@muathaethae23: #ထားဝယ်ဆိုတာ တောင်တွေဝိုင်းရံထားတဲ့ ဒေသတစ်ခုမို့လို့ မုန်တိုင်းဝင်ရင် ကမ်းရိုးတန်းနေ မိဘပြည်သူတချို့ လေဒဏ်မိုးဒဏ် ခံရတာရှိတတ်ကြတယ် ဒေသခံအချင်းချင်း အကူအညီပေးရင်း အဆင်ပြေသွားကြတယ်။ ရေကြီးမှုဆိုတာ နှစ်တိုင်းလိုလို အနည်းနဲ့အများရှိကြတယ် ဒေသခံအချင်းချင်း ကူညီရင်း အဆင်ပြေသွားကြတယ်။ သို့သော် မြေပြို ရေကြီး မုန်တိုင်း ၃ ခုဆုံလာတဲ့အခါ 1996 ခုနှစ် ရေကြီးမှုနဲ့ 1997 ခုနှစ် မြေပြို ရေကြီး မှုကို အခြေခံပြီးပြောပြရရင် တောင်ပြိုလို့ အိမ်တွေမြေအောက်ရောက်သလို တောင်ယာ လယ်မြေတွေပါ မြေအောက်ရောက်ပြီး လူသားတွေလည်း အလိုလျှောက် မြေအောက် ရောက်ကြရပါတယ်။ အခု အခြေအနေက တောင်ပြို ရွာပျက်အပြင် လမ်းတွေပါ ပိတ်ဆို့ပျက်စီးဆိုတော့ အစစအရာရာ ဘယ်ပေါင်းစုံရဲ့ သဘာဝ ဘေးဒဏ်ကို ခံနေရတယ်။ အချင်းချင်း အပြန်အလှန် အကူအညီပေးရတဲ့အားနဲ့ မနိူင်တော့တဲ့ အနေအထားမို့လို့ မြန်မာပြည်သူလူထုအား ပါဝင်ဖို့ အထူးလိုအပ်နေတာပါရှင်။ မေတ္တာအား စေတနာအား လူထုအား အားလုံး အားလုံး လိုအပ်နေပါတယ်ရှင်။ အကူအညီဆိုတဲ့နေရာမှာ လက်ရှိ စားဝတ်နေရေးကို ရေးပေါ် အကူအညီအနေဖြင့် ရေတို ဖြေရှင်းရတာမျိုးရှိသလို ပြန်လည်ထူထောင်ရေး အကူအညီလည်း လိုအပ်ပါတယ်ရှင်။ တော်ရုံနဲ့ မငိုတတ်တဲ့ တနင်္သာရီတိုင်းသားတွေ အခုတော့ အဘက်ဘက်က သောကတွေဝေနေရပါတယ်ရှင်။

MUA Thae Thae (ထားဝယ်မြို့) 💄
MUA Thae Thae (ထားဝယ်မြို့) 💄
Open In TikTok:
Region: UA
Sunday 27 September 2026 13:12:07 GMT
86799
3253
130
230

Music

Download

Comments

selenophilethejournal
Selenophile :
သီလစောင့်ထိန်းကြပါ သီလစောင့်ထိန်းကြပါနဲ့မန့်နေကြတာ မသိရင် အဲဒီကလူတွေကညသီလသမာဓိမရှိကြတဲ့အတိုင်းပဲ မန့်တဲ့သူတွေကကျ မသိရင် သီလသမာဓိနဲ့ပြည့်စုံနေကြတဲ့အတိုင်းပဲ အခုဖြစ်နေတာတွေက သဘာဝတရားကို မထိန်းသိမ်းဘဲ အဖက်ဖက်ကနေ ဖျက်ဆီးကြတာတွေရဲ့ အကျိုးဆက်ရလဒ်တွေချည်းပဲ သီလ၊ သမာဓိနဲ့မဆိုင်တာမဟုတ်ပေမဲ့ အလုံးစုံကို သီလသမာဓိအပေါ်ကို ပုံချလို့မရဘူး
2026-09-29 05:51:14
16
sanwin2501
San Win :
ဘုရားဘုရားကုန်ပါပီ
2026-09-29 14:56:21
0
khin.pann.hlaing
Khin Pann Hlaing Hmway :
ချက်ချင်းကြီးဆိုတော့ ရှောင်ရှားချိန်ဘယ်ရလိုက်ပါ့မလဲနော်။ သဘာဝဘေးက အရမ်းကြောက်ဖို့ကောင်းပါလား။ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးကြရရှာပြီ။ ဘက်ပေါင်းစုံက ဒုက္ခတွေကြီးလိုက်တဲ့ပြည်သူတွေရယ်။ ထားဝယ်ဒေသလေး အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ပါစေ။
2026-09-29 11:03:10
1
myatlaynway6
Myatlaynway :
သစ်တောတွေပြန်းတီးတော့သဘာဝဘေးသင့်ကြတာပါ သစ်ပင်စိုက်သူသာမရှိတာ...သဘာဝသစ်တောတွေနောင်ဆိုထိန်းသိမ်းနိုင်ကြပါစေဆုတောင်းပါတယ် ဖြစ်လာရင်ဘယ်သူမှမကယ်နိုင်ဘူး
2026-09-29 05:11:08
10
venkhem009900
🖋☸အရှင်ခေမာနန္ဒ☸🖋 :
သောကမိုးတွေနဲ့ ဒုက္ခပင်လယ်ပြင်မှ အမြန်ဆုံး ဘေးကင်းပါစေနော်....
2026-09-27 13:33:14
12
berry12266
berry12 :
စစ်ဒဏ်ကလည်း ထိထားသေးတယ် လောင်းလုံးရေ ရင်ထဲကိုမကောင်းဘူး
2026-09-29 05:51:56
4
nu.aye10
moeaye :
ထပ်တူဝမ်းနည်ပါတယ်လို့ဘဲပြောပါရစေ
2026-09-29 12:57:50
4
makhaing695
Ma khaing :
ဘေးကင်းကြပါစေ
2026-09-29 11:50:13
1
dawtinwin002
သမီးတို့မေမေ :
အဲဒီလောက်သတိပေးနေတာကိုကွယ်ဘာလို့သေကုန်တဲ့အထိဖြစ်ရတာလည်းစိတ်မကောင်းလိုက်တာအားလုံးပဲဘေးကင်းကြပါစေရှင်
2026-09-29 06:38:19
0
hlainghtayei3
EI HLAING🐬🎃🎃🎯🎯花木兰🌸🫵🫵 :
မြို့သစ် ၁ ဘက်ရော လူသေလား၊အမျိုးရှိလို့ပါ။ဖြေပေးပါ😳😳😳
2026-09-29 07:22:47
0
thein.mwe.oo8
Thein Mgwe Oo :
အမြန်ဆုံးအဆင်ပြေကြပါစေ[Heartwarming][Heartwarming][Heartwarming]
2026-09-29 06:24:11
2
user7246039287615
2345 :
ထာဝယ် မြို့ရွာ အားလုံး ပါတာလား
2026-09-29 07:58:42
0
nawjaelaymyawin
😘 :
ကထောင်းနီနဲ့ စစ်ပြဲရွာလွတ်လားရှင့်
2026-09-29 11:51:23
1
user5292334425233
DawMyintMyintYee@325 :
အမြန်ဆုံးဘေးကင်းကြပါစေ။[Pray][Pray][Pray]
2026-09-29 06:57:46
2
no128725
no :
ဘေးကင်းကြပါစေ တောပြုန်းတောင်ပြုန်းဆုိတော့ဘေးအန္တာရာယ်တွေကုိမကာကွယ်နူိင်ကြဘူး
2026-09-29 04:42:45
3
saw.salim66
Saw Salim :
တနင်သာရီတိုင်းကလူတွေကို မြန်မာပြည်ကလူတွေက ကူညီခြင်ကြတယ်ဗျ လေးသံလဲနားထောင်ညောင်သီးလဲစားသလိုဖြစ်နေတယ်ဗျား သတိဝိတိရလဲရှိကြပါ
2026-09-28 23:46:19
4
makninlay
makhinlay :
ဒီလိုမဖြစ်ခင်ရက်ကပို့စ်တစ်ခုမှာတွေ့တယ်မောင်းမကန်ကမ်းခြေမှာရေအနီရောင်တွေ့တယ်ဘာဖြစ်မလဲမသိဘူးဆိုပြီးတင်ထားတာ
2026-09-29 04:23:06
2
jue6135gjoraqmncxs
SuThandar :
လူတွေအကုန်ကိုယ်ကျင့်တရားသီလတွေပြန်ထိန်းမှဖြစ်တော့မယ်ကပ်ဆိုးတွေကဆက်တိုက်ခေါင်ကမလုံတော့ပိုဆိုးတယ်အားလုံးပြန်တည့်မတ်နိုင်ပါစေအကူညီတွေရကြပါစေ
2026-09-28 15:56:37
2
htayyi719
HtayYi :
အားလုံးပဲ့အသက်ဘေးမှကင်းဝေးကြပါစေရှင်😢😢
2026-09-27 14:57:26
1
kozaw.mdy..floral
KOZAW MDY. floral shop :
အမြန်ဆုံးဘေးကင်းပါစေ🙏🙏🙏🙏
2026-09-28 03:01:15
1
mama40304
MaMa :
ဟုတ်ပါတယ် အထက်ဖက်မှာရေကြီးတုန်းကရေဘေးအတွက်အလှူခံသလိုအခုလဲအလှူခံပေးကြပါရှင့် ဝိုင်းဝန်းကူညီမှ ရမှာပါ အကုန်လုံးကအခက်ခဲနဲ့မို့ အားလုံးဘေးရန်ကင်းကြပါစေရှင်🙏🙏🙏🙏🙏
2026-09-28 00:25:57
1
thway.thway753
Thway Thway :
စိတ်မကောင်းပါဘူးနော် fighting
2026-09-29 15:09:47
0
santhiri090
ThinMar430 :
စိတ်မကောင်းဖြစ်ရပါတယ်အသက်ဘေးမှကင်းဝေးကြပါစေ
2026-09-29 15:04:19
0
user1271290266963
Moe Thu :
စိတ်မကောင်းဘူး
2026-09-29 14:40:46
0
cho.lay2057
Cho Nwe Oo :
အားလုံးဘေးအန္တရာယ်ကင်းပါစေ🙏🙏🙏
2026-09-29 14:53:39
0
To see more videos from user @muathaethae23, please go to the Tikwm homepage.

Other Videos


About