@kh281021: #‼️ 115 ကိစ္စ ခယ်လ်ဒွန်းကြီး ပြောပြီ ❝ ကျွန်တော် ဒီကလပ်မှာ ရှိနေခဲ့တာ (၁၈) နှစ်တောင် ရှိခဲ့ပါပြီ။ အစ်တီဟတ်၊ ဝင်ဘလေ နဲ့ အစ္စတန်ဘူလ် ကွင်းတွေမှာ ခင်ဗျားတို့နဲ့အတူ ရပ်တည်ခွင့်ရခဲ့တာ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ အခွင့်ထူးတစ်ခုပါပဲ။ ဒီကလပ်ဟာ ကျွန်တော့်အတွက် အရမ်းအရေးပါသလို၊ စီးတီး ဟာ ခင်ဗျားတို့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကိုလည်း အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပါပြီ။ ဒါကြောင့်မို့လို့ ဒီစာကို ကျွန်တော် ရေးသားလိုက်ရတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကြောင့် ပရိသတ်တွေအနေနဲ့ မိတ်ဆွေတွေ၊ မိသားစုတွေရဲ့ မေးခွန်းတွေကို ဖြေရှင်းနေခဲ့ရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ ဒါပေမဲ့ ကျွန်တော့်မိသားစုကို ပြောခဲ့သလို ခင်ဗျားတို့ကိုလည်း ထပ်ပြောချင်ပါတယ်... "ပရီးမီးယားလိဂ်ရဲ့ စစ်ဆေးမှုလုပ်ငန်းစဉ်တွေ ပြီးဆုံးဖို့ အများကြီး ကျန်ပါသေးတယ်။ စီးတီး အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်ဖို့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေက ပြဿနာစဖြစ်တဲ့အချိန်တုန်းကလိုပဲ အခုချိန်ထိ ခိုင်မာနေဆဲပါ။" ကျွန်တော်တို့ ဘာလို့ ဒီလောက် ယုံကြည်မှုရှိနေရတာလဲဆိုတာကို ခင်ဗျားတို့ နားလည်အောင် အများကြီး ပြောပြချင်ပါတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရ တင်းကျပ်တဲ့ လျှို့ဝှက်ထားရမယ့် စည်းမျဉ်းတွေရှိနေလို့ အခုလောလောဆယ်မှာ ကျွန်တော် ဘာမှပြောခွင့်မရှိသေးပါဘူး။ အခု ပေးပို့လိုက်တဲ့ ဒီစာလေးကိုတောင် ဥပဒေနဲ့ ညီမညီ သေချာစစ်ဆေးပြီးမှ ရေးသားခဲ့ရတာပါ။ တချို့လူတွေက သူတို့ဘာသာ ကောက်ချက်တွေချပြီး ကောလာဟလတွေ အမျိုးမျိုးထွက်နေပေမဲ့ ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အတူတကွ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ဖူးပါတယ်။ စီးတီး ရဲ့ အရှိန်အဟုန်ကို ဖျက်ဆီးချင်နေတဲ့သူတွေ အများကြီးရှိနေဆဲပါ။ ဒါပေမဲ့ သူတို့ကို အဲဒီအခွင့်အရေး ကျွန်တော်တို့ လုံးဝ ပေးမှာမဟုတ်ပါဘူး။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စိတ်လှုပ်ရှားစရာ ပွဲစဉ်တွေ လာဖို့ရှိပါတယ်။ နောက်နှစ်ပတ်အကြာမှာ အန်ဖီးလ်ကို သွားရောက်ကစားရမှာဖြစ်သလို၊ ချန်ပီယံလိဂ်မှာလည်း PSG ကို အစ်တီဟတ်မှာ ဧည့်ခံကစားရပါမယ်။ ဒါတွေက စီးတီး မိသားစုရဲ့ ခိုင်မာတဲ့အင်အားကို အတူတကွ အောင်ပွဲခံရမယ့် အချိန်တွေပါပဲ။ အမြဲတမ်း အားပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ❞ ✍️ ခါဒွန်း အယ်လ် မူဘာရတ် (ဥက္ကဌ) (ဥက္ကဌ ခါဒွန်း က အောက်ပါ ကလပ်အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက် (၂) ခုကိုလည်း သေချာဖတ်ရှုပေးဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံထားပါတယ်) 📌 ၂၀၂၆ စက်တင်ဘာ (၂၅) ရက်နေ့ ထုတ်ပြန်ချက် ပရီးမီးယားလိဂ်ရဲ့ စစ်ဆေးမှုတွေက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အဓိကလုပ်ဆောင်ရမယ့်အပိုင်းတွေ အများကြီးကျန်ပါသေးတယ်။ လျှို့ဝှက်ထားရမယ့် စည်းမျဉ်းတွေလည်း ရှိပါတယ်။ ဒါကြောင့် စီးတီး ရဲ့ ရပ်တည်ချက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီတုန်းက ထုတ်ပြန်ခဲ့တဲ့အတိုင်း တစ်သဝေမတိမ်း မပြောင်းလဲပါဘူး။ ပရီးမီးယားလိဂ် ဘုတ်အဖွဲ့အနေနဲ့ ဘက်လိုက်မှုကင်းကင်းနဲ့ လွတ်လပ်ပြီး တရားမျှတစွာ ဆုံးဖြတ်ပေးမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စီးတီး ဟာ ၈ နှစ်တိုင်တိုင် ဥပဒေလုပ်ငန်းစဉ်တွေကို တလေးတစား လိုက်နာခဲ့ပါတယ်။ 📌 ၂၀၂၃ ဖေဖော်ဝါရီ ထုတ်ပြန်ချက် အသေးစိတ်ကျတဲ့ အထောက်အထားစာရွက်စာတမ်းတွေ အများကြီး ပေးထားလျက်နဲ့ အခုလို ပရီးမီးယားလိဂ်စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံရတဲ့အပေါ် စီးတီး အနေနဲ့ အလွန်ကို အံ့အားသင့်မိပါတယ်။ ကလပ်အနေနဲ့ ကျွန်တော်တို့ရဲ့ အပြစ်ကင်းစင်ကြောင်း ငြင်းဆန်လို့မရတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ အခိုင်အမာရှိနေတဲ့အတွက် လွတ်လပ်တဲ့ ကော်မရှင်တစ်ခုကနေ မျှမျှတတ စစ်ဆေးပေးမှာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒီကိစ္စကို အပြီးတိုင် ရှင်းလင်းသွားနိုင်ဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ 💙𝐌𝐀𝐍𝐂𝐇𝐄𝐒𝐓𝐄𝐑 𝐂𝐈𝐓𝐘💙

💙 K K 💙🇲🇲🇯🇵
💙 K K 💙🇲🇲🇯🇵
Open In TikTok:
Region: JP
Saturday 26 September 2026 15:10:22 GMT
48534
2586
162
32

Music

Download

Comments

yee.wai758
yee wai :
fighting. City🫶🩵
2026-09-26 17:00:39
1
paye.sone.family
Paye Sone Family :
for ever city
2026-09-26 17:13:53
1
sanay.moe30
JAYPEE🌠 :
အတုိတ်ခိုက်တွေကတော့ပေါ်လာပီ မပြိုလဲပါစေနဲ့ ကစားမားတွေလဲ အသင်းပေါ်သစ္စာရှိကြပါစေ အရင်လို ဆုဖလားတွေရယူပီ အီတီဟတ်ကွင်းမှာ အပြုံးတွေနဲ့မြင်ချင်ပါတယ်💙💙💙💙
2026-09-26 19:32:15
23
user005823348
bagyi :
စိပ်ကိုမ၀င်စားတာ ၁၉ သင်းလုံးကို အမြင့် ရောက်ရင် လေတိုက်မြဲပါ
2026-09-27 01:34:33
9
user441313717
BEN(ah phong) :
အောင်နေတော့မနာလိုကျပြိလေ ဒီနှစ်ရောဖလာစုံသိမ်းမယ်ဆိုတာယုံကြည်တယ်ဗျာ အကောင့းဆုံးဖြစ်လာမှာပါ💙💙
2026-09-26 17:39:03
7
sawpyae157
Sar Chouk Yope (SCY) :
good luck city 🥰🩵🩵
2026-09-26 18:07:53
3
user663575043
M.C.F.C :
I love city
2026-09-27 02:17:05
3
tiktok.comdenni
Liam Gabriel :
Formကောင်း နေရင် အမြဲတမ်းအဲ့လိုပဲ မနာလိုကြတဲ့သူများတယ် Forever City 🩵🩵🩵🩵🩵
2026-09-26 17:17:07
7
minmoethu21
minmoethu2tfd :
အပျော်တမ်းလိဒ်ထိဆင်းသွားလဲငါကတော့အားပေးမှာပဲ
2026-09-27 02:42:00
5
normal.one25
N 1 :
အားကစားလောကလိုသန့်ရှင်းစွာယှဥ်ပြိုင်ကစားကြရတဲ့နယ်ပယ်မှာ..မရိုးမသားလုပ် အောင်မြင်မှုရဖို့ကြိုးစားနေရင်..ရှက်စရာကောင်းပါတယ် အေစီ..ဂျူဗင်က သက်သေပဲ အဲဗာတန့်လည်း ပြစ်ဒဏ်ခံခဲ့ရတယ် မန်စီးတီးလည်း အနည်းနဲ့ အများ ပြစ်ဒဏ်ခံရမှ တရားမျှတမှာပါ
2026-09-27 01:53:20
2
win.htut.oo543
WinHtut :
Forever Manchester city🩵
2026-09-27 00:57:27
1
kyaw.thu.aung619
kyaw thu aung :
2026-09-27 03:08:09
2
aye.min.mon6
aye min mon :
:အပျော်တမ်းလိဒ်ထိဆင်းသွားလဲငါကတော့အားပေးမှာပဲဆိုတဲ့သူတွေကိုပြောချင်တာကငါတို့ရခံ့တဲ့အောင်မြင်မှုတွေကတရားသလားဆိုတာပဲ အဲဗာတန်တို့ဖောရက်စ်တို့လက်စတာတို့ကိုလဲအားနာပါဦး
2026-09-27 05:45:19
1
kyaw.naing.gyi
Kyaw Naing Gyi🇲🇲🕺🇲🇾 :
ကိုတွေကအေးဆေးပါ သူတိုတွေသာပူလောင်နေကြတာ စီတီးဘယ်အဆင့်ရောက်ရောက် ထာဝရစီးတီးပါ🥰
2026-09-26 23:46:55
2
aungaung2744
aungaung2744 :
ဟိုတသင်းနဲ့တဦးတယောက်ကလွဲရင် အသင်းအားလုံးကို ငါမမုန်းပု🥰 အမှုအားလုံးကင်းလွတ်ပါစေ City 🥰 ဟာလန်းကြီးကလဲ ကစားပုံအလွန်သန့်တာ ဒီကောင်ကြီးကို မက်ဆီနီးနီးလောက်ကြိုက်ပါတယ်🥰
2026-09-27 06:00:18
2
la.mink56
La Mink :
တော်သေးတာပေါ့ဟယ် ရင်တွေပူနေရတာ
2026-09-27 01:24:03
1
user9242076300375
kyaw gyi :
ရွှေဘကရွှေဘပဲလေအေးဆေးပါပဲ
2026-09-27 01:37:22
1
13.4.2025.1
YarZarwin :
ဒါမှာ Cityကွ
2026-09-27 00:00:44
1
kini7758
Thet Paing :
အေဆေးပဲ
2026-09-26 17:40:31
1
kyawyekhing5
kyaw ye khang :
ဖိုက်တင်စီးတီး
2026-09-26 16:44:14
1
aung.zin.myo772
minkhant :
သေထိစီးတီးဘဲတို့ကတော ြ
2026-09-26 22:27:25
1
hein.ko.aung656
🇳🇱Saw Hein ko aung🇲🇾🇳🇱 :
2004ကစပြီ ဘယ်သူမ အာမပေခဲ့ဘူး ကိုတွေအာပေခဲ့တယ် ခုလဲ 2026အားပေနေတုန်ပဲ ရင်ထဲမာ ထာဝရ စီးတီးပဲ ဘာပဲ ဖြစ်နေ ဖစ်နေ 💙💙💙💙💙
2026-09-27 00:14:51
2
user594718325
Tik Toker :
တချို့အောင်မြင်မူတွေကငွေနဲဝယ်ထားတာပါငါဘောပွဲကြည့်လာတဲ=26=နှစ်တာတခုလုံးတချိုပွဲတွေကမရိုးရှင်းခဲ့ဘူးဆိုတာမင်းတို့သိပါတယ်အဒါငွေနဲ့ဖုန်းချင်လိုမရဘူး
2026-09-27 05:02:05
0
nhkum.tu.ja0
Nhkum Tu Ja :
city🩵🩵🩵
2026-09-26 16:38:46
1
ookokomg19
OoKoKoMg💀💀💀💀👽👽 :
💙💙💙💙
2026-09-26 16:42:38
1
To see more videos from user @kh281021, please go to the Tikwm homepage.

Other Videos


About