@112498ko: <><><><><><><><><><><><><><><><> တွေးမိတိုင်း ရင်ကိုခွဲသလို နာကျင်ရတဲ့ ဒီနှောင်ကြိုးကြီးဟာ ဘယ်ကစလို့ ဘယ်လို ရစ်ပတ်မိသွားမှန်းကို မသိလိုက်ရပါဘူး။ ကိုယ်တိုင်က ရိုးသားစွာနဲ့ နှစ်နှစ်ကာကာ ရူးရူးမိုက်မိုက် ချစ်မိခဲ့တာ တစ်ခုတည်းသော အပြစ်ဆိုရင်တော့ ဒီအပြစ်အတွက် ခံစားရတဲ့ဒဏ်တွေက ရင်နာစရာ ကောင်းလွန်းလှပါတယ်။ တစ်ဖက်သတ် အချစ်ဆိုတာ ကိုယ့်ဘက်က အပြည့်အဝ ပေးဆပ်နေရပေမယ့်၊ တစ်ဖက်လူ့ဆီက ပြန်လာမယ့် မေတ္တာစက်ဝိုင်းကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိတဲ့ တိတ်တဆိတ် သေဆုံးခြင်းပါပဲ။ ပင်လယ်ကို ကျောခိုင်းထားတဲ့ရေမြင်းတ စ်ကောင်လို၊ မြစ်ကို လွမ်းနေတဲ့ သဲသောင်ပြင်လို၊ အလင်းကို တမ်းတနေတဲ့ မှောင်မိုက်ထဲက အရိပ်တစ်ခုလို... ကိုယ်ဟာလေ ရှင်လျက်နဲ့ အလွမ်းဆန်ရေမှာ နှစ်မွန်းနေခဲ့ရတာပါပဲ။ ဒီသံယောဇဉ်နှောင်အိမ်ကနေ ရုန်းထွက်ဖို့ အကြိမ်ကြိမ် ကြိုးစားဖူးပါတယ်။ ဒါပေမဲ့ "မေတ္တာ" ဆိုတဲ့ မာယာကွန်ယက်က ဘယ်လောက်ခိုင်မာသလဲဆိုရင်၊ မုန်းဖို့ကြိုးစားလေ ပိုပြီး ချစ်မိသွားလေ၊ ဝေးအောင်ရှောင်လေ ပိုပြီး နီးကပ်လာသလို ခံစားရလေပါပဲ။ အမှတ်တမဲ့ မြင်လိုက်ရတဲ့ အပြုံးလေးတစ်ခု၊ ရိုးစင်းတဲ့ စကားတစ်ခွန်းလေးနဲ့တင် နှစ်ပေါင်းများစွာ တည်ဆောက်ထားသမျှ ခံတပ်တွေဟာ ဖုန်မှုန့်လို လွင့်စင်သွားခဲ့ရတာ အခါခါပါပေ။ ဒါကြောင့်လည်း ဒီဘဝမှာ မဆုံစည်းနိုင်ခဲ့ရင်တောင် နောင်သံသရာ အဆက်ဆက်မှာ ကိုယ့်ရဲ့ ဆန္ဒတွေက အဲ့ဒီနှောင်အိမ်ထဲမှာပဲ ထပ်ပြီး အကျဉ်းကျနေဦးမယ်ဆိုတာ ရင်ထဲမှာ ကြိုသိနေသလိုပါပဲ။ ဆုံဆည်းခွင့်မရှိတဲ့ ကံတရားကို တမ်းတရင်း၊ မေတ္တာစစ်စစ်နဲ့ ကိုယ်ချစ်ရတဲ့သူ့ကို ဝေးဝေးကနေ စောင့်ရှောက်ခွင့်ပြုပါလို့ပဲ ဆုတောင်းနေမိပါတော့တယ်... အချစ်ရယ်။ #fyp #foryou #ရာမညမြေ #စာတို #အလွမ်းစာသား
✎﹏﹏ရာမညမြေ﹏(စာတို)
Region: MM
Monday 28 September 2026 05:57:57 GMT
Music
Download
Comments
winzawoo :
ကူးယူခွင့်ပြုပါဗျာ🥰
2026-10-03 16:26:52
1
Kaung🌈 kaung💔🏳️🌈🏳️🌈💔 :
ကျနော့အတွက်များလာဗျာ စာကြောင်းတွေမဟုတ်တဲ့ ရင်ထဲကစာကားတွေပါဘဲ သီချင်းလေးကအစပေါ့😥😥😥
2026-10-01 14:11:17
1
အလွမ်းသမား ကိုကို :
တိုက်ဆိုင်လိုက်တာ အကောက်ပိုင်ရှယ်
2026-09-29 12:40:21
1
ယင်းမာ :
တင်တက်လိုက်သာ😂😂😂
2026-09-28 14:07:55
1
thoo THoo :
[Heartwarming][Heartwarming]
2026-09-30 16:42:27
1
တန်စောင်းသီးနဲ့😂😂မျက်ချီး :
👍👍👍
2026-09-28 06:06:18
1
Su Wai :
[ကြယ်စုံ အသည်းနှလုံးများ][ကြယ်စုံ အသည်းနှလုံးများ][ကြယ်စုံ အသည်းနှလုံးများ][ကြယ်စုံ အသည်းနှလုံးများ][ကြယ်စုံ အသည်းနှလုံးများ][ကြယ်စုံ အသည်းနှလုံးများ][ကြယ်စုံ အသည်းနှလုံးများ]
2026-09-30 11:24:44
1
To see more videos from user @112498ko, please go to the Tikwm
homepage.