@unsaid21626: ရေစက်ရှိသလောက်ပေါ့ ... မင်းကို ဒီလောက်ချစ်တာကိုဆိုပြီး အပြစ်တွေ ဖွဲ့မနေတော့ပါဘူး လောကကြီးကိုလဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ မေးမနေတော့ပါဘူး …. ငါတို့တွေက ရေစက်တွေရှိလို့ဆုံခဲ့ကြရတယ် ပြီးတော့ အရမ်းချစ်ခဲ့ကြတယ် ပြီးတော့ ……… ရေစက်ရှိသလောက်ပေါ့ အဲ့ဒီနောက်မှာ ဘယ်လိုပဲအဆုံး သတ်လာ သတ်လာ လက်သင့်ခံလိုက်ရမှာပဲမဟုတ်လား …… ကိုယ်ကလေ ... သိပ်ရီရတာ ဖြစ်မလာသေးတဲ့အရာတွေကို စိတ်ကူးတွေ ယဥ်နေတတ်သလို စိတ်တွေလဲ ပူနေတတ်တဲ့ လူတစ်ယောက်လေ ချစ်ခြင်းမေတ္တာလောက် ကိုးကွယ်ချင်ခဲ့တာ ရေစက်တွေကုန်တဲ့ မဖြစ်မနေခွဲခွါရမယ် ဆိုတာမှန်း မသိတတ်ခဲ့ဘူး တွေ့ရမယ်ဆိုတဲ့ နေရာလောက်မှာ ပျော်ပြီး ချစ်ရတယ်ဆိုတဲ့ အိပ်မက်တွေလောက် မက်နေခဲ့မိတာလေ …. ကိုယ် သေလောက်အောင် ချစ်ပါတယ်ပဲ ပြောပြော ... အချိန်တန်လို့ ခွဲရမယ်ဆိုတဲ့အခါ ကိုယ်ဘယ်လောက်ချစ်ခဲ့ပါတယ်ဆိုတဲ့ စကားလုံးတွေကို ဂရုစိုက်မှာမဟုတ်ဘူး ပြီးတော့ ……..ကိုယ်ဘယ်လောက် မျှော်လင့်ခဲ့တာဆိုတဲ့ မျှော်လင့်ချက်တွေကိုလဲ သိချင်တော့မှာမဟုတ်ဘူး ….. ဆွဲထားတဲ့လက်လေးက မလွတ်လွတ်အောင် ရုန်းထွက်သွားကြတာပဲ တားနေတဲ့ကြားထဲက မဖြစ်ဖြစ် ဖြစ်အောင် ကျောခိုင်းသွားတာပဲ … ရေစက်ရှိသလောက်ပေါ့ ... ချစ်ခဲ့ပါတယ်ဆိုတဲ့အတိတ်ဟာ ကိုယ်တစ်ယောက်တည်း .…. မှတ်မိနေတဲ့ အတိတ်တစ်ခု ဖြစ်သွားမှာ ဖြစ်သလို ချစ်နေမိပါတယ်ဆိုတဲ့ စိတ်တွေဟာ ကိုယ်တစ်ယောက်တည်း သိနေတဲ့ ခံစားချက်တစ်ခု ဖြစ်သွားမှာပါ … ဒီဆက်ဆံရေးမှာ သင်္ခန်းစာတွေရယ် ဒဏ်ရာတွေရယ် ပြီးတော့ … မျက်ရည်တွေရယ်ပဲ ကိုယ်ကကျန်ခဲ့တာပေါ့ ရေစက်တွေရှိလို့ ဆုံခဲ့တယ် ... ရေစက်တွေရှိသလောက်ပဲ ချစ်ခဲ့တယ်ဆိုပါတော့ ………. #unsaid#dolbyvision#1080p60fps

ᴜɴsᴀɪᴅ
ᴜɴsᴀɪᴅ
Open In TikTok:
Region: MM
Monday 28 September 2026 00:51:34 GMT
942
25
6
7

Music

Download

Comments

memoforyou17
KilledByMemories🖤 :
တချိန်မှာ ထပ်ချစ်ဖြစ်ခဲ့ရင်ကော အဲ့လူနေရာမှာအစားထိုးနေမိဦးမလား
2026-09-28 10:50:38
1
david.hunter135
‹→DAVID←› :
My eye
2026-10-09 01:37:54
1
unsaid21626
ᴜɴsᴀɪᴅ :
🥰🥰
2026-10-08 16:07:51
0
sui72728
Sui :
2026-09-28 01:14:54
1
To see more videos from user @unsaid21626, please go to the Tikwm homepage.

Other Videos


About