@nyo78893: ဗုဒ္ဓက ဟောထားတယ်… ပေးဆပ်စရာ ဝဋ်ကြွေးတွေ ကုန်သွားတဲ့အခါ လမ်းခွဲခြင်းနဲ့ ဝေးကွာခြင်းတွေက သူ့အလိုလို ဖြစ်သွားပါလိမ့်မယ်တဲ့။ ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ၊ ဘယ်လောက်ပဲ မခွဲချင်ခဲ့ကြပါစေ ဆက်နွယ်နေတဲ့ အကြောင်းတရားတွေ ကုန်ဆုံးသွားရင် လက်တွဲထားတဲ့လက်တွေက တစ်နေ့မှာ သူ့အလိုလို ပြေလျော့သွားတတ်ပါတယ်။ တချို့လူတွေက ဘဝထဲကို အတူတူလျှောက်ဖို့ ရောက်လာတာမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် သင်ခန်းစာပေးဖို့၊ ချစ်ခြင်းရဲ့ အဓိပ္ပါယ်ကို သိစေဖို့၊ နာကျင်မှုတွေကနေ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့စေဖို့ ခဏတာ ဝင်လာကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပိုင်ဆိုင်လိုက်ရတာကို အမြဲတမ်း အရှုံးလို့ မမြင်တော့ဘူး။ တချို့တွေ့ဆုံမှုတွေက ပိုင်ဆိုင်ဖို့ မဟုတ်ဘဲ ကျေးဇူးတင်ပြီး နှုတ်ဆက်ဖို့အတွက်ပါ။ ဝဋ်ကြွေးကုန်ရင် ဝေးကြရမှာပဲ… သံယောဇဉ်ကုန်ရင် လွှတ်ကြရမှာပဲ… ကျန်ခဲ့တာကတော့ အတူရှိခဲ့ဖူးတဲ့ အချိန်တွေကို အပြစ်မတင်ဘဲ တိတ်တိတ်လေး ကျေးဇူးတင်ရင်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားဖို့ပါပဲ။ 🍀crd
ညို 🤎
Region: SG
Sunday 27 September 2026 04:56:38 GMT
Music
Download
Comments
Pain to power :
ရေစက်ကုန်ရင်နေနိုင်သွားတာလက်တွေ့ပဲမကုန်သေးရင်သာ ခံစားနေရတာ ရေစက်ကုန်ရင် အေးချမ်းသွားတာ
2026-09-28 09:53:32
61
🤍Ei NanDar Bo🤍 :
@🤍Ei NanDar Bo🤍:ကျမ လဲ ဝဋ်ကြွေးတွေ အရမ်းကြေချင်နေပီ အရမ်းလဲ လူရော စိတ်ပါ ပန်ပင်းနေပါပီ ထက်ပီ မခံစားနိုင်တော့ဘူး ဒီဘဝ ဒီမျှ အမြန်ဆုံး ဝဋ်ကျွေးတွေ ကြေပါစေတော့ လမ်းခွဲချင်နေပီ😌😌😌
2026-09-27 16:51:49
24
N N :
မှန်လိုက်တာ 28နှစ်လုံးလုံးဝဋ်ကြွေးတေဆပ်ခဲ့ပီးပီးမို လက်ကျန်အချိန်တေကို အေးချမ်းမှုများနဲ့ ဘယ်သူ့ဘယ်သူ့မှ ကိုယ့်ကြောင့် အပူသောကမပေးဘဲ အေးချမ်းစွာဖြတ်သန်းနေပါတယ်။ တခါတခါတော့လည်း အထီးကျန်သလို ခံစားရပေမဲ့ ကိုယ့်ရဲ့စိတ်ကိုသတ်တဲ့သူနဲ့ရှိနေတဲ့ဒုတ်ခနဲ့စာရင် အထီးကျန်တဲ့ ခံစားချက်က ပါမွှားလေးပါ🥰
2026-09-28 12:39:43
19
user9759134558117 :
စာသားလေးချပေးပါလား
2026-09-27 09:29:47
11
Thantzim Thantzim :
အောင်မြင်ပါစေ ညီမလေး
ညိုဆိုသောအမည်နာမ ကလောင်အမည် အောင်မြင်ကျော်ကြားပါ
#TZ
2026-09-28 16:12:51
3
myo.gyi :
ဒီနေ့ လွတ်ချလိုက်ပီ...သူမနဲ့ဝေးရထိ...၂ ဖက်စလုံး ဝဋ်ကြွေးကုန်လို့ပါ...
2026-09-29 10:44:42
1
🥭𝕀ℕ𝔾𝕀ℕℕ🥭 :
ရေစက်ကုန် ြပီထင်ပါရဲ့
2026-09-30 01:14:40
2
P☃ :
ဝဋ်ကြွေးဆိုတာထက် ကိုယ်တိုင်ရွေးချယ်လိုက်တဲ့အမှားတခုပါပဲ လောကမှာအချစ်စစ်ကတကယ်ရှိပါတယ် လူရွေးမှန်ဖို့ပဲလိုတာပါ ရွေးမှားနေသရွေ့တော့ ဝဋ်ကြွေးတို့ ရေစက်ကုန်လို့ ပြောကြတာ သဘာဝပါပဲ
2026-09-28 20:48:20
3
溪溪(xixi) :
အမြန်ဆုံးခွဲခွါဖို့ကိုဆုတောင်းနေဖို့မလိုသလို မခွဲခွါပါရစေနဲ့လို့လဲဆုတောင်းယူလို့မရပါဘူး ခွဲခွါချိန်ရောက်လာရင် ငါဘာကြောင့်တန်ဖိုးမထားကောင်းအောင်မနေခဲ့ရလေခြင်းဆိုတဲ့ နောင်တမပါပဲခွဲခွါနိုင်အောင်ကြိုးစားရမှာပါပဲ❤️❤️❤️❤️❤️
2026-09-29 16:04:07
2
saung hnin pwint🍎 :
ပြန်ယူသုံးခွင့်ပြုပါရှင်
2026-09-28 14:45:22
2
khaing myat :
သိပ်မှန်တယ် လက်တွေ့ပါ
2026-09-28 14:07:14
1
M.M.T🐶 :
ဝဋ်ကြွေးတေကလဲ များလိုက်တာ တမျိုးပီး တမျိုး ….😔😢
2026-09-28 15:14:16
1
yannine :
လူစိတ်လေ ကိုတရားသဘောနဲ့ ဆင်ခြင်စေလိုသော
စကားလုံသည်က ခွဲချာစိတ်ဖျာ လိုပြောမကုန်အောင်ရှိသော စကား မှတ်ချက် ခေါးစဉ် ကသူ့အလိုလိုကိုရှိ နေတာတော့တာဘဲ မိမိသည်သာ မိမိဆင်ခြင်လေတော့ ချစ်သား😂😂😁😁😁😂😂😁
လျှောက်စနေတာပါစိတ်မဆိုးနဲ့ ညဘက်ဆိုကြောင်နေလို့😂😂😁😁😳
2026-09-28 15:32:39
2
@Khine Lave :
တစ်ကယ်မှန်တဲ့စာသားလေးပါ
2026-09-28 01:27:16
3
Sandar Phyo :
ဝေးရမှာမကြောက်ပ့ဝူး
နာကျင်ရမှာဘဲကြောက်တာ🙂
2026-09-28 15:09:05
1
☺️ Daw Ohn Mar Aung ☺️ :
ယုံချင်ယုံ မရုံချင်နေ တာအမှန်တရား☺️
2026-09-28 14:58:27
1
ROSIE 2🌹 :
ပုံလေးယူသုံးပါရစေ
2026-09-30 09:07:53
1
Ei Ei Jp :
မှန်တရားတခုပါ
2026-09-28 14:32:21
1
winmyinttt3 :
U Thumingala ဟောခဲ့ဖူးသလိုပဲတာဝန်တွေဘယ်ချိန်ပီးမလဲဆိုပီးချင်တဲ့အချိန်ပီးတာပဲပီးဖို့စိတ်အခြေနေတွေဖစ်လာတော့လဲဒီတိုင်းပဲလက်ခံပေးရမှာပါမိုးရွာချင်တော့လဲတိမ်ညိုတွေစွေတာပဲလာသာချင်တော့လဲအမှောင်တွေဖယ်တာပဲဒီတိုင်းပဲလက်ခံပေးတာအကောင်းဆုံးပါပဲကွာ
2026-09-30 14:28:23
1
🐼T🐼 :
ကုန်ပါတောဝဋ်ကျွေးတွေ့🥺🥺
2026-09-27 19:15:08
3
STD :
ဒါဆိုကုန်သွားပီထင်ပါရဲ့👍🏻
2026-09-28 14:00:13
2
Forever Account Not Found :
ဝဋ် ကြွေး တွေကုန်သွားလို့ မင်းထွက်သွားလေသလားကွယ်
ကိုယ်ကတော့ မင်းနဲ့ တွေ့ဆုံ ခဲ့တဲ့ အခိုက်အတန့်တွေက ဝဋ်ကြွေးဆိုရင်တောင် ကိုယ်မက်မောနေပါသေးတယ်
2026-09-27 15:55:39
2
E Kk :
ဒီတခါကွဲကွာခြင်းက နောက်ဆုံးဝဋ်ကြွေးဖြစ်ပါစေ
2026-09-27 08:23:54
3
နန်းထိပ်ထား🇨🇷🇲🇲❤️ :
စားသာလေးချပေးပါလား
2026-09-27 06:32:07
1
🥀❤️🩹ယမင်းသူဇာ💃💐 :
ဝဋ်ကြွေးကြီးလိုက်ပုံများခုထိဆပ်လို့မကုန်တေးဝူး🥀❤️😣
2026-09-27 05:07:36
1
To see more videos from user @nyo78893, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.