@yelwinoo8: မြန်မာနိုင်ငံတွင် ကမ္ဘာစစ်မီး လောင်ကျွမ်းသည့်အချိန်၌ ဆရာငြိမ်းသည် အမရပူရ၊ မန္တလေး ခင်မကန်တိုက်၊ မေမြို့၊ ကျောက်မဲ နမ့်ဟူးတောင်း၊ မင်းကွန်း သဲဖြူချောင်၊ စစ်ကိုင်းတောင်ရိုး စသည်ဖြင့် နေရာများစွာသို့ ပြောင်းရွှေ့ပြီး ကသီကရီနေခဲ့ရလေသည်။ ဆရာသည် အနုပညာသမားဖြစ်၍ အများနှင့်မတူ၊ အလွန်နူးညံ့သူဖြစ်လေရာ စစ်ကြီးလို ကြမ်းတမ်းခက်ရော်မှုမျိုးကို သူက ရင်မဆိုင်နိုင်ပေ။ ထို့ကြောင့် စစ်နှင့် ဝေးမည်ထင်ရာ၊ လွတ်မည်ထင်ရာများသို့ ရှောင်တိမ်းလေသည်။ စစ်ကိုင်းတောင်ရိုး၌ နေထိုင်ရစဉ် ဤ ရေချိုးဆိပ်သီချင်းကို ရေးစပ်သည်။ ဆရာငြိမ်းတို့မိသားစုသည် စစ်ကိုင်းတောင်ရိုး၌ တောင်ရိုး၏ မြောက်အစွန်ဆုံး ဝတ်ချက်ရွာ(ဝါးချက်ရွာ)၏ မြောက်ဘက် မင်းကျောင်းအထက်မှ မာဃချောင်တွင် ခိုအောင်းနေကြသည်။ ထိုစဉ် ဆရာ့သမီးအကြီး မတင်ကြည်သည် မြစ်ဆိပ်သို့ နေ့တိုင်း အဝတ်လျှော်ဆင်းရသည်။ သမီးကို ဆရာက အဖော်ပြု၍ ရေဆိပ်သို့ နေ့တိုင်း လိုက်ပို့ရသည်။ သို့ ပို့ရရင်းက တွေ့ရမြင်ရသည်များကို အ‌ခြေခံလျက် "ရေချိုးဆိပ်" ဟူသော သီချင်းလေးတပုဒ်ကို ဖန်ဆင်းထားခဲ့လေသည်။ ရေချိုးဆိပ်မှာ ကောင်မလေးတွေ ရေချိုးနေရာသို့ လူပျိုတွေ ရစ်ကြသဖြင့် ရေချိုးနေသည့် ကောင်မလေးအချင်းချင်း နောက်ကြပုံကို ရေးစပ်ထားခြင်းဖြစ်သည်။ သို့သော် ဆရာ့ရေချိုးဆိပ်မှာလှပသည့် ပန်းချီကားလေးတချပ်၊ ပီပြင်၍ ချစ်စဖွယ်ကောင်းလှသည့် အဖွဲ့လေးတခု ဖြစ်နေပါသည် သာယာသော စစ်ကိုင်းတောင်ရိုး ရေချိုးဆိပ်ကို "ကမ်းဆိပ်ရိပ်သာ၊ သီတာရေယဉ်၊ ဧရာခွေဝန်း၊ သောင်ထွန်းတဲ့ တဖက်ကျွန်းဆွယ်၊ ညနေချမ်းဆီ နေရီရီ၊ ရောင်ခြည်ဆွတ်ဖျန်း၊ ကမ္ဘာတဝှမ်း၊ အလှဆန်းကြယ်...။" ဟူ၍ ဖွဲ့လေသည်။ ပြီးမှ ဤနောက်ခံကားပေါ်တွင် "ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား၊ ပနံစားတယ်၊နုမျစ်ပျိုရွယ် ဖူးသစ်စလုံမယ်၊ ကိုယ်လက်သန့်ရှင်း ရေချိုးဆင်းရာဝယ်၊ ပျော်ပျော်မြူးမြူး ရေကူးလို့ အထူးကျန်းမာတယ်...။" ဟူ၍ မိန်းကလေးတွေ ရေဆိပ်တွင် ရေချိုးကြပုံကို အင်မတန် ယဉ်ကျေးသိမ်မွေ့စွာ ရေးလေသည်။ "နုမျစ်ပျိုရွယ် ဖူးသစ်စလုံမယ်၊ ကိုယ်လက်သန့်ရှင်း ရေချိုးဆင်းရာဝယ်" ဆိုသော မိန်းကလေးတွေ ရေချိုးကြခြင်းကို ဖွဲ့ပုံမှာ မန္တလေးသား ပီသသည့် အဖွဲ့ဖြစ်သည်။ ရေချိုးကြသည်ကိုပင် ယဉ်ကျေးအောင်၊ ချစ်စရာဖြစ်နေအောင် သူမို့ ရေးတတ်ပေသည်။ မြို့က စစ်ပြေးများနှင့် စည်ကားနေသည့် ထိုရေချိုးဆိပ်၌ ကာလသားတွေမှာ ကုန်းပေါ်မှနေ၍ ရေကသိုဏ်းရှုသလိုလိုနှင့် ကောင်မလေးတွေ ရေချိုးကြသည်ကို ကြည့်သူကကြည့်၊ ငှက်သမ္ဗန်နှင့် သလားရင်း နောက်ပိုးသူကပိုး၊ မလှမ်းမကမ်းတွင် ရေဆင်းချိုးသူကချိုး ဖြစ်နေသောကြောင့် ကောင်မလေးတွေ ရေချိုးရင်း ညည်းလူက တယ်ကြောင်ပါကလားဟု ပြောသူကပြောကြ၊ ရေချိုးနေတဲ့ ရင်အုပ်ကားကြီးနဲ့ ဟိုငနဲကို ယူရင်တော့ စစ်သားကောင်းအမေ ဧကန်ပဲဟု နောက်လိုနောက်၊ အဲ့ဟာကြီးတော့ ညည်းပဲယူပါတော့ဟု ပြန်ပက်လိုပက်နှင့် ဖြစ်နေကြရာမှ အဝတ်လျှော်နေသည့် အဖွားအိုသည် ဂျပန်ခေတ် ဆပ်ပြာအသုံးမကျပုံကို ဆဲသလိုလိုနှင့် ယောက်ျားစကားပြောနေသည့် ကောင်မလေးတွေကို နားကြားပြင်းကပ်၍ စောင်းဆဲပုံများကို "အိပွဲ့ အိပွဲ့ ငှက်သမ္ဗန် ခတ်သွားတယ်၊ ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်၊ တစုတဝေး လုံမငယ် ကျိတ်ပုန်းစားကြတယ်၊ ရေချိုးနေရင်းကွယ် လှောင်ပြုံးပြုံးကြတယ်၊ ကုန်းပေါ်က လူပျိုလေးရယ်၊ ဘာကိုငေးတယ် သိနိုင်ပြီဘူးကွယ်...။" "စစ်သားကောင်းတို့မိခင် တော်ချင်သူရယ်၊ ဟောဟိုလူ ရင်အုပ်ကား၊ ကြွက်သားအဖုဖု ထုထုပြီး ခရာချင်စရာငယ်၊ ထွားကြိုင်းတဲ့ ဗမာလူငယ်၊ တော်စမ်းဟယ် ကောင်မရယ်၊ ညည်းလင်ကြီးကို ညည်းဘာသာယူပေါ့တဲ့၊ မျက်စောင်းကလေးကချီ ရှုတော့ဖြင့် မတည်ရှာတယ်၊ အနားက အဖွားအို၊ အဝတ်လျှော်နေရင်းက ဆပ်ပြာကိုဆဲတော့၊ ဖောင်စွန်းတိုင်ပင် ရေတွေစင်ပါတယ်...။" ဟူ၍ ရေးဖွဲ့ထားလေသည်။ ဆရာငြိမ်း၏ ရေချိုးဆိပ်သည် တိုတိုကလေးနှင့် ပီပီပြင်ပြင် ပြည့်ပြည့်စုံစုံ၊ အလွန်ချစ်စရာကောင်းသည့် သီချင်းလေးတပုဒ် ဖြစ်‌လေသည်။ ရေချိုးဆိပ်အဖွဲ့မှာကား "ဗွေခန်းပြဿဒ်၊ လေသမ်းလို့ ဟပ်ပြန်တော့၊ ခေါင်ပုံရွက်ထီးဆီက၊ ညောင်ရွက်ကြီး တဝဲဝဲရမ်းပြီးတော့၊ ဆွဲလဲနှုတ်ခမ်း လှုပ်သံထင့်- နာခံစမ်း" ဆိုသော လေ​ပြည်မျိုးကဲ့သို့ ရေးဖွဲ့လိုသည့် တနေရာကို တိတိကျကျ ပေါ်ပေါ်လွင်လွင်နှင့် စေ့စုံစွာ ရေးဖွဲ့နိုင်သည့် အဖွဲ့မျိုးပါပေ။ #ရေချိုးဆိပ်_မြို့မငြိမ်း #ပြည်သူချစ်သောအနုပညာသည်များ_လူထုဒေါ်အမာ #မာမာအေး

Ye' Lwin Oo
Ye' Lwin Oo
Open In TikTok:
Region: TH
Sunday 27 September 2026 06:04:12 GMT
2055
139
6
7

Music

Download

Comments

minnigo2
LAYNYI :
Very best sing.I love myo. ma nyein.
2026-09-27 07:44:46
1
apple12469
Thitar Khaing :
Good
2026-09-27 12:16:24
0
aungkyawnaing249
Aknaing :
2026-09-27 11:00:20
0
u.maung.maung.lay7
U Maung Maung Lay :
ရသမြောက်တဲ့ရေးဖွဲ့ပုံ
2026-09-27 14:59:19
0
oonyowin109
tun :
မန်းလေး အလွမ်းပြေ
2026-09-27 14:16:33
0
kohtikegyikokogyi
Ko Htike Gyi Ko Ko Gyiအန်ကယ်လေ :
🤩🤩🤩
2026-09-27 14:10:32
0
To see more videos from user @yelwinoo8, please go to the Tikwm homepage.

Other Videos


About