34:54
1
Zaw myo Oo :
[Like][Red heart][Red heart][Red heart]
2026-09-26 14:33:30
3
Naing KyawHtat Nkhnkh :
🥰🥰🥰
2026-09-28 03:20:48
1
winnaung :
😁😁😁
2026-09-26 15:23:33
1
Aung Aung jade :
🥰🥰🥰
2026-09-27 05:07:38
1
ဒိတ်ဒိတ်ကြဲ :
[Like][Like][Like]
2026-09-27 10:36:58
1
win win Thauk :
💚💚💚
2026-09-26 14:00:22
1
SoeWin111111111 :
🥰🥰🥰
2026-10-17 09:17:11
0
minkoko8267 :
🥰🥰🥰
2026-10-30 04:03:22
1
To see more videos from user @winwilftgyr, please go to the Tikwm
homepage.