@nyein819: #ပန်းတောင်း ကပစ-၁၆ စစ်ဘက်သုံး ယမ်းပြင်းချက်အလုပ်ရုံ ထပ်မံပေါက်ကွဲ၊ ထိခိုက်သေဆုံးသူ အများအပြားရှိပြီး သတင်းဖုံးကွယ်ရန် ကြိုးပမ်းနေ ဧရာဝတီတိုင်းမ် စက်တင်ဘာ ၂၇ ရက် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ် မသုန်ဒေသအခြေစိုက် အမှတ် (၁၆) ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၁၆) အတွင်းရှိ စစ်ဘက်သုံး အလွန်ပြင်းအားကောင်းသည့် RDX ယမ်းပြင်းချက် အလုပ်ရုံတစ်ခု စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စက်ရုံတွင်း သတင်းရင်းမြစ်များထံမှသိရသည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် RDX (Research Department Explosive) မှာ လက်နက်ကြီး ကျည်များနှင့် ဖောက်ခွဲရေးပစ္စည်းများတွင် အဓိကထည့်သွင်းအသုံးပြုသည့် စစ်ဘက်သုံး အလွန်ပြင်း အားကောင်းသော ယမ်းပြင်းအမျိုးအစားဖြစ်ပြီး စက်ရုံအတွင်းရှိ RDX 1 Series အလုပ်ရုံတွင် ပိုက်လိုင်းဝရိန်ဆော်နေစဉ် အတွင်းရှိ လက်ကျန်ယမ်းမှုန့်များမှတစ်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စက်ရုံတွင်းသတင်းရင်းမြစ်ကဆိုသည်။ "RDX 1 Series အလုပ်ရုံမှာ ပိုက်လိုင်းဝရိန်ဆော်နေတုန်း အတွင်းမှာ ကျန်နေတဲ့ ယမ်းမှုန့်တွေကနေ ပေါက်ကွဲတာပါ။ ပညာသည် တပ်ကြပ်ကြီးတစ်ဦး မီးလောင်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးသွားပြီး သေဆုံးသူ ခြောက်ယောက်ရှိတယ်။ တခြားဒဏ်ရာရသူ လေး ဦး၊ စုစုပေါင်း ၁၁ ဦးလောက် ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကို ပြည်ဆေးရုံပို့ထားပြီး သတင်းမပေါက်ကြားအောင် အထက်က ပိတ်ပင်ထားပါတယ်"ဟုတပ်တွင်း သတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကိုပြောသည်။ ကပစ-၁၆ စက်ရုံသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည့် ပန်းတောင်း မြို့နယ် ညောင်ကျိုးဒေသသို့ လက်နက်ကြီးပစ်ကူပေးနေသည့် အဓိက ယမ်းထုတ်လုပ်ရေးစက်ရုံကြီး တစ်ရုံဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကလည်း WNA ခေါ် နိုက်ထရစ်အက်ဆစ်အခြေခံ ယမ်းအကူချက်လုပ်သည့် အလုပ်ရုံပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စစ်ဘက်ပညာရှင် တစ် ဦး သေဆုံးပြီး သုံး ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ စက်ရုံမှူး ဗိုလ်မှူးကြိး အောင်နေထွန်း တာဝန်ယူစဉ်အတွင်း ကပစ-၁၆ အတွင်း စစ်ဘက်သုံး ယမ်းချက်စက်ရုံ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း စက်ရုံတာဝန်ရှိသူများက အပြင်သို့ သတင်းမပေါက်ကြားစေရန် အစဉ်တစိုက် ဖုံးကွယ်ထားလေ့ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ် များ ထံမှသိရသည်။ ပုံစာ-ကပစ-၁၆ ။ #ပန်းတောင်း #ကပစ၁၆ #စစ်ဘက်သုံး #ယမ်းပြင်းချက်

✨ Chit,နှင်းဆီ,✨ဧရာဝတီ ✨
✨ Chit,နှင်းဆီ,✨ဧရာဝတီ ✨
Open In TikTok:
Region: MO
Sunday 27 September 2026 07:31:06 GMT
60265
939
19
177

Music

Download

Comments

user1752272544839
user1752272544839 :
မနက်ကပေါက်ကွဲသံတေကြားနေရတယ်
2026-09-27 11:58:11
7
aye.aye.may35
MalMadi :
💃💃💃အသံလေးကြားရင်မကရင်မနေနိင်❤️❤️
2026-09-27 11:30:43
10
nainglintun450
😶‍🌫️ñ🫥 :
အမကဘယ်ကဘယ်မှာနေတာလဲ
2026-09-30 01:42:18
1
daw.thi.thi50
Daw Thi Thi :
2026-09-27 11:57:07
6
noknok6822
မမဦး :
2026-09-27 13:14:58
3
noknok6822
မမဦး :
2026-09-27 13:15:23
4
daw.hlaing6658
May Oo Hlaing :
2026-09-29 14:27:24
1
thethmue46
KM Than :
2026-09-27 14:41:28
0
uuchitko41
👣👣Stranger man💔💔🖤🖤 :
2026-09-27 11:38:59
6
marry.khin05
Marry Khin :
2026-09-27 13:18:21
5
user945871426136
ချစ်လူမိုက် :
2026-09-27 10:05:05
8
ooku32
Oo Ku :
ပေါက်ကွဲတဲ့ပုံလေးတင်ပေးပါလား၊ခုကပုံအကောင်းကြီးဖြစ်နေတယ်၊
2026-09-27 23:43:12
2
mee.mee.lay028
mee mee lay :
2026-09-28 05:10:52
1
khinhninhtike8
Khin hnin htike :
♥️♥️♥️♥️♥️
2026-09-27 12:55:05
6
user14005262862055
လက် တွဲ ဖော် :
❤️❤️❤️❤️❤️❤️❤️
2026-09-27 13:38:37
3
phoo.thet.wai6
Daw Aye Aye Cho :
🥰🥰🥰
2026-09-27 14:30:45
2
To see more videos from user @nyein819, please go to the Tikwm homepage.

Other Videos


About