@user6050028074781: မြို့ချစ်မီး ညမီးကျည် မီးပုံးပျံ လွှတ်တင်ပူဇော်မည့်အစီအစဥ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာဘုရားကြီး (ပြည်ချစ်ဘုရား)၌ ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ (၂၄.၁၁.၂၀၂၆) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ၂၀၂၆ တန်ဆောင်တိုင် အထိမ်းအမှတ် (၂၈) ကြိမ်မြောက် မသိုးသင်္ဃန်း ရက်ကန်းခတ်ပူဇော်ပွဲနှင့် ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ပွဲတွင် Green Challenge Association (G.C.A) အသင်းက မြို့ချစ်မီး ညမီးကျည် မီးပုံးပျံကြီးကိုလွှတ်တင်၍ တာဝတိံသာရှိ စူဠာမဏိဘုရားနှင့် မဟာအံ့ထူးကံသာ ပြည်ချစ်ဘုရားကြီးတို့အား ပူဇော်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ #မြို့ချစ်မီး မီးပုံးပျံကြီးနှင့် အတူ စိန်နားပန် မီးပုံးပျံများအား ဘုရားကြီး၏ မျက်နှာတော်မူရာ မြောက်ဘက်မုခ်ရှိ ယာဥ်ရပ်နားကွင်းအတွင်း တန်ဆောင်မုန်းလပြည့်နေ့ ညနေ (၆း၀၀) နာရီတွင် လွှတ်တင်ပူဇော်သွားမည် ဖြစ်ပါသည်။ #ဧည့်ခံဖျော်ဖြေရေးအစီအစဉ် အဖြစ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတွင် ယိမ်းအကအလှများ၊ ရှမ်းအိုးစည်အဖွဲ့များနှင့် တိုးနယားအကများဖြင့် ဧည့်ခံဖျော်ဖြေသွားပါမည်။ #GreenChallengeAssociation #မြို့ချစ်မီး #fypシ
🌱 အောင် မျိုး ပိုင် ♌
Region: MM
Sunday 27 September 2026 13:26:39 GMT
Music
Download
Comments
Hnin. T D H :
ညဘယ်ချိန်စမှာလဲရှင့်
2026-11-23 07:02:59
0
sansanwin_27 :
လာမယ်ဟေ့
2026-11-23 06:41:50
0
Cherry1989.30 :
မီးပုံးလွတ်တာကတညလုံးရှိတာလား
2026-11-23 04:50:46
0
🌱 အောင် မျိုး ပိုင် ♌ :
Green Challenge Association ၏
မြို့ချစ်မီး ညမီးကျည်မီးပုံးပျံ
အဖွဲ့ခေါင်းဆောင် - ဦးအောင်မျိုးပိုင်
ပညာရှင် - ဦးသိန်းထူး (တောင်ကြီး-ပအိုးဝ်ပေး)
ကိုယ်ထည် - မှိုင်းခံစက္ကူ
အမြင့် ၂၄ ပေ
ခေါင်အချင်း ၂၂ ပေ
ယမ်း ၃၀ ပိဿာ
ယမ်းခွေ ၈ ပေ ပတ်လည် အမြင့် ၆ ပေ
တန်ဖိုး ၃၀၀ သိန်းကျပ်
ပြင်ဦးလွင်မြို့၊
မဟာအံထူးကံသာဆုတောင်းပြည့်ဘုရား
မြောက်ဘက်ဥယျာဉ်ယာဉ်ရပ်နားကွင်း၌
၁၃၈၈ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်နေ့၊
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊
အင်္ဂါနေ့
ညနေ ၆း၃၀ နာရီ အချိန်တွင်
လွှတ်တင်ပူဇော်ပါမည်။
မြို့ချစ်မီးယိမ်းအကအဖွဲ့များ၏ အကအလှများ၊
အပျိုတော်ယိမ်း၊ ရှမ်းရိုးရာအကနှင့် ရှမ်းအိုးစည် တိုးနယား အက စသည်တို့ဖြင့် မြိုင်ဆိုင်စွာ ရှုစားကြရပါမည်။
#၂၀၂၆ပြင်ဦးလွင်တန်ဆောင်တိုင်
#Green_Challenge_Association
#မြို့ချစ်မီး
#ညမီးကျည်မီးပုံးပျံ
2026-11-10 18:13:22
7
Zwe Nyi :
ပွဲးဖြစ်လား
2026-11-14 12:35:06
0
ရွန်းနံ့သာ :
သွားကြည့်မယ်နော်
2026-11-19 23:44:53
1
soethu38955 :
လာအားပေးပိ ဆရာပိုင်
2026-11-20 15:45:34
1
♒ Aung Myo Paing ♌ :
2026-11-05 14:07:39
1
Toe gyi :
[Heartwarming][Heartwarming]
2026-11-21 02:27:48
1
saung🥰🌺🌻 :
🙏🙏🙏
2026-11-21 13:17:05
1
သူပျော်တာလေးဘဲတွေ့ချင်သူ :
🥰🥰🥰
2026-11-21 01:28:53
1
🍀Thi Dar🍀 :
[Like][Like][Like]
2026-09-29 03:47:38
1
Mayphoothantar :
🥰🥰🥰
2026-10-15 11:08:03
1
♒ Aung Myo Paing ♌ :
❤️❤️❤️
2026-09-27 13:37:07
1
🌱 အောင် မျိုး ပိုင် ♌ :
😘😘
2026-11-07 14:02:34
0
To see more videos from user @user6050028074781, please go to the Tikwm
homepage.