@hhhoney5.18: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ (01-10-2026) တွင် စတင်အာဏာတည်မည့် အလုပ်သမားထောက်ပံ့ရေးရန်ပုံငွေ (Employee Welfare Fund) (กองทุนสงเคราะห์ลูกจ้าง)မှ စုဆောင်းငွေနှင့် ထည့်ဝင်ငွေများ ကောက်ခံမှုပမာဏများ အကြောင်းကိုဖော်ပြပေးမည်ဖြစ်ပါသည်။ ဝန်ကြီးဌာန၏ စည်မျဉ်းသတ်မှတ်ချက်များ ၁။ ငွေကောက်ခံမည့်နှုန်းထားများ ✅️ပထမအဆင့် လစာ၏၀.၂၅%အား ၂၀၂၆၊ အောက်တိုဘာ ၁ ရက် မှ ၂၀၃၁၊ စက်တင်ဘာ ၃၀ ရက်အထိဖြစ်သည်။ ဖြတ်တောက်ပုံမှာ .... အလုပ်သမားစုဆောင်းငွေ- လုပ်ခလစာ၏ ၀.၂၅% အလုပ်ရှင်ထည့်ဝင်ငွေ- လုပ်ခလစာ၏ ၀.၂၅% အလုပ်သမားတစ်ဦး၏ လစာသည် ၁၅,၀၀၀ ဘတ် ဖြစ်ပါက တွက်ချက်ပုံ: 10,000 × 0.0025 = 25 ဘတ် ဖြတ်တောက်မည့်ပမာဏ: တစ်လလျှင် 25 ဘတ် (မှတ်ချက် - အလုပ်ရှင်သည်လည်း အလုပ်သမားအတွက် နောက်ထပ် 25ဘတ်ကို ရန်ပုံငွေထဲသို့ ထည့်ဝင်ပေးရပါမည်။) ✅️ဒုတိယအဆင့်မှာ လစာ၏ ၀.၅ ရာခိုင်နှုံးအား၂၀၃၁၊ အောက်တိုဘာ ၁ ရက်နေ့မှစတင်မည်ဖြစ်သည်။ ဖြတ်တောက်ပုံမှာ ... အလုပ်သမားစုဆောင်းငွေ- လုပ်ခလစာ၏ ၀.၅% အလုပ်ရှင်ထည့်ဝင်ငွေ- လုပ်ခလစာ၏ ၀.၅% ဒုတိယအဆင့် (၂၀၃၁၊ အောက်တိုဘာ ၁ ရက်နေ့မှစ၍) ဤကာလတွင် စုဆောင်းငွေနှုန်းထား ၀.၅% သို့ တိုးသွားပါမည်။ တွက်ချက်ပုံ: 15,000 × 0.005 = 75 ဘတ် ဖြတ်တောက်မည့်ပမာဏ: တစ်လလျှင် ၇၅ ဘတ် (မှတ်ချက် - အလုပ်ရှင်သည်လည်း အလုပ်သမားအတွက် နောက်ထပ် ၇၅ ဘတ်ကို ရန်ပုံငွေထဲသို့ ထည့်ဝင်ပေးရပါမည်။) ဤဖြတ်ငွေသည် လူမှုဖူလှုံရေး ပရကန်စမ်ခုမ်ရန်ပုံငွေမျိုးမဟုတ်ပဲ အလုပ်သမားများ မတော်တဆ အလုပ်မှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် သေဆုံးခြင်းတို့အတွက် ထောက်ပံ့မှုပေးမည့် စုဆောင်းငွေဖြစ်သည်🥰#ဟန်နီ #ထိုင်းရောက်မြန်မာများအတွက် #မြန်မာ #ထိုင်းရောက်မြန်မာများ @💜HONEY💜 @💜HONEY💜
💜HONEY💜
Region: TH
Sunday 27 September 2026 03:12:54 GMT
Music
Download
Comments
မိုးကောင်းကင် :
ဖျတ်တာအရမ်းလွယ်သလောက်ပြန်ထုပ်ဘို့ဆိုစာရွက်စာတန်းထောက်ခံစာအဆင့်ဆင့်ယူရပါတယ်
မရလိုဆုံးရှူံးသွားတဲ့သူတေံဒနဲဒေ
အရိုးသားဆုံးလိမ်လဲမှု့ကြီးနောက်တခုပေါ့
2026-09-27 09:57:24
73
လုံးဝရည်းစားမထားပါ :
အလုပ်ထွက်ရင်ဘယ်သူ့ဆီမှာသွားယူရမှလဲ
တစ်ခါတည်းထည့်ပြောပြပါ
2026-09-27 05:04:05
17
NOVA Creator :
ပြန်ထုတ်လို့တော့ မရပါကြောင်း 100% ပြောနိုင်ပါတယ်
2026-09-27 05:18:06
24
MC 7 :
တကယ်ပြောရရင် ထိုင်းအစိုးရ ရှာပေါက်တွေပါ ပကန်စံခွန်ကျေးတွေတောင် လိမ်ပီးငွေစရင်းမပြနိုင်လို့ အတိုက်ခံပါတီအဖြေရှာခိုင်းနေတာ လောလောဆယ်ပကန်စံခွန်ငွေတောင် လူတိုင်းပြန်မထုတ်ပေးနိုင်ကြဘူး
2026-09-27 04:13:14
33
Kozim Kozim :
အလကားကါပကံစံကွန်းတောငိမနဲပြန်တောင်နေရတာ
2026-09-27 04:36:44
11
❁ུ۪ᵀʰᵃᵉ ᵀʰᵃᵉᥫ᭡^᪲᪲᪲🧸🌷 :
တို့စက်ရုံမှာတော့ တစ်လ 120တဲ့
2026-09-27 04:17:18
4
𝓣𝓱𝓪𝓮 𝓩𝓪𝔀 :
ကိုတွေရုံတော့ဖျက်တော့မယ်
2026-09-27 19:57:02
1
Moth (ပိုးဖလံ) :
2026-09-27 05:46:10
1
ကြိုးခြောက်ချောင်းရဲ့ပုံပြင် :
(2013/2015)oန်ကျင်တုန်းကတစ်ခါ ဖြတ်ပြီး သွားပြီ တစ်ယောက် (1000) နှုံး အဲဒါလည်း ပျောက်..😂😂😂😂
2026-09-27 05:18:46
4
လူကြီး😉😉 :
အဲ့တာဆိုအမလုပ်ပေမှာလား
ဟုတ်လား
2026-09-27 13:20:32
0
Min Min 🇹🇭 :
ကြေးညာထားပီပီမမ
1000ကိုယ် 25ဘတ် ဖျတ်မှမဟုပ်ဘူလား
2026-09-27 03:47:46
0
Thet Paing Oo 🇲🇲 🇹🇭 :
လှူတယ်လို့သာသဘောထားပေးလိုက် သူတို့ဆီရောက်သွားရင် ကြက်သောက်တဲ့ရေလိုဘဲ အလုပ်သမားတွေကို လစာတိုးပေးဖို့ဆို တွန့်နေတာ ဖျတ်ဖို့ဆိုရင်လက်မြန်တယ်
2026-09-27 06:03:01
9
BURMSE ၈/ပမန(နိုင်)အညာသား 🇲🇲 :
ရည်ညွန်းကကောင်းတယ် နောက်ကျပြန်ထုပ်ဖို့က ထောက်ထောက်ခံခံလိုက်လုပ်ပေးမယ့် အဖွဲ့အစည်းမရှိရင်အလုပ်သမားတွေနစ်နာပါတယ် ပကန်ရှိရက်နဲ့ ပြန်မရကြဘူး အလုပ်သမားတွေကလဲ မိမိဟာမိမိမသွားတတ်မလာတတ်ကြဘူး အားကိုးရမဲ့အဖွဲ့မရှိရင် အဲပိုက်ဆံက ဆုံးရှုံးရတာပါပဲ
2026-09-27 04:41:59
12
aungmyatmoe222 :
တွေ့လိုက်တယ် နော်🥰☘️
2026-09-27 12:10:25
0
Myat Thu🖋 {🇲🇲🇹🇭} :
😎😎
2026-09-27 09:26:29
1
Daisy♌💚 :
အမရေ အဆက်လေးပြန်တင်ပေးပါ အတိကျသိချင်လို့ပါ
2026-09-27 05:10:23
0
Zin Thu Aye :
ညီမတို့ရုံကသူဌေးကတော့သူ့လက်ထဲရောက်ပီးသွားပိုက်ဆံဘယ်တော့မှပြန်မရဘူး
သူဌေးကိုထပ်လုပ်ကျွေးရပြန်အုံးမယ်😥
2026-09-27 07:43:44
3
🇲🇲🇲🇲🇲🇲ပဲခူးသူေလး🇹🇭🇹🇭 :
credit ပေးပါတယ်မမဟန်နီ ကူးယူ တင်ခွင့် ပေးပါ🥰🥰
2026-09-27 06:24:10
0
win :
အလကားပကန်စခွန်ဘိုးတောင်သေမှပြန်ရတာအလုပ်ထွက်ပီးကိုယ့်နိုင်ငံကိုအပီးပြန်တာတောင်တပြားမှပြန်မရဘူးထိုင်းအစိုးရကအလကားအချောင်စားနေတာ
2026-09-27 08:45:53
2
losoe :
သူတို့ဘက်က သတင်းပေးပီး.တန်းဖြက်တောက်ပီး ကိုယ်တွေအကျိုးခံစားခွင့်ကို.သွားတောင်းယူရင်.ဟိုကရစ် ဒီကရစ်.ဟိုအထောက်ထားယူခိုင်း ဒီအထောက်အထားယူခိုင်းနဲ့.တော်တော်နဲ့ပြန်မရဘူး..
2026-09-27 16:31:39
1
aung :
တော်
2026-09-27 04:18:17
0
💕𝓒𝓱𝓲𝓽𝓬𝓱𝓲𝓽 💕 :
တို့စက်ရုံဆို250တဲ့
2026-09-27 04:30:55
1
hein hein :
အလုပ် ထွက်တဲ့ အခါကျရင် ထိုင်းအစိုးရကရော အမှန်တကယ် ပြန်ပေးပါမလာ
အဲ့လိုမျိုးစနစ်က တခြားနိူင်ငံတွေမှာ 10 စုနှစ်ကျော်လောက်ကြာနေပါပြီး ကျင့်သုံးလာတာ
လုပ်သက် ခံစားခွင့်လို ခေါ်ပါတယ် အလုပ်သမားတစ်ယောက် လုပ်ငန်းမှာ 1 နှစ်ကျော်သွားရင် အလုပ်ထွက်ရင် ထုတ်ယူလို့ရပါတယ်
ထိုင်း အစိုးရကတော့ အမှန်တကယ် ပြန်ပေးမပေးပဲ စိုးရိမ်
2026-09-27 12:46:40
3
ဓနုမလေး🇺🇦🇹🇭🤍❤❤ :
သိပီးပါပီရှင့် စက်ရုံမှာလွန်ခဲ့တဲ့တလကပဲအစီးဝေးခေါ်ပြောလို့သိရပီးပါပီ🥰
2026-09-27 04:43:56
1
꧁🅼,🆃,🅰꧂ :
တချို့ရက်ပေါင်၅/၁၀ရက်တောင်အလုပ်ထွက်ရင်ပြန်မရတာကများနေတာ😌
2026-09-27 08:08:29
2
To see more videos from user @hhhoney5.18, please go to the Tikwm
homepage.