@thretired_4: #anosatrás

retired
retired
Open In TikTok:
Region: BR
Sunday 27 September 2026 14:33:15 GMT
226
9
6
2

Music

Download

Comments

hzfarmadordeaura
Hz___dlx7155 :
Ombrinho…. Humildeznt TREVAS!!
2026-09-27 18:54:08
1
morkzerakjkk
morkz :
relikia
2026-09-28 06:47:26
1
kexz.kk
kexz7 :
qiss bb
2026-09-27 14:35:18
1
To see more videos from user @thretired_4, please go to the Tikwm homepage.

Other Videos

ယနေ့ခေတ်မှာ လူတော်တော်များများရဲ့ ဘဝရည်မှန်းချက်က
ယနေ့ခေတ်မှာ လူတော်တော်များများရဲ့ ဘဝရည်မှန်းချက်က "ငွေများများရှာမယ်၊ အိမ်ဝယ်မယ်၊ ကားဝယ်မယ်၊ စီးပွားရေးကြီးအောင်လုပ်မယ်" ဆိုတာတွေ ဖြစ်လာပါတယ်။ ငွေရှာတာ မမှားပါဘူး။ စည်းစိမ်ဥစ္စာရှိတာလည်း မမှားပါဘူး။ ဒါပေမဲ့ ဥစ္စာက ကိုယ့်ကို အုပ်ချုပ်လာရင် ပြဿနာဖြစ်ပါတယ်။ တချို့လူတွေက ကိုယ်တိုင်လည်း မသုံးဘူး၊ မလှူဘူး၊ မျှဝေမပေးဘူး။ "နောက်အတွက်" ဆိုပြီး စုထားရင်း စုထားရင်း ဘဝပြီးသွားတယ်။ ဒီလိုလူတစ်ယောက်ရဲ့ ဘဝအဆုံးသတ်ကို မြတ်စွာဘုရားက အာနန္ဒာသူဌေးကြီးဝတ္ထု မှာ ဟောပြတော်မူခဲ့ပါတယ်။ သာဝတ္ထိပြည်မှာ ကုဋေ လေးဆယ်မျှ ချမ်းသာတဲ့ အာနန္ဒာသူဌေးကြီး ရှိတယ်။ ဒါပေမဲ့ သူ့မှာ အကြီးမားဆုံးချို့ယွင်းချက်တစ်ခု ရှိတယ်။ အလွန်နှမြောတယ်။ အလွန်ဝန်တိုတယ်။ လတစ်ဝက်တစ်ခါ သားကိုခေါ်ပြီး အမြဲဆုံးမတယ်။ "ဥစ္စာကို မပေးနဲ့၊ မလှူနဲ့၊ ရှိတာကို မကုန်စေနဲ့၊ အသစ်ထပ်စု။" ပျားတွေ ပျားရည်စုသလို၊ ပိုးရွတွေ တောင်ပို့ဆောက်သလို စုဖို့ပဲ သင်ပေးခဲ့တယ်။ ဒါပေမဲ့ သူ မသင်ပေးခဲ့တာက လှူရမယ့်အချိန် လှူဖို့၊ သုံးရမယ့်အချိန် သုံးဖို့၊ မျှဝေရမယ့်အချိန် မျှဝေဖို့ ပါပဲ။ #သေခါနီးအချိန် အာနန္ဒာသူဌေးကြီးဟာ ရွှေအိုးကြီး ငါးလုံးကိုတောင် သားကို မပြောခဲ့ဘူး။ "ငါ့ဥစ္စာ" ဆိုတဲ့စိတ်နဲ့ပဲ သေသွားခဲ့တယ်။ ဒါကြောင့် ကောင်းရာဘဝကို မရောက်ဘဲ ဒွန်းစဏ္ဍားမတစ်ယောက်ရဲ့ ဝမ်းမှာ ပြန်မွေးရတယ်။ မွေးလာတဲ့ဘဝကလည်း အလွန်ဆင်းရဲတယ်။ ရုပ်အဆင်းပျက်ယွင်းတယ်။ မိမိကိုယ်တိုင်အလှူဒါနမပြုခဲ့လျှင် ဤမျှလောက်ဖြစ်ဖွယ်မရှိ၊ ယခုတော့ သူတစ်ပါးတွေကိုပါ ဒါနမပြုဖို့တားမြစ်သည့်အတွက် ကံတရား၏ အကျိုးပေးမူကိုခံရလေပြီ။ ထမင်းတစ်နပ်တောင် ဝအောင်မစားရဘူး။ တောင်းစားရတဲ့ဘဝ ဖြစ်သွားတယ်။ တစ်နေ့တော့ ထမင်းတောင်းရင်း အရင်ဘဝက ကိုယ့်အိမ်ကို ပြန်ရောက်သွားတယ်။ ဇာတိဿရဉာဏ် ဖြစ်ပေါ်လာပြီး "ဒီအိမ်ဟာ ငါ့အိမ်ပဲ" လို့ သိသွားတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကိုမသိကြဘူး။ အိမ်ထဲဝင်လာတဲ့သူ့ကိုကြည့်ပြီး ကလေးတွေက ကြောက်လန့်ပြီး ငိုကြတယ်။ အလုပ်သမားတွေက "ဒီသူတောင်းစား ဘယ်ကလာတာလဲ" ဆိုပြီး ရိုက်နှက်ကန်ကျောက်ပြီး အမှိုက်ပုံထဲ ပစ်ထားလိုက်တယ်။ တစ်ချိန်က အိမ်ရှင်ကြီး... အခုတော့ ကိုယ့်အိမ်ထဲတောင် ဝင်ခွင့်မရတော့ဘူး။ ဒီမြင်ကွင်းဟာ ဘဝရဲ့ အနိစ္စကို အလွန်ထင်ရှားစေပါတယ်။ မြတ်စွာဘုရား ကြွလာတော်မူပြီးသားဖြစ်သူ မူလသိရိသူဌေးကို ခေါ်စေတယ်။ "ဒီသူကို သိသလား" လို့ မေးတော်မူတယ်။ "မသိပါဘုရား" လို့ လျှောက်တယ်။ မြတ်စွာဘုရားက "ဒီသူဟာ သင့်ရဲ့ဖခင် အာနန္ဒာသူဌေးကြီးပဲ" လို့ မိန့်တော်မူတယ်။ မယုံသေးတဲ့အတွက် ဖခင်သာ သိနိုင်တဲ့ ရွှေအိုးငါးလုံး ဖွက်ထားတဲ့နေရာကို ပြောခိုင်းလိုက်တယ်။ တကယ်မှန်နေတာကို မြင်တော့သားဖြစ်သူ မူလသိရိသူဌေးကြီးလည်း အလွန်ထိတ်လန့်ပြီး မြတ်စွာဘုရားကို ပိုမိုကြည်ညိုလာခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း အာနန္ဒာသူဌေးကြီးလို လူတွေ ရှိနေတုန်းပါပဲ။ ပိုက်ဆံရှိတယ်။ တိုက်တွေရှိတယ်။ မြေတွေရှိတယ်။ ဘဏ်အကောင့်တွေရှိတယ်။ ဒါပေမဲ့... မိဘကို မကျွေးဘူး။ သားသမီးကို အချိန်မပေးဘူး။ အလှူမလုပ်ဘူး။ ကုသိုလ်မပြုဘူး။ ကျန်းမာရေးတောင် ငွေကုန်မှာစိုးလို့ မစစ်ဘူး။ နောက်ဆုံးတော့.... ပိုက်ဆံတွေ ကျန်ခဲ့တယ်။ လူက ထွက်သွားရတယ်။ သေတဲ့အချိန်မှာ ATM ကတ်လည်း လိုက်မလာဘူး။ မြေကွက်တွေလည်း မလိုက်ဘူး။ ကားတွေလည်း မလိုက်ဘူး။ လိုက်လာတာက ကံကောင်းကံဆိုး၊ ကုသိုလ်၊ အကုသိုလ် ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက... ပုတ္တာ မတ္တိ ဓနမတ္ထိ၊ ဣတိ ဗာလော ဝိဟညတိ။ အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။ "ငါ့မှာ သားသမီးရှိတယ်၊ ငါ့မှာ ဥစ္စာရှိတယ်" လို့ စွဲလမ်းနေတဲ့သူဟာ စိတ်ဆင်းရဲရတယ်။ အမှန်တော့ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်ပိုင်မဟုတ်သေးရင် သားသမီးက ဘယ်လို ကိုယ်ပိုင်ဖြစ်မလဲ၊ ဥစ္စာက ဘယ်လို ကိုယ်ပိုင်ဖြစ်နိုင်မလဲ။ နိဂုံး အာနန္ဒာသူဌေးကြီးက စုတတ်တယ်။ ဒါပေမဲ့ မလှူတတ်ဘူး။ သိမ်းတတ်တယ်။ ဒါပေမဲ့ မျှဝေတတ်ဘူး။ နောက်ဆုံးမှာ စုထားသမျှ မသုံးလိုက်ရဘူး။ သိမ်းထားသမျှ မယူသွားနိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ဥစ္စာကို ရှာဖွေပါ၊ သို့သော် ဥစ္စာ၏ ကျေးကျွန်မဖြစ်ပါစေနဲ့။ ရရှိသမျှကို မိဘကျေးဇူးဆပ်ရာတွင်၊ မိသားစုကို စောင့်ရှောက်ရာတွင်၊ လိုအပ်သူများအား မျှဝေရာတွင်၊ သာသနာတော်အတွက် လှူဒါန်းရာတွင် အသုံးချပြီး ကုသိုလ်ကို စုဆောင်းကြပါ။ #တရားအသိဖြင့်ဘ၀တွေအေးချမ်းကြပါစေ #နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ🙏🙏

About