@achitsonelay324: သူတော်စင်ကြီး အိမ်နဲ့ ပြည့်တန်ဆာအိမ်က မျက်နှာချင်းဆိုင်.. အဲ့ဒီသူတော်စင်ကြီးက ပြည့်တန်ဆာမကို ဆုံးမချင်နေတော့ .... ပြည့်တန်ဆာမအိမ်ထဲ ယောက်ကျားတစ်ယောက် ဝင်သွားတိုင်း လုပ်လက်စအလုပ်ကို....ရပ်ပြီး သူ့အိမ်ရှေ့....ခဲတစ်လုံးချ မှတ် မှတ်ထားသတဲ့.. ကြာလာတော့လည်း ခဲပုံကြီးဖြစ်လာတာပေါ့။ နောက်.... ပြည့်တန်ဆာကို..ခေါ်ပြီး ခဲပုံကြီးကို..ပြပြီး ဟောပြောဆုံးမတော့သတဲ့။ ပြည့်တန်ဆာမကလည်း ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရကြောင်း ငိုယိုပြီး လျှောက်တင်ရှာတာပေါ့။ ဒီလိုနဲ့ ... တရက် မှာ အဲ့ဒီ သူတော်စင်ကြီလည်း..ပျံလွန်တော်မူ၊ ပြည့်တန်ဆာမလည်း..သေသွားရော ပြီးတော့...သူတော်စင်ကြီးက ငရဲကျသွားတယ်။ ပြည့်တန်ဆာမက ငရဲမကျဘူး.. ဘာဖြစ်သွားလည်းတော့ မသိဘူး။ ဒါကို... သူတော်စင်ကြီးက....မကျေနပ်တော့၊ သိကြားမင်းကိုမေးသတဲ့။ သိကြားမင်းက..... သင်က ကိုယ့်အလုပ်.. ကိုယ်မလုပ်ပဲ သူများကိုပဲ..ကြည့်နေပြီး အပြစ်ပဲ မြင်နေတာကိုးလို့ ပြန်ဖြေသတဲ့။ ဦးသုခ ရဲ့ ရာမခရစ်သျှန ပုံပြင်ထဲက ဖတ်ဖူးတာလေး..မျှဝေတာပါ။ သူတပါးကိုဘဲကြည့်ပြီး အဘိဈ္ဇာပွား မနေကြနဲ့ ငရဲ ကျတတ်တယ်။ သူတပါးကို အပြစ်မြင်ခြင်း ကင်းဝေးကြပါစေ...#.မူရင်းစာရေးသားသူအားcrdပေးပါတယ်#fyppppppppppppppppppppppp
🤍Ni.Ni.Lwin.🤍
Region: TH
Sunday 27 September 2026 11:35:13 GMT
Music
Download
Comments
🇲🇲ŷê 🍃 łîññ 🍃 Ãûñg🇹🇭 :
ဒီတရားနဲ့ တူတဲ့ တရားတခု ရှိတယ် တံငါသူငယ်ချင်းနှစ်ယောက်တယောက်က တရားနာရင်းနဲ့ ငါ့သူငယ်ချင်းတော့ ငါမရှိတုန်း ငါ့ကွန်ချက်တွေ လိုက်ပြစ်ပြီး ငါးတွေ ရနေလောက်ပြီ လို့ တရားနာရင်း တွေးတယ် ကွန်ပြစ်နေတဲ့ သူငယ်ချင်း က ငါ့ကတော့ တရားမနာနိုင်ဘူး ငါ့ သူငယ်ချင်းက ကုသိုလ်လုပ်နေတာ သာဓု သုံးကြိမ်ခေါ် လိုက်တယ် တံငါ ရှာတဲ့ သူက နတ်ပြည်ရောက် တရားနာတဲ့ သူက ငရဲကျတယ်တဲ့
မနောစိတ်ကြောင့် ဒုက္ခ ရောက်တဲ့ သူတွေ အများကြီး ရှိတယ်
2026-09-28 04:06:20
4
𝓣𝓱𝓲 𝓗𝓪♥️ :
ဒီလောကကြီးကသိပ်ဆန်းကြယ်တယ်
[အပြစ်ကင်း]
2026-09-28 00:54:36
3
Ko Zaw :
စာသားလေးတဘောကြတယ်မှတ်လဲမှတ်သားလောက်ပါတယ်❤️❤️❤️❤️❤️❤️🥰🥰🥰
2026-09-28 12:06:11
1
🌹7/သားလေးU Ye Gyi🌹🇲🇲🌹🇹🇭 :
၀တီလေးပိန်သွားလိုက်တာဗျာ
ဂရုစိုက်နော
2026-09-27 12:40:08
1
🦁အမုန်းဘုရင်🦁 :
2026-09-28 00:57:41
1
🕊️ကျွန်တော်ချစ်သောမြကျေးတမာ🌿 :
🙏သာဓု🙏 သာဓု 🙏သာဓု 🙏ပါကွယ်အများကြီးဆင်ခြင်သွားပါ့မယ်ကွယ်☺️☺️☺️
2026-09-28 11:02:12
1
နန်းဦး :
ဟုပ်မယ်နော်စာသားလေးဖက်ကြည်တာအသိတရားတခုရလိုက်တယ်ကိုပြုသိကံကိုထံပြန်လာမြည်ဆိုတာပါပဲ့
2026-09-27 13:41:12
1
⚔⚔VENZAR⚔⚔(🤫) :
ဟုတ်တယ်ကွ အခုခေတ်လူတေက ဥပမာနဲ့ပုံပြင်တေနဲ့ပြောမှ နာလည်သလိုလိုရှိတာကွ လိုရင်းတိုရှင်းပြောရင်နားကိုမလည်ဘူး
2026-09-28 14:18:47
0
လူယုတ်မာ😊 :
တရားနာပီး အိပ်ပါမယ်
2026-09-27 14:16:27
1
sxwe Paing :
❤️❤️❤️❤️❤️❤️
2026-09-27 11:39:52
1
ညောင်လေးပင်သားလေး☺️☺️☺️☺️❤️💛 :
2026-09-28 04:21:10
1
kyaw Kyaw :
2026-09-27 12:58:35
1
yanNaing :
2026-09-27 13:16:11
1
Pyae Sone Aung :
မကောင်းတာလုပ်စားတဲ့သူကို မကောင်းကြောင်းတရားပြချင်လို့ ခဲနဲ့အမှတ်သားပြုတာဟာ မကောင်းတာကိုအာရုံပြုတာမဟုတ်ပဲ မကောင်းသော အလုပ်က ကောင်းသောအလုပ်ကို ကူးပြောင်းစေချင်သော ကောင်းသောစိတ်ကူးနှင့်လုပ်ရပ်သာဖြစ်သည်။ ထို့ကြောင့် ဤသို့ပြုလုပ်သောလုပ်ရပ်နှင့် စိတ်ကူးကြောင့် ငရဲရောက်သည်ဆိုခြင်းမှာ မမှန်နိုင်ပါ။ ကျွန်ုပ်ကြားသိဖူးသော ဥပမာတရပ်ရဇိသည်။ ဤသည်မှာ "တရံသောအခါက တံငါသည်သူငယ်နှစ်ဦးတို့သည် "ငါတို့သည် အကုသိုလ် များကြလေပြီ၊ ဘုရားရိပ်၌ကုသိုလ်ပြုကြအံ"ဟုဆိုကာ ဘုရားဟောကြားတော်မူသော တရားပွဲသို့ သွားဖို့အလိုငှာ ပြင်ဆင်ကြလေ၏။ သိုသော်လဲ တယောက်သူငယ်မှာ အကြောင်းအမျိုးမျိုးကြောင့် တရားပွဲသိုမလိုက်နိုင်ပဲ ငါးရှာဖို့အတွက်သာထွက်ခဲ့ရလေသည်။ သို့သော် ထိုသူငယ်သည် ငါးရှာဖွေရာ၌ အာရုံမရှိ တရားပွဲသို့သာ အာရုံရောက်နေလေသည်။ ထိုအချိန်၌ တရားပွဲသို့ရောက်ရှိနေသော သူငယ်မှာမူ တရားတော်၌အာရုံမရောက်နိုင်ပဲ သားငါးရှာဖို့သွားသော သူငယ်ဆီသို့သာအာရုံရောက်နေလေ၏။ ထိုသူငယ်သည် "ဒီအချိန် ဟိုကောင်တော့ငါးတွေအများကြီးရနေတော့မှာ" ဟုတွေးလို့သာနေလေ၏။ ငါးရှာရန်သွားသော သူငယ်မှာမူ "ဟိုကောင်တော့ တရားတွေရနေတော့မှာ"ဟူ၍သာ တွေးနေလေ၏။ ထိုသူနှစ်ယောက်တို့ သေလွန်လေပြီးသောအခါ တရားပွဲသို့သွားသော သူငယ်မှာမူ ငရဲသို့ကျလေသည်။ ငါးရှာရန်သွားသော သူငယ်မှာမူ နတ်ပြည်ရောက်လေသည်။ ဤသည်ကိုရှူပါ။ နှမပြောသောအကြောင်းရာနှင့် ဤအကြောင်းအရာကို နှိုင်းယှဉ်၍ရှူပါ။ မကောင်းမှုကို အာရုံရောက်ခြင်းနှင့် မကောင်းအရာကို ကောင်းသော အရာဖြစ်စေချင်သော ဆန္ဒသည် မတူပါ။ ပြည့်တဆာကို ကောငါးစေချင်သော စိတ်ကူးနှင့် ပြည့်တန်ဆာနှင့်ပျော်ပါးခြင်းဆန္ဒမတူပါ။ ထိုကြောင့်ငရဲသို့လားသည် ဆိုခြင်းမှာ မမှန်နိုင်ပါ။
2026-09-28 05:41:17
1
အညာသား🔐🔐🔐 :
2026-09-29 09:19:40
0
ကိုကို :
🥰🥰🥰
2026-09-27 20:31:43
1
နတ်မောက်နယ်သားလေး :
❤️❤️❤️
2026-09-28 01:57:55
1
Ko ko Gyi :
🥰🥰🥰
2026-09-27 13:34:03
1
#Ko HLAING TUN/14 :
🤗🤗🤗
2026-09-27 17:51:37
1
𝑡ℎ𝑒𝑖𝑛 𝑡ℎ𝑎𝑛 𝑘𝑦𝑤𝑒 :
💜💜💜
2026-09-27 13:35:56
1
Thet Naing Soe :
🥰🥰🥰
2026-09-27 14:26:18
1
NAY THU RAIN :
🥰🥰🥰
2026-09-27 15:06:50
1
U Thein Than Oo :
🥰🥰🥰
2026-09-27 12:41:05
1
သားကျော် :
🥰🥰🥰
2026-09-28 01:21:15
1
Thant Zaw Oo :
👍🥰🥰🥰🥰🥰🌹
2026-09-27 11:54:47
1
To see more videos from user @achitsonelay324, please go to the Tikwm
homepage.