@jj.9958: သိ - ပယ် - ဆိုက် - ပွား တရားတော် (ချမ်းမြေ့ဆရာတော်ကြီး ) #ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ (၂၄ ဇူလိုင် ၁၉၂၈ - ၁၉ စက်တင်ဘာ ၂၀၂၆) သည် ကမ္ဘာကျော် မြန်မာနိုင်ငံသား ထေရဝါဒ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာနာစရိယ ဆရာတော်တစ်ပါး ဖြစ်ပြီး မဟာစည်ဆရာတော်၏ ထင်ရှားသော တပည့်ရင်း တစ်ပါးလည်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံတကာသို့ပါ ထေရဝါဒ ဝိပဿနာတရားများကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောပြသခဲ့ကာ ထင်ရှားသည့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း ၈ ရက် (၁၉၂၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်) အင်္ဂါနေ့တွင် ခမည်းတော် ဦးဖြူမင်းနှင့် မယ်တော် ဒေါ်ရွှေရည်တို့က ဖွားမြင်ခဲ့သည်။ ဇာတိမှာ တောင်တွင်းကြီးမြို့၊ ပျဉ်းမရွာ ဖြစ်ပြီး ပျဉ်းမရွာရှိ အစိုးရမူလတန်းကျောင်း၌ စတုတ္ထတန်း အောင်မြင်ပြီးနောက် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်း၌ ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၃ဝ၉ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် တောရဟန်း ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈာယ် ပြု၍ တောင်တွင်းကြီးမြို့ ရွှေအင်းတောင် ဘုရား အတွင်းရှိ ခဏ္ဍသိမ်၌ ရဟန်း အဖြစ်သို့ ရောက်ရှိသည်။ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် စည်ရှင် ဆရာတော်ကြီးများ ထံ၌ ပရိယတ္တိ စာပေများကို သင်ကြားခဲ့သည်။ အစိုးရ သာသနဓဇသီရိပဝရဓမ္မာ စရိယ၊ မန္တလေး သကျသီဟပရိယတ္တိသာသနဟိတဓမ္မာစရိယ ဘွဲ့များ ရရှိခဲ့သည်။ လန်ဒန် စာမေးပွဲများ ကိုလည်း အောင်မြင် ခဲ့သည်။ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ်၌ စာချကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။ အာရှ၊ ဥရောပ၊ အမေရိကတိုက် နိုင်ငံပေါင်း (၂ဝ) ခန့်သို့ သာသနာပြု ခရီး အဖြစ် လှည့်လည် ကြွတော်မူခြင်း၊ ကလေးမြို့ ခရစ်ယာန် အသင်းတော်များ ကောင်စီ၏ ပင့်လျှောက်ချက် အရ ဟောကြားခဲ့ခြင်း၊ မန္တလေး ရတနာပုံ ရိပ်သာ၊ ရန်ကုန် မဟာစည် သာသနာ့ ရိပ်သာ၌ ပြည်တွင်း ပြည်ပ ယောဂီများအား တရားဓမ္မ ဟောပြော ပြသလျက် ရှိခြင်း စသော သာသနာပြု လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့၊ ၂၀၀၉ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တို့ကို ရရှိခဲ့သည်။ ချမ်းမြေ့ ဆရာတော် ရေးသားထုတ်ဝေခဲ့သော စာအုပ်များ ကံနှင့် တမလွန်ဘဝ - ၁၉၉၄ ခုနှစ် ချမ်းမြေ့ မင်္ဂလာ သင်စရာ - ၁၉၈၉ ခုနှစ် ချမ်းမြေ့ သာသနာတော် လျှောက်စာတမ်း - ၁၉၈၇ ခုနှစ် ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓသာသနာ - ၁၉၉၅ ခုနှစ် ဂုဏ်တော် ဘုရား ရှိခိုးနှင့် သိမှတ်ဖွယ်ရာ အထွေထွေ - ၁၉၄၄ ခုနှစ် ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော် - ၁၉၉၄ ခုနှစ် တတိယ အကြိမ် ဓမ္မခရီး - တက္ကသိုလ် ဓမ္မသဘင် - ၁၉၈၅ ခုနှစ် ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေး တရားတော်များ - ၁၉၉ဝ ပြည့်နှစ် ယောဂီသိဖွယ် အသွယ်သွယ် - လူငယ်သင် ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓဘာသာ လှူကထိန် သင်္ကန်းနှင့် မဂ်လမ်း - ၁၉၈၄ ခုနှစ် အနောက်တိုင်းမှ ဘဝ ပြဿနာ အသံလွှင့် တရားတော်များ Ordination Procedure and Some rules of Vinaya. Vipassana Meditation Vipassana Meditation Guilddiness ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ချမ်းမြေ့ရိပ်သာကျောင်း၏ ဦးစီးပဓာနာနနာယက ချမ်းမြေ့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ရှိ Grandhantha International Hospital ၌ ခန္ဓာဝန်ချ၍ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ထိုသို့ ပျံလွန်တော်မူချိန်တွင် ဆရာတော်ကြီးသည် သက်တော် ၉၉ နှစ်၊ ဝါတော် ၇၉ ဝါ ရှိပြီဖြစ်သည်။ ချမ်းမြေ့ဆရာတော်ကြီးဘဒ္ဒန္တဇနကာဘိဝံသ၏အန္တိမဈာပနအခမ်းအနားပူဇော်ကျင်းပမှုကို ကြည့်ရှု့ကာ သံဝေဂဉာဏ်ယှဉ်လျက် ဆရာတော်ကြီးဟောကြားခဲ့သည့် တရားတော်ကို နာယူမှတ်သား နှလုံးသွင်းတော်မူကြပါ။
Jeyatu Sabbamaṅgalaṃ
Region: MM
Sunday 27 September 2026 06:50:03 GMT
Music
Download
Comments
Par Hnin Su🎂🍟 :
@Par Hnin Su:ကြိုးစားပြီးဘုန်းဘုန်းဘုရားဟောခဲ့တဲ့တရားများစွာမှတ်သားနာယူပါမယ်အရှင်မြတ်ကြီးဘုရား၊သာဓု သာဓု သာဓုပါအရှင်ဘုရား၊ဘုန်းဘုန်းဘုရားချမ်းမြေ့တရားစာတွေမတင်ပါနဲ့ဝမ်းနည်းပူဆွေးလို့မပြီးသေးဘူးမြင်တာနဲ့နာထောင်တာနဲ့အလွန်လွန်ရင်ဝမ်းနည်းလို့ပါမတင်ပါနဲ့လို့၊ကိုယ့်အိမ်မှာပဲဖွင့်ပြီးတရားစာဆိုပါမတင်ပါနဲ့🙏🙏🙏🙏💔❤️🩹🤒😿🥲😢😭🥹🥴
2026-09-27 12:14:29
0
Sunny@1956 :
သာဓု သာဓု သာဓု ပါဘုရား
2026-09-27 07:04:46
0
poepoe :
🙏🙏🙏
2026-09-27 13:09:00
0
htet myat :
🙏🙏🙏
2026-09-27 13:55:04
0
To see more videos from user @jj.9958, please go to the Tikwm
homepage.