@itshaymarn7: #ကလေအဖေရောကလေးအဖေရော မေးနေကြလို့ ကလေးအဖေကရှိပါတယ် တရာဝင်ယူပြီးမှ ကလေးရထားတာပါ ဒါမဲ့ ကလေးမွေးပြီး3လလောက်မှာ ဖောက်ပြန်ခံလိုက်ရပါတယ် အပေါင်းသင်းတွေနဲ့ အမြဲသောက်စားမူးရူးပြီး အပျော်အပါးပဲစိတ်ပါနေခဲ့တာပေါ့ ဖောက်ပြန်တာစသိတဲ့နေ့ကတော့ ကမ္ဘာပျက်တဲ့နေ့ပါပဲ ဒါမဲ့ အကြိမ်ကြိမ်တောင်းပန်ပြီး နောက်မလုပ်တော့ပါဘူး အပေါင်းသင်းမမက်တော့ပါဘူး အပျော်ပါးမမက်တော့ပါဘူးလို့ ကတိတွေပေးခဲ့ပါတယ် ကိုယ့်မိဘတွေကလဲ ကလေးလေးလဲ ရှိတော့ မကွဲစေချင်ဘူးပေါ့ သူ အပြစ်လုပ်လို့ ကိုယ်က ကွဲမယ်လို့ပြောလို့တောင် ကလေးမျက်နှာရှိသေးတယ်ဆိုပြီး ကျမမိဘကသူ့ဘက်ကို ကာပြောပေးခဲ့ပါတယ် ဗိုက်ကြီးထဲက မိဘအိမ်ပြန်ပြီ ကိုယ့်မိဘပဲ ကိုယ့်ကိုပြုစု မွေးလာတော့လဲ သူ့မြေးလေးကို ပြုစု သူပင်ပန်းမှာဆိုးလို့သူ့တာဝန်တွေအကုန် ကိုယ့်မိဘပဲ အကုန်လုပ်ပေးခဲ့တာပါ သူကတော့ သူ့ဘက်မှာ လုပ်ချင်တိုင်းတွေလုပ် အပေါင်းသင်းတွေနဲ့ပျော်ပါးသောက်စားမူးရူးပြီး နောက်ဆုံးဖောက်ပြန်တဲ့အဆင့်ထိပါ ပါလာတာပေါ့ ဗီဇဆိုတာပြင်လို့မရဘူးဆိုတာသိလို့ ကွာမယ်ပြောရင်လဲ မကွာပေးပါဘူးလို့ပြောတယ်လိုင်းပေါ်မှာသာ ပုံတွေတင်ထားတာ အပြင်မှာတော့ဖြစ်ချင်တိုင်းကိုဖြစ်နေတာပေါ့ ဘယ်လောက်ပဲ ပြင်ပါမယ်ပြောပြော နောက်ဆုံးဒီပုံစံက ဒီပုံစံပါပဲ ဆက်ပေါင်းဖို့လဲ အတွေးမရှိတော့ပါဘူး ကလေးဖျားနေတာတောင် သိတာတောင် ဘယ်လိုဖြစ်တာလဲ ဘာဖြစ်တာလဲ ဘာညာတောင်မေးဖော်မရတဲ့ကောင်မျိုးပေါ့ # အေးဆေးကွာပေးပြီး အပေါင်းသင်းတွေနဲ့ပျော်ပျော်ကြီးနေလိုက်ပါ ငါနဲ့ငါသမီးကိုတော့ ထပ်လာမပက်သပ်ပါနဲ့နော် တောင်းဆိုပါတယ် #တဂယ်သည်းမခံနိုင်တော့လို့တင်ရတာပါ ဖောက်ပြန်ခံရတာတော့ ကလေးရက်100ပြည့်ထဲကပါ# တဂယ်သည်းမခံနိုင်တော့လို့ကိုယ့်အရှက်ကိုယ်ခွဲပြီးတင်လိုက်တာပါ ပတ်ဝန်းကျင်းကပြောမဲ့စကားတွေလဲတွေးထားပြီးသာပါ ဒါမဲ့ မိန်းမရော သမီးရောရှိတာတောင် အရှက်မရှိဖောက်ပြန်ပြီး အမြဲအပေါင်းသင်းမက်ပြီးသောက်စားမူးရူးပျော်ပါးနေတဲ့ကောင်မျိုးကိုတော့ ဆက်မပေါင်းနိုင်တော့လို့ပါ😅#
Hay Marn Wint Htet
Region: MM
Saturday 26 September 2026 16:15:26 GMT
Music
Download
Comments
idk. :
ကျနော်တာဝန်ယူလို့ရမလားဗျမြင်မြင်ချင်းကို့သားလေးတစ်ယောက်လိုခံစားမိလို့
2026-09-26 19:22:48
84
Aelia :
ကလေးစားရိတ်ရောပေးလားဟင်
2026-09-26 18:37:08
64
shy_hxna4 :
ယောကျာ်းတွေက တယောက်တမျိုး အဲ့လိုမျိုးတွေချည်းပဲလားနော် ကိုယ်လဲ သမီးလေးမွေးထားတာ ကိုယ်ဝန်နဲ့ကတည်းက အဆင်မပြေလို့ ခွဲနေကြတော့ ဖောက်ပြန်တယ် ကလေးမွေးပြီး တူ”နေတော့လဲ လူပျိုလိုပဲနေချင်တယ်လွပ်”လပ်” သူနေချင်တယ်ပေါ့ကွာမယ်ဆိုတော့လဲ သူကသဘောတူပြီး လူကြီးတွေက သဘောမတူကြဘူး ခုတော့ သည်းခံပြီးနေနေရတုန်းပါ ဘာပဲဖြစ်”အကောင်းဆုံးနေထိုင်ပါအမ ကလေးလေးအတွက်ပေါ့ 💞
2026-09-26 16:55:20
976
🤍白香果🤍 :
သူဒီလောက်လှတာတောင်ဖောက်ပြန်ခံရတာ ငါဆိုတော့မတွေးရဲစရာဘဲ😥😥
2026-09-27 00:12:34
219
Hsan Ei Thu (Nko Danuma)🧸 :
အခုခေတ်က အဲ့လိုယောကျာ်းတွေက ခပ်များ''ရယ် မိန်းကလေးတော်''များ''ကလည်း အခုလိုဘဲကြုံတွေ့နေရသလိုဘဲ💔ဖိုက်တင်း ပါနော် ကောင်မလေး💗 တကယ့်အလှလေး ချစ်စရာလေးကို ဘာမှ အားငယ်စရာ ဝမ်းနည်းစရာလည်း ဘာအကြောင်းမှမရှိပါဘူးနော် အခုလိုကြုံရတာကလည်း သူမကောင်းတာ ကိုယ်မကောင်းတာလည်းမဟုတ်ဘူးလေ👾
2026-09-26 17:01:26
387
Chen Jumei(NINIWIN) :
ကလေးမျက်နှာကြည့်ဆိုတဲ့စကားက တကယ်မထိရောက်ပါဘူးနော် မိဘမှာ သားသမီးကမိခင်နှင့်ပိုပြီး သွေးနီးတယ်လို့ ယူဆမိတယ် မိခင်ပျော်ရင် သားသမီးတွေပျော်ရပါတယ် အဓိက ကမိခင်ကစိတ်ဓာတ်မာရင် ဖခင်မရှိရင်တောင် ဒီကလေးက ငယ်ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါတယ် ကိုယ်လဲ broken family ကလာတာဘဲ ဒါမဲ့ မိဘတွေကွာပြီးနောက်မေမေက အရင်ကပိုပြီးသန်မာလာတယ် ပိုစိတ်ချမ်းသာပြီးလှလာတော့ ကိုယ်လဲမေမေကိုကြည့်ပြီး စိတ်ချမ်းသာလာရတယ် ဆင်းရဲလဲနေ့တ်ိုင်းစိတ်ချမ်းသာရတယ်🥰
2026-09-26 22:17:29
81
T💫 :
ဒို့ရွာမှာ မင်္ဂလာဆောင်တော့ ကိုယ်တွေအဖွဲ့ပန်းကမ်းရတာ အဲ့မှာမြင်မိတာ သေးသေးဖြူဖြူလေးနဲ့ အရမ်းချစ်ဖို့ ေကာင်းတယ် သူငယ်ချင်းတွေကိုတောင်ပြန်ပြောမိသေး အရမ်းချစ်ဖို့ကောင်းတာလို့ ခြေထောက်လေးတွေဆိုလည်း သေးသေးဖွေးဖွေးလေး ဖိနပ်ကတောင်ကြီးနေသေး ခုလိုချစ်စရာလေးရထားတာတောင် ဖောက်ပြန်ရက်တယ် သူ့အရင်ကတည်းကဗီဇက အဲ့လိုပဲ ညီမလေးနဲ့ရတော့ ကလေးလေးလည်းရတော့ ထပ်မဖြစ်လောက်ဘူးတောင်ထင်တာ စိတ်မကောင်းပါဘူး သားမိနှစ်ယောက်လုံးချစ်စရာလေးတွေကို
2026-09-26 16:53:01
54
🌍Pan lay🌻 :
မမရေ ချစ်တယ်နော်
မမရွေးချယ်မှုမှန်တယ်မမအနာဂတ်ပိုလှပီးဘေ ဘီလေးရောပဲ
2026-09-26 16:56:50
26
Luna🌙 :
အပျော်အပါးမက် ပေါင်းသင်းမက်ရုံနဲ့ ၄နှစ် သံယောဇဉ်ကို ဖျက်ချခဲြတာ စိတ်ပျက်လွန်းလို့ မဖောက်ပြန်ဘူးဆိုတာနဲ့ ဒါတွေလုပ်ခွင့်မရှိဘူးဆိုတာကို သိသွားအောင်ပါ
2026-09-27 00:09:24
18
🕊 :
ကျန်တော်ကြတော့အမေ ဖောက်ပြန်နေတာသိသွားတော့ အဖေနဲ့ထားခဲ့တယ် ကျန်တော့်ဆိုအမြဲအပြစ်မြင်တယ် အခုဆို၃နှစ်ကျော်ပိ အဖေကပါဖောက်ပြန်ချင်စိတ်တွေဝင်လာတယ် ဟူးးးး စိတ်ပျက်တယ် ဒါမဲ့ သိလိုက်ရတာကသူတို့ကိုအားကိုးလို့မရတော့ဘူးဆိုတာဘဲ အ့ကြောင့် အလုပ်လုပ်မယ် ပိုက်ဆံကိုသေလောက်အောင်ရှာပြီးညီလေးတွေဘဝကိုကောင်းအောင်ထားဖို့ကြိုးစားနေတယ် အမကွာသာကွာပလိုက်
2026-09-28 01:00:55
24
🍀 :
အမရယ်တကယ်လေးစားပါတယ်
အမတစ်ကိုယ်တည်းတောက်ပနိုင်တယ်ဆိုတာပြလိုက်ပါ အမသမီးလေးကရောသမီးလိမ္မာလေးဖြစ်မာပါ
2026-09-28 18:59:50
11
Michale Paing Paing🐉 :
ညီမတွေလို့တောင်ထင်ရပါသယ်
ချစ်စရာကောင်းချက်🙂↕️💕
2026-09-26 21:39:32
21
NineHtetAung 99 :
အဆင်ပြေတယ်ထင်နေတာ ညီမလေးရေ Fighting ဗျာ ဘာပဲ ဖြစ်ဖြစ် အဆင်ပြေပါစေ
2026-09-27 02:02:37
6
ဟာဇယ် :
ကွာရှင်းလိုက်တာ အကောင်းဆုံးဘဲ sis
ကလေး ရှေ့ရေးဆိုတာ အမေ့ မေတ္တာတစ်ခုတည်းနဲ့လဲ လုံလောက်ပါတယ်
2026-09-27 09:43:51
12
Naw May San :
မေမေရောကလေးရောချစ်စရာကောင်းလိုက်တာ 😘
2026-09-26 17:53:17
6
M🐬 :
မေမေရေ မီးမီးလေးနဲ့ ဘဝကိုအကောင်းဆုံးရှေ့ဆက်ပါနော် ဘယ်သူ့ကိုမှ ထပ်ပြီးမယုံလိုက်ပါနဲ့ ချစ်နေတုန်းသာ သဲသဲလှုပ်ကျတာ နောက်ပိုင်း အတိတ်ဆိုတာနဲ့ ကိုင်ပေါက်ကျတယ် မီးမီးလေးမွေးထားတော့ မီးမီးလေးတွက်ကြည့်ပြီး အတောက်ပဆုံးနဲ့ သန်မာတဲ့မေမေဖြစ်အောင်ကြိုးစားပါနော်🤍
2026-09-26 17:37:38
8
𓇼 :
မမရေဖိုက်တင်းပါ မမအနားမှာမမရဲ့ကလေးလေးကအားဖစ်စေမှာပါနော်😞💞
2026-09-26 17:20:13
5
Cho🩷 :
ဖိုက်တင်း🩷
2026-09-27 14:19:14
2
Thae Su Naing :
ညမဆို ကိုယ်ဝန်သုံးလကတည်းကပါ သူ့ကောင်မကိုမွန်ပြီးတော့ သူနဲ့ရတဲ့ကလေးကိုတောင် သူ့ကလေးမဟုတ်ပူးတဲ့လေ အဲ့ဒါကြောင့် ရှေ့နေနဲ့ကွာရှင်းလိုက်တာ နောက်မလုပ်တော့ပါပူးလို့အမျိုးမျိုးဂတိပေး ပေမဲ့ ဖောက်ပြန်တဲ့လူက တခါခွင့်လွှတ်ရင် နောက်တခါဖောက်ပြန်နေအုန်းမှာပဲ အာ့ကြောင့် အပြီးသတ်ကွာရှင်းလိုက်ပြီ🥺
2026-09-26 23:47:56
6
she_call_me_luu_gyi♉ :
ဖြစ်နိုင်ရင် ပြန်ပေါင်းလိုက်တာက အဆင်ပြေတယ် ကလေး ရဲ့ ရှေ့ရေးက ရှိသေးတယ် အဖေလုပ်တဲ့လူကလည်း ကြာရင်တော့ သူသားသမီး ဆီကိုပြန်လာချင်မှာပဲ maybe အကျင့်ပြန်ပြင်ခဲ့ရင်
2026-09-27 07:12:20
1
😬မောင်မြင့်😬 :
မီးမီးလေးဒီမယ်ဒီမယ်
မီးလေးဖေဖေက😘
2026-10-02 21:16:00
1
Moe Hay Man :
ဘ၀တူပဲမမ
2026-09-27 13:59:47
2
Wai Linn :
ဖိုက်တင်း
2026-09-27 07:42:02
2
Yoon lay :
ချစ်စရာ ချောချောလေး တောင်😞
2026-09-27 13:42:10
2
♒Marlia♒ :
အခုလက်ရှိ ရင်ဆိုင်နေရတဲ့ ကျွန်မရဲ့အဖစ်နဲ့ တထပ်ထည်းတူနေတယ် အစ်မရယ်
စိတ်မကောင်းလိုက်တာ 😮💨 🥺
2026-09-27 13:42:21
1
To see more videos from user @itshaymarn7, please go to the Tikwm
homepage.