@dnay836: တခါတလေမှာ ထွက်ခွာခြင်းဆိုတာ လက်လျှော့လိုက်တာ မဟုတ်ပါဘူး။ တချို့အရာတွေမှာ နားလည်နိုင်သလောက် နားလည်ခဲ့တယ်။ ညှိယူနိုင်သလောက် ညှိယူခဲ့တယ်။ မဖြစ်နိုင်တော့တဲ့အရာတွေကိုတောင် ဒီဆက်ဆံရေးထဲမှာ ဖြစ်လာနိုင်မလားဆိုပြီး အချိန်တွေအများကြီး ပေးခဲ့တယ်။ ဒါပေမယ့် တချို့အရာတွေကတော့ ကိုယ်ဘက်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေ ဖြစ်နေတတ်တယ်။ အခြေအနေက မပြောင်းလဲဘဲ အရင်အတိုင်းပဲ ဆက်ရှိနေတဲ့အခါ… တချိန်မှာတော့ ဒီအတိုင်းဆက်နေမိရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီးဆုံးရှုံးသွားမလားဆိုတာ စဉ်းစားလာရတဲ့အခါတွေလည်း ရှိနိုင်မယ်။ အဲဒီလိုအချိန်မှာ ကိုယ်သေချာအချိန်ယူစဉ်းစား၊ ရွေးချယ်လိုက်ရတဲ့ ဆုံးဖြတ်ချက်တွေ၊ ဒါမှမဟုတ် ကိုယ်လက်ခံလိုက်ရတဲ့ လက်တွေ့တွေဟာ “ငါ မကြိုးစားခဲ့ဘူး” ဆိုတဲ့ နောင်တနဲ့ မဟုတ်ဘဲ “ငါ လုပ်နိုင်သလောက်တော့ တကယ်လုပ်ခဲ့ပြီးပြီ” ဆိုတဲ့ စိတ်လေးနဲ့ ဖြစ်လာတတ်ပါတယ်။ ပြီးတော့ အဲဒီစိတ်လေးကပဲ ရှေ့ဆက်မယ့်နေ့ရက်တွေမှာ နောင်တတွေနဲ့ နာကျင်မှုတွေထဲမှာ အမြဲတမ်း အတိတ်ကို ပြန်လှည့်ကြည့်နေမယ့်အစား ကိုယ့်ရှေ့ကလမ်းကို စိတ်အေးအေးနဲ့ ဆက်လျှောက်နိုင်ဖို့ အထောက်အကူဖြစ်စေတတ်ပါတယ်။ ကိုယ်တတ်နိုင်သမျှ အားကုန်ပေးပြီးသွားတဲ့အခါ တချို့သောထွက်ခွာခြင်းတွေရဲ့ နောက်ဆုံးမှာ ကိုယ်ပြန်ယူလာနိုင်တာက နောင်တမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ပါ…🌿🌱 #Crdစာသား #ကလော
dnay
Region: MM
Sunday 27 September 2026 11:05:43 GMT
Music
Download
Comments
Ei Shwe Zin :
ဒုတိယနဲ့တတိယပုံလေးလိုချင်လို့ပါရှင့်
2026-10-25 23:55:36
2
Nan Yu Yu(U.U💜) :
စာသားလေး crdနော်🤎
2026-10-28 14:49:47
1
lili :
အစကတည်းက မတွေ့ခဲ့ကြရင်ကောင်းမယ် နောက်ဆုံးကိုယ်ဘဲနာကျင်ရတေ 🥺🥺
2026-10-28 13:06:04
1
🥀 :
စာသားလေးပြန်ယူလိုရလာရှင့်🤗
2026-10-27 19:08:12
1
Hnin Myae Thu :
ပုံလေးလိုချင်လို့
2026-10-12 02:47:16
1
👑𝓢𝓱𝓲𝓷𝓲𝓷𝓰 𝓠𝓾𝓮𝓮𝓷𝓦♛ :
မျက်ရည်က ကျရပြန်ပြီ
2026-10-24 23:32:38
1
Kathryn Hanna 🪼 :
ကြည့်မိတိုင်း ငိုရသော🥴
2026-09-30 13:08:44
2
💞P🐭🐘 :
စာသားလေးပေးပါလား🥺😭
2026-09-28 05:04:52
1
Htun Naing Myint :
ကိုကသူ့အတွက်ပေးဆပ်သူပါ
2026-09-27 12:42:08
2
🍀EHPhyu🍀 :
ငိုမိပြန်
2026-09-27 16:26:42
1
W ♡ :
2026-10-06 08:33:11
1
moe :
ခံစားရအောင်လုပ်တယ်
2026-09-28 23:29:21
1
Ęï 💫🍀🦋 :
သူ joinပြီပေါ့ 🥺🥺🥺🥺
2026-09-27 12:15:04
1
Ah kaw🍂 :
ခံစားရအောင်လုပ်ပြန်ပီ🥺🥺
2026-09-27 11:25:21
1
Tr.Nandar🌼 :
ဟူးခက်ပီ
2026-09-28 03:02:05
1
🍓Zue🍓 :
2026-09-27 11:10:40
1
11:11 :
2026-09-27 11:19:41
1
Su Htwe :
ဘာမှ စိတ်အေးမနေနဲ့
အချိန်တန် ပြတ်မှာပဲ[Snicker][Snicker]
2026-09-28 14:45:54
1
Śĥwë Śĥwë :
😁😁😁
2026-09-29 13:44:13
1
Scorpio 🦂 Seng :
✅
2026-09-27 11:08:47
1
Especial Zin ♐️ :
🥴
2026-10-05 07:13:22
1
To see more videos from user @dnay836, please go to the Tikwm
homepage.