@jue.may.khin4: 💥💥 နားအူလေထွက်ရခြင်း အကြောင်းရင်းများ ========================== ၁။ အသက်နှင့်ဆိုင်သော သို့မဟုတ် အသက်ကြီးလာလျှင် (အသက် ၆၀ နှစ်) နားလေးလာပြီး နားအူလေထွက် ဖြစ်တတ်သည်။ ၂။ ကျယ်လောင်သော အသံကိုကြာရှည်စွာ ကြားနေရခြင်း။ ဥပမာ- မြန်မာလူ မျိုးများ အလှူမဏ္ဍပ်တွင် လော်စပီကာ ကျယ်လွန်းစွာဖွင့်ခြင်းကြောင့် နားအမြှေးပါးကို ထိခိုက်စေကြောင်း မသိ၍ရပ်ကွက်များတွင် ကျယ်လောင်စွာဖွင့်ခြင်း။ ၃။ နားဖာချေးများခြောက်ပြီး ပိတ်နေခြင်း ၄။ နားအရိုးများ ပြောင်းလဲခြင်းကြောင့် ဖြစ်ခြင်း။ နားအရိုးများ မပျော့ပျောင်းတော့ဘဲ မာလာခြင်းကြောင့် နားပင်း၊နားလေထွက်အူခြင်းတို့ ဖြစ်လာသည်။ ဒီရောဂါမျိုးသည် မျိုးရိုးလိုက်၍ ဖြစ်တတ်သည်။ မူမမှန်သော အလယ်နားရှိအရိုးကြီး ထွားလာခြင်းကြောင့် ဖြစ်သည်။ ၅။ ဦးခေါင်းနှင့် လည်ပင်းဒဏ်ရာရရှိမှုကြောင့် အတွင်းနားတွင်းရှိ အသံနှင့်ဆိုင်သော အာရုံကြောနှင့် ဦးနှောက်ထိခိုက်ပါက နားပင်းပြီး နားအူလေ ထွက်ခြင်း ဖြစ်နိုင်ပါသည်။ ၆။ ကြွက်သား ရုတ်တရက် အကြောဆွဲခြင်း ၇။ သွေးကြောရောဂါ သွေးတွင်းအဆီများလာ၍ သွေးကြောမာကျောလာခြင်းကြောင့်လည်း ဖြစ်တတ်သည်။ အချို့ဆေးများ(ပဋိဇီဝဆေးအချို့၊ ဆီးဆေးများ၊ငှက် ဖျားဆေး၊စိတ်ကျရောဂါ ဆေးများ၊ သွေးကျဲဆေး၊ ကင်ဆာဆေးတို့ကြောင့်လည်း ဖြစ်တတ်သည်) -------------------------------- ဘယ်လိုစားသောက်နေထိုင်ရမလဲ (က) ဆောင်ရန် ရှောင်ရန်များ ၁။ နားအူနားလေထွက်ခြင်းကို ကြိုတင်၍မကာကွယ်နိုင်ပါ။ ကျယ်လောင်အသံသည် နား၏အာရုံကြောများကို ပျက်စီးစေ၍အသံကျယ်ကျယ်ကြားရရင် နားဂွမ်းဆို့ ပိတ်ထားပါ။ ၂။ နားထဲရေ၀င်ရင်၊ နားထဲပိုး၀င်ခြင်းစသည့် နားရောဂါများ မဖြစ်အောင် ကာကွယ်ပါ။ ၃။ နားထဲတွေ့ရာနှင့် နားကလော်ခြင်း မပြုပါနှင့်။ နားထဲပိုး၀င်တတ်ပြီး မေးခိုင်ရောဂါပါ ဖြစ်တတ်သည်။ (ဥပမာ-ကလစ်၊ သံချောင်း) ၄။ နားဖာချေး ခြောက်ပြီး နားပြွန် ပိတ်ဆို့ခြင်းမဖြစ်စေရန်။ ၅။ ဆေးလိပ်မသောက်ပါနှင့်။ ၆။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ၇။ အာဟာရနှင့်ပြည့်ဝသော အစားအသောက်များကို စားခြင်းဖြင့် သင့်သွေးကြောများ ကျန်းမာစေရန် ၈။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများက သွေးတိုးရောဂါဖြစ်စေတာကြောင့် မဖြစ်အောင် ကာကွယ်ပါ။ ၉။ ဆိုဒီယမ်သတ္တုများသော အစာများ၊စည်သွတ်ဘူးများကို ရှောင်ရန်။ ---------------------------------------- (ခ) အစားအသောက်၊ ဆေး၊ အသီးအနှံ ၁။ လတ်ဆတ်သောအသီးများ၊အထူးသဖြင့် ငှက်ပျောသီး၊ နာနတ်သီးများ စားပါ။ ၂။ လတ်ဆတ်သော ဟင်းသီးဟင်းရွက် များများစားပါ။ ၃။ ဂျုံ၊ ဆန်၊ ပြောင်း စသည့် သီးနှံအစေ့များ စားပါ။ ဆေး ၁။ B12 ၂။ Zinc ၃။ မဂ္ဂနီစီယမ်သတ္တုဓာတ် ၄။ Omega 3 Fatty Acid ၅။ Falate ၆။ Taurine ၇။ Melatonin တို့ကို စားသုံးလျှင် နားလေထွက်နားအူခြင်း တဖြည်းဖြည်း သက်သာလာမည် ဖြစ်ပါကြောင်းမေတ္တာနှင့် တင်ပြလိုက်ပါသည်။ CRD..........owner_with_respect

KPO
KPO
Open In TikTok:
Region: MM
Sunday 27 September 2026 17:51:27 GMT
32070
697
8
71

Music

Download

Comments

mai.mary031
Praise :
Thanks.
2026-10-12 13:54:58
0
jbahardu6
Arjun :
အသက်နဲ့မဆိုင်းပါဘူ အားရုံကြောအာနဲ နာစီးရောင်းတဲ့လူးတွေ့ကလဲနာထဲလေးချွန်းသံကြာရသလိုလို တီတီတီတီဆိုတဲအသံကြာရသလိုလို တခါတလေးအဲအသံတွေ့ကြောင်းခေါင်းမူးကြမ်ပြင်ပေါ်ရုပ်တရက်လဲကတတ်ကြတယ် သက်ကြီးပိုင်းကြတောအားရုံကြောအာနဲလိုအဲလိုအသံကြားတတ်ကြတယ်
2026-10-12 15:10:31
1
aungmyohtun574
Aung Myo Htun :
ကျေးဇူးပါဗျာ
2026-10-12 13:10:03
1
thaung.shein80
Thaung Shein :
ကျေးဇူးပါခဗျာ
2026-10-13 02:08:33
0
dawkhinmar8822
dawkhinmar8822 :
ဂုတ်ကျီးပေါင်းရှိတယ် အစာအိမ်ဆေးကိုနှစ်ပေါက်သောက်ရခြင်း နားတွင်းဆူ နားပင်းသွား
2026-10-13 04:51:46
0
thang.khaw.gei02
thang khaw gei :
ကျေးဇူးပါ
2026-10-12 15:23:22
0
dawmi587
Dawmi :
ကျေးဇူးပါ
2026-09-28 13:11:10
1
lone.lone1444
Lone Lone :
🥰🥰🥰
2026-10-13 09:12:18
0
To see more videos from user @jue.may.khin4, please go to the Tikwm homepage.

Other Videos


About