@lynnlynnphyo21922: သူများဘဝရဲ့ ဒုက္ခကို သံဝေဂမရကြသေးတာပါ။ သူများငိုနေတာကို ကိုယ်က ကြည့်ပြီး သူ့ကံပဲ လို့ ပြောနိုင်သေးတယ်။ သူများဆုံးရှုံးနေတာကို ကိုယ်က အဝေးကနေကြည့်ပြီး ငါ့မှာတော့ မဖြစ်ပါဘူး လို့ စိတ်ထဲမှာ ထင်နေကြတယ်။ တစ်ချို့ကတော့ သူများဒုက္ခကိုမြင်ရင် ကူညီမယ့်အစား ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ကြတယ် သူများအခက်အခဲကို ကိုယ့်အတွက် အကျိုးရှိမရှိပဲ တွက်ချက်တတ်လာကြတယ်။ သူများဘဝပျက်နေတာကို ကိုယ့်ဘဝကောင်းနေသေးလို့ အဝေးကနေကြည့်ပြီး မဆိုင်သလို နေနိုင်ကြတယ်။ ဒါပေမယ့် လူရေ ဒုက္ခဆိုတာ သူများအိမ်မှာပဲ နေမယ့်အရာ မဟုတ်ဘူး။ အိုခြင်း၊ နာခြင်း၊ ဆုံးရှုံးခြင်း၊ ခွဲခွာခြင်း၊ ချစ်ရသူတွေကို လက်လွှတ်ရခြင်း၊ နောက်ဆုံး သေခြင်းဆိုတာတွေက တစ်နေ့နေ့မှာ ကိုယ့်အိမ်တံခါးကိုလည်း လာခေါက်မှာပါ။ ဒီနေ့ သူများအမေကို ဆေးရုံတင်နေရတာ ကိုယ့်အတွက် သတင်းတစ်ပုဒ်ပဲ ဖြစ်နိုင်တယ် ဒါပေမယ့် မနက်ဖြန်မှာ ကိုယ်က သူများအတွက် သတင်းတစ်ပုဒ် ဖြစ်သွားနိုင်တယ်။ ဒီနေ့ သူများငိုနေတာကို ကိုယ်က ကြည့်နေရုံနဲ့ ပြီးသွားပေမယ့် တစ်နေ့ ကိုယ်ငိုတဲ့အခါ ဘယ်သူက ကိုယ့်ဘေးမှာ ရှိမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ကိုယ့်အလှည့် မရောက်သေးလို့ မခံစားရသေးတာပဲရှိတယ် မရောက်တော့ဘူးလို့တော့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ဒါကြောင့် သူများဒုက္ခကို မြင်တဲ့အခါ သံဝေဂရပါ သူ့အဖြစ်ကိုကြည့်ပြီး ငါသာဆိုရင် လို့ တစ်ခါလောက် စဉ်းစားကြည့်ပါ။ သူများအပေါ် ကဲ့ရဲ့မယ့်အစား မေတ္တာထားပါ။ လှောင်ပြောင်မယ့်အစား နားလည်ပေးပါ။ အပြစ်တင်မယ့်အစား ကူညီပေးပါ။ ဘာလို့လဲဆိုတော့ သူများဘဝမှာ ဖြစ်နေတဲ့ဒုက္ခဟာ ကိုယ့်ဘဝမှာ မဖြစ်နိုင်ဘူးဆိုတဲ့ အာမခံချက် မဟုတ်လို့ပါ။ လူရေ ဘဝဆိုတာ ကိုယ်ထင်သလို အမြဲမဖြစ်ဘူး။ ဒီနေ့ ကိုယ်က ကြည့်နေသူ ဖြစ်နိုင်ပေမယ့် မနက်ဖြန် ကိုယ်က ခံစားနေရသူ ဖြစ်နိုင်ပါတယ်။ ဒီနေ့ သူ့အလှည့် မနက်ဖြန် ကိုယ့်အလှည့် ဖြစ်နိုင်ပါတယ်။ YanNaingsoe ( သံဝေဂစာပေ ) #creatorsearchinsights #photoposttrendideas #lynn #လူအချင်းချင်းလှည့်ပတ်ချင်းကင်းဝေးကြပါစေ #အထင်သေးခြင်းအချင်းချင်းကင်ရှင်းကြပါစေ🙏

ℓуии 👷‍♀️工程师
ℓуии 👷‍♀️工程师
Open In TikTok:
Region: MM
Saturday 26 September 2026 15:10:12 GMT
35881
3034
45
124

Music

Download

Comments

chanmyae0631
C.M.K :
crdနော်ညီမ
2026-09-28 02:53:06
1
baeyamin
Nang ShuMaNyee(亚明🤍) :
ပြနါတင်မယ်ရှင့်
2026-09-28 01:26:42
1
wintheingi79
Țĥeingi :
ပြန်တင်ပါရစေနော် 🥰🥰🥰
2026-09-28 01:37:51
1
khin.myo.paing34
Daw Khin Myo Paing🌺🌺 :
ပြန်တင်မယ်နော်🥰
2026-09-28 01:24:26
1
chitsu.kyawmin
Chitsu@pauksakwe :
တခါတလေဝဋ်လည်တာကြာလို့ကိုယ့်လုပ်ရင်မြန်သလိုသူများလုပ်ရင်ကြာသလိုကြီး
2026-09-27 18:09:24
1
khingphyuphyutun
𝓒𝓵𝓸𝓿𝓮𝓻🍀𝓚𝓱𝓲𝓷𝓰𝓟𝓟𝓗 :
စာသားလေး ကြိုက်လိုက်တာရှင် ပြောတက်လိုက်တာ စာသားလေးပေးပါရှင်
2026-09-27 11:55:24
3
mikhinlay816
K🐻H🐻I🐻N :
vdလေးပြန်တင်ပရစေ
2026-09-27 13:56:47
1
khinkha426
👑💜Khin👑💜 :
စာသားလေးချပါပေးပါမင်
2026-09-27 06:32:29
1
nweoo3354
NweOoPadauk :
copyယူပါရစေနော်
2026-09-27 10:12:01
1
7777eilay
🥰Shwe Ei🥰 :
copy လေးချပေးပ့လား🥰
2026-09-27 06:19:42
1
moh.theint3
💝Moh Theint💝 :
ပြန်တင်မယ်နော်ကြိုက် လွန်းလို့ခံစားချက်နဲ့တိုက်ဆိုင်ပြီးထိမိနေရော
2026-09-27 15:46:51
1
hhw2344
Hla Hla Win🍀🍀🍀 :
ဟူတ်ပါ့
2026-09-27 12:29:32
1
pukaye10
pukaye🥰 :
ပြန်တင်ပါရစေ🥰
2026-09-27 13:40:01
1
phoe.thar.cnt
🍀🍀🍀 :
🥰🥰🥰🥰🥰🥰အဟုတ်ဘဲ
2026-09-26 15:18:17
1
soelovephyu44
အိန်ဂျယ်လေးရဲ့မေမေ,,🍓💃💃💃 :
စာသားလေပြန်တင်ခွင့်ပြုပါရှင့်
2026-09-27 22:47:22
1
innolay2025
light :
🙏🙏🙏
2026-09-27 13:38:44
1
hnin.hnin2732
Hnin Hnin( ဘဲဥ/အာလူးသယ်လေးပါ ) :
🥰🥰🥰
2026-09-27 13:52:47
1
mae.sein4
Mae Sein :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-27 05:38:04
1
luckylady157
Lucky lady 🧙‍♀️ :
🍀
2026-09-26 17:28:49
1
31235192673
♥️Z@r Z@r❤️🍀 :
🥰🥰🥰
2026-09-26 18:23:37
1
pigg82911
Pigg :
👍👍👍👍👍👍🙏🙏🙏
2026-09-27 09:21:13
1
cherry.may52
Cherry May :
🌿🌺🌹
2026-09-26 15:55:13
1
phone.htet.myat1
Phone Htet Myat :
🥺🥺🥺
2026-09-28 02:46:09
0
To see more videos from user @lynnlynnphyo21922, please go to the Tikwm homepage.

Other Videos


About