@moemoethwe777: 🍀နေရာမှန်မှသာ တန်ဖိုးမြင့်ပါလိမ့်မယ်🍀 နေရာမှန်မှသာ တန်ဖိုးမြင့်ပါလိမ့်မယ် ~~~~~~~~~~~~~~~~~~~~~~~~ တခါတုန်းက အမျိုးသားတစ်ဦး ရှိသတယ်။ သူဟာ တက္ကသိုလ်ဘွဲ့ မရခဲ့ပေမယ့် တက္ကသိုလ်ဝင်တန်းတော့ အောင်မြင်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ အခါမှာတော့ မိဘတွေဟာ သူ့အတွက် မိန်းမတစ်ယောက် ရှာပြီး ပေးစားလိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ မိဘတွေ ပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီးနောက် ထိုရွာလေးမှာပဲ ကျောင်းဆရာအဖြစ် စာသင်ပြပေးပါတယ်၊ သူဟာ စာကို တတ်နိုင်သလောက် ကြိုးစားပြီး သင်ပြပေးပါတယ်။ ဒါပေမယ့် သူဟာ စာသင်ကြားရာမှာ အတွေ့အကြုံ မရှိသောကြောင့် တစ်ပတ်တောင် မခံပါဘူး၊ ကျောင်းသားတွေရဲ့ သဘောထား မှတ်ချက်တွေကြောင့် ထုတ်ပယ်ခြင်း ခံရပါတယ်။ ဒါ့ကြောင့် သူဟာ အိမ်ကို ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ပါတယ်၊ အိမ်ပြန်ရောက်ပြီးနောက် ဇနီးဖြစ်သူက သူ့ကိုမျက်ရည် သုတ်ပေးပြီး နှစ်သိမ့်စကား ပြောပေးပါတယ်။ "အတွေ့အကြုံ ဝမ်းစာမပြည့်သေးတဲ့ အချိန်မှာ တချို့လူတွေကတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြနိုင်တာလည်း ရှိသလို မထုတ်ပြနိုင်တာလည်း ရှိတတ်ပါတယ်" "ဒီအတွက်ကြောင့်နဲ့တော့ ဝမ်းနည်း‌ေနဖို့ဖို့ မလိုပါဘူး၊ ရှင်နဲ့ ပိုသင့်တော်မယ့် အလုပ်တွေက ရှင်လုပ်ဆောင်ဖို့ကို စောင့်ရင် စောင့်နေမှာပါ၊ ရှင့်အနေနဲ့ စိတ်မပျက်နဲ့ ဇွဲမလျှော့လိုက်ပါနဲ့" လို့ ပြောခဲ့ပါတယ်။ နောက်တော့ သူဟာ အပြင်ထွက်ပြီး အလုပ်တစ်ခုမှာ ဝင်လုပ်ပါတယ်၊ သိပ်မကြာခင်မှာပဲ သူဌေးရဲ့ အလုပ်ထုတ်တာ ခံလိုက်ရပါတယ်။ အကြောင်းကတော့ အလုပ်လုပ်တာ နှေးလို့ပါတဲ့၊ အိမ်ပြန်ရောက်တဲ့ အခါမှာ ထုံးစံအတိုင်း သူ့ဇနီးက အားပေးစကား ပြောပြန်တယ်။ "ခြေလက်ဆိုတာ နှေးတာလည်း ရှိသလို မြန်တာလည်း ရှိတာပဲလေ၊ တခြားလူတွေက လုပ်လာတာ နှစ်တွေ အများကြီး ကြာခဲ့ပြီလေ၊ ရှင့်ကျတော့ တစ်သက်လုံး စာဖတ်လာတော့ ဒီလို အလုပ်မျိုး လုပ်တဲ့အခါမှာ ဘယ်လိုလုပ် မြန်လိမ့်မလဲ" ဒါပေမယ့် သူဟာ ဇွဲမလျှော့ဘဲ အလုပ်တွေ အများကြီး ထပ်လုပ်ခဲ့တယ်၊ ဒါပေမယ့်လို့ သူလုပ်သမျှ အလုပ်တိုင်းဟာ အကြောင်းတစ်ခု မဟုတ် တစ်ခုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူစိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာတဲ့ အခါတိုင်း သူ့ဇနီးက အမြဲနှစ်သိမ်လေ့ရှိပြီး သူ့အပေါ်မှာလည်း တစ်ခါမှ မညည်းညူခဲ့ပါဘူး။ ဒီလိုနဲ့ သူရဲ့အသက် (၃၀) ကျော်တဲ့အခါမှာ သူဟာ ဘာသာစကား သင်ကြားရေးမှာ ပါရမီအထုံရှိသူ ဖြစ်တဲ့အတွက် မသန်စွမ်းသူတွေအတွက် ဖွင့်ထားတဲ့ သင်တန်းကျောင်းမှာ နည်းပြအလုပ် ဝင်လုပ်ပါတယ် နောက်တော့ သူဟာ မသန်စွမ်းသူများ သင်တန်းကျောင်း တစ်ခုကို ထူထောင်လိုက်ပါတယ်၊ နောက်ပိုင်းမှာတော့ သူဟာ မြို့အများအပြားမှာ မသန်စွမ်းသူသုံး ပစ္စည်းအရောင်းဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းနဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ဦး ဖြစ်လာပါတယ်၊ တစ်နေ့မှာတော့ "အောင်မြင်သူတို့ရဲ့ စကားသံများ" အစီအစဉ်ကနေ စီစဉ်တင်ဆက်သူက သူ့ဇနီးကို မေးပါတယ်...။ "မိမိကိုယ်တိုင်တောင် ရှေ့ရေး မရေရာ ဝေဝါးတဲ့ အချိန်အခါမှာ ဘယ်လိုအကြောင်းကများ သူ့အပေါ် ယုံကြည်ကိုးစားချက် ရှိစေခဲ့ပါသလဲ...?" သူ့ရဲ့ ချစ်ဇနီး ပြန်ဖြေတဲ့ အဖြေမှာ ရိုးရှင်းပြီး လွယ်ကူလှပါတယ်၊ သူမ ပြန်ဖြေလိုက်တာကတော့... "မြေတစ်ကွက်ဟာ ဂျုံစိုက်လို့ မသင့်တော်ရင် ပဲစမ်းစိုက်ကြည့်လို့ ရတာပေါ့၊ ပဲထွက် မကောင်းရင် သီးပင်စားပင် စိုက်လည်းရတာပဲ" "တကယ်လို့ သီးပင်စားပင် မဖြစ်ထွန်းလည်း ပန်းမျိုးစေ့တွေ နည်းနည်းကြဲကြည့်ပြီး ပန်းပွင့်အောင် စိုက်နိုင်တာပဲ" "အကြောင်းကတော့ မြေတစ်ကွက်မှာ သူနဲ့ ကိုက်ညီမယ့် မျိုးစေ့ တစ်စေ့စေ့ကတော့ ရှိလာမှာပါ၊ နောက်ဆုံးမှာ သူနဲ့ သက်ဆိုင်တဲ့ ရိတ်သိမ်းမှု့ကတော့ ရှိလာမှာပေါ့" အိမ်သူသက်ထားရဲ့ စကားလဲကြားရော ယောကျာ်းဖြစ်သူဟာ မျက်ရည်ကျလာပါတယ်။ တကယ်တော့ သူ့ဇနီးသည်ရဲ့ ဇွဲကောင်းပြီး စဉ်ဆက်မပြတ်တဲ့ ယုံကြည်ကိုးစားမှုနှင့် ချစ်ခြင်းမေတ္တာတို့သည် မာကျောကြံ့ခိုင်သည့် စစ်မှန်သော မျိုးစေ့ပင် ဖြစ်နေလေသည်။ သူ၏ ဆန်းကြယ်မှုတို့သည် ထိုမျိုးစေ့လေးကို မှီခိုပြီးမှ ရှင်သန်ကြီးထွားခဲ့သော ဆန်းကြယ်မှုတို့ပင် ဖြစ်သည်။ လောကမှာ သုံးစား၍ မရသောသူဟူ၍ မရှိပါ၊ လူမှန် နေရာမှန် နေရာချထားမှု မမှန်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုကြောင့် လောကတွင် လူမှန် နေရာမှန်ဖြစ်ဖို့က အရေးကြီးပါတယ်၊ လူမှန် နေရာမှန်ဖြစ်မှသာ တန်ဖိုးဆိုတာလည်း မြင့်လာမှာ ဖြစ်ပါတယ်...။ ============================ စာဖတ်သူများအားလုံး ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ #crd_to_owner_with_respect🤍🌿 #tiktokmyanmar🇲🇲 #foryou

Moe Moe Thwe
Moe Moe Thwe
Open In TikTok:
Region: MM
Monday 28 September 2026 02:26:09 GMT
21780
2227
79
14

Music

Download

Comments

thu.zar.win3263
Thu Zar Win :
စားခြင်တယ်
2026-09-28 02:44:42
2
kokothu0983
kokothu🤣 :
ညီမကျေးဇူးပြု၍ မန်းလေးကနေတောင်ကြီးကို နေ့လည် ၂ ခွဲ ၃ နာရီသွားရင်အစဉ်ပြေလားဗျ
2026-10-01 02:33:30
1
tin.mar.lin85
Tin Mar Lin :
စားချင်လိုက်တာ သရေတောင်ကျ
2026-09-28 07:29:46
1
lynn57399
🏔️🌲Heidi🌲🏔️ :
ဆရာနေကောင်းပြီပေါ့🥰🥰
2026-09-28 04:13:56
1
user1067551587385
အန်တီ အေး :
ဆရာကျောက်ကပ်အားနဲတဲ့သူအဆင့်၂ တို့ဟူးနွေးတည့်ပါသလားဆရာ
2026-10-02 13:09:58
1
daw.si.bwar
Daw Si Bwar :
2026-09-28 03:26:43
1
zawmyolin19
Zaw Myo Lin :
ခနခနပြန်ကြည့်ရတယ် ဆရာသိမလားလို့
2026-09-28 15:49:52
1
htwe.htwe9669
Htwe Htwe :
စားချင်စရာကြီးတို့ဖူးက🥰🥰🥰🥰🥰🥰
2026-09-28 08:01:46
1
nawkham13tgi
Nawkham 13/TGI :
အရမ်းစား ကောင်းတဲ့ဆိုင် လေးပါဗျ👍👍👍 ဝက် ခေါက် ကြော်ကဝက် ခေါက်အစစ် လေးပါဗျ
2026-09-30 14:28:39
1
user7381632172594
Kyaw Kyaw :
ဆရာကတော်အားပေးနေသည်
2026-09-28 02:39:08
1
thidasoe831
ဆန်းသစ်မြန်မာထမင်းဆိုင် :
စားချင်စရာကြီး😋😋😋
2026-09-28 03:12:53
1
yuyur630
Yu Yu :
အရမ်း ကြိုက်သော 🥰♥️🤝♥️
2026-09-28 02:53:06
1
warwarlwin8983
ငါဘုရင်မ :
😘😘😘💛💛💛🥰🥰🥰 စားချင်စရာလေး
2026-09-28 03:05:38
1
thut6447
Smile ရွာငံ ကော်ဖီ လှိုင်သာယာ :
မင်္ဂလာပါမမ။ 😘😘😘😘စားကောင်းမယ့်ပုံ လေးမမ
2026-09-28 04:10:49
1
naw.naw90976
Naw Naw :
စားခြင်တယ်👍
2026-09-28 04:40:41
1
mmw4444
M M W Lay :
မဂ်လာပါရှင့်🌷🍀🌷🍀🌷
2026-09-28 04:54:57
1
lady.rock09
LADY ROCK☠️💀🤟🤘 :
ကြိုက်သော 💞
2026-09-28 04:16:07
1
yuyur630
Yu Yu :
ေ
2026-09-28 02:53:18
1
arryin75
Arryin :
2026-09-28 02:53:59
1
mtowhoh14
146 :
🥰🥰🥰🥰🥰🥰🥰🥰
2026-09-28 03:16:12
1
kayti278
rain :
2026-09-28 02:37:03
1
thein.htike156
Thein Htike :
🥰🥰🥰🥰🥰တစ်ခါတတစ်လေစားပေးပါသဘောကျနေပြီကြည့်ရတာစားချင်လာပြီညီမနဲ့ဆရာရေ
2026-09-28 03:43:29
2
.nilar07
ရဲမွန်တောင် ရွာငံကော်ဖီ Nilar :
အရမ်းစားချင်တာအစ်မရေ😘
2026-09-28 04:53:49
2
myint.myint.maw438
Myint Myint Maw :
13ရက်နေ့ဘွတ်ကင်ယူထားပါတယ်ရှင့်
2026-09-28 07:25:14
1
bora.2345x
မချစ်တက်သူမို့ :
မင်ဂလာနံက်ခင်းလေးပါDr&Wine💖💖💖🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-28 02:34:14
1
To see more videos from user @moemoethwe777, please go to the Tikwm homepage.

Other Videos


About