@hmue.hmue8154: မိန်းမတွေကလေ မှားနေတဲ့လမ်းကို ဆက်လျှောက်တဲ့နေရာမှာ ယောက်ျားတွေထက် သတ္တိပိုရှိတယ်။ သူတို့ရွေးချယ်မှုတိုင်းဟာ သူတို့အသာစီးရဖို့ တစ်ခုတည်း မဟုတ်နေကြဘူး။ သူတို့မက်မောတဲ့ တစ်ခုခု၊ သူတို့လိုအပ်တဲ့ တစ်ခုခုကို ယောက်ျားတစ်ယောက်ဆီက ရတယ်ဆိုရင်ပဲ ကျန်တဲ့ မပြည့်စုံမှုတွေ၊ အားနည်းချက်တွေကို အကုန်ဖြည့်တွေးလိုက်ကြတော့တာ။ ဒါဟာ I can fix him ထက် deep တဲ့ POV ပဲ။ သူတို့ ရွေးချယ်မှုဟာ မှားသွားမှန်း သိနေသည့်တိုင်အောင် မှန်ကန်ကြောင်း ပြချင်တဲ့ မာန်ကလေးရှိတယ်။ အဲ့ဒါကြောင့်လည်း အမှားတရားတွေကို ဖုံးကွယ်ပေးပြီး ကောင်းတဲ့အကြောင်းဆို ပိုပိုသာသာလေး ထုတ်ဖော်ပေးချင်ကြတယ်။ သူတို့ လိုအပ်ချက်ကလေးက သူများအတွက် ကြီးမားချင်မှ ကြီးမားမယ်၊ အရေးပါချင်မှလည်း ပါမယ်၊ ဒါပေမယ့် အဲ့ဒီအရာအတွက် သူတို့က တစ်ဘဝလုံးကို ပေးဆပ်ထားတာ။ အဲ့ဒီရွေးချယ်မှုက မှန်ကန်ကြောင်းလည်း သက်သေပြချင်ကြတာ။ ဒါကြောင့်လည်း ဖောက်တဲ့လမ်း မထူးဘူးဆိုပြီး ဆက််််််််််လျှောက်ကြတာ။ လွယ်လွယ်နဲ့ မစွန့်ပစ်ကြတာ။ ဗီဇတွေကို မေတ္တာနဲ့ပြုပြင်လို့ မရမှန်း သူတို့သိကြတယ်၊ မေတ္တာရှိနေတော့ ဗီဇမကောင်းလည်း ရုန်းထွက်ဖို့စိတ်ထက် တချိန်ချိန် ပြုပြင်လာမယ် နားလည်လာမယ်ဆိုပြီး မျှော်လင့်မိကြရုံပါပဲ။ အဲ့ဒီမေတ္တာစိတ်ကပဲ မိန်းမတွေကို လူပါးဝခံရစေတာ။ သူတို့ပေးတဲ့ မေတ္တာတရားကို တစ်ဖက်လူက တာဝန်ဝတ္တရားထင်ပြီး သူတို့ရပိုင်ခွင့်လို့ ထင်မြင်လာတာ၊ စော်ကားပြီးရင်း စော်ကားလာတာ။ ယောက်ျားမိန်းမရယ်မှ မဟုတ်ပါဘူး လူဆိုတာလေ ဘယ်လောက် role တင်ပေးပေး၊ အကောင်းမြင်ခံရအောင် ကာကွယ်ပေးပေး ဗီဇထဲက အပုပ်အပဲ့တစ်ခြမ်းဟာ ဖုံးကွယ်လို့မရဆုံးပဲ။ နောက်ဆုံး သူတို့ဟာ ဘယ်လိုလူပါလို့ သူတို့ကိုယ်တိုင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြသွားမှသာ အသုံးမဝင်တော့လို့ ကိုယ် ကာကွယ်ပေးထားတဲ့ မေတ္တာတရား ကန့်လန့်ကာကို ရုတ်သိမ်းချလိုက်ကြတာပါ။ ဒီလောက်တောင် သည်းခံခဲ့ရလားလို့ မိန်းမတစ်ယောက်ကို မေးကြည့် အဲ့ဒီ့ထက်မက သည်းခံခဲ့မှုတွေ အများကြီးရှိတယ်။ အရင်က သူတို့ပဲ အကောင်း၊ အခုကျ သူတို့ပဲမကောင်းဆိုတဲ့ စကားတွေရဲ့ အဖြေဟာ အပေါ်မှာ အကုန်ပါတယ်။ လူတစ်ယောက်ကို ပိုးစိုးပက်စက် လွှတ်ချလိုက်ပြီဆိုတဲ့ လူတစ်ယောက်မှာ လူတိုင်းအပေါ်ယံ မသိနိုင် မမြင်နိုင်တဲ့ ဖြတ်သန်းခဲ့ရမှု၊ စော်ကားခံရမှု၊ လူပါးဝခံရမှု အကုန်ပါတယ်။ တချိူ့မိန်းမတွေဟာ သတ္တိရှိတယ်။ မှားယွင်းတဲ့ ရွေးချယ်မှုကို စလုပ်လာထဲက သတ္တိရှိလာလိုက်တာ အဲ့ဒီရွေးချယ်မှုကို စွန့်ပစ်လိုက်တဲ့အချိန်ကတော့ သတ္တိအရှိဆုံးပဲ။ အဲ့ဒါကြောင့်လည်း ကိုယ်တွေ မိန်းမချင်း ဂုဏ်ပြုတဲ့ ၂ချိန်ရှိတယ်။ ရွေးချယ်မှုတစ်ခုခုကို လုပ်တဲ့အချိန်မှာလည်း ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ "ဒီလမ်းကိုလျှောက်မယ့် သတ္တိရှိမှုအတွက် ဂုဏ်ပြုတယ်" တစ်ခုခုကို ရပ်တန့်လိုက် စွန့်လွှတ်လိုက်တဲ့အခါမှာလည်း "ဒီလမ်းကို ဆက်မလျှောက်တဲ့အတွက် ဂုဏ်ယူပါတယ်"။ #credit - Aye Nyein Soe
🖤🤍✨H🍁🎀💌
Region: MY
Monday 28 September 2026 06:49:59 GMT
Music
Download
Comments
Ĵacibal(ပူတူး) :
စာသားလေးပြန်လိုချင်လို့😊
2026-09-29 08:06:46
1
@ :
မှားနေတဲ့လမ်းဆက်မလှောက်ပါဘူး လူတယောက်ကိုပြောင်းလဲလာမယ်ထင်ပြိး နေနေစရာလည်းမလိုပါဘူး ချက်ချင်းမစွန့်လွတ်နိူင်ရင်ဖြည်းဖြည်းချင်းတသ်ခုချင်းစီလွတ်ချသွားပါ အမှန်တရားကိုတဖြည်းဖြည်းချင်းလက်ခံသွားပါ မိန်းမတေကကယ် ပါ သူ့မှားအားနည်းချက်တွေကများနေရင်တောင် ကောင်းကွက်လေးတွေကိုဖြည့်တွေးပေးတတ်ကြတယ် ချစ်နေသေးရင်ပေါ့
2026-09-29 04:24:06
5
Joy :
မထူးဘူးဆိုပြီးဆက်လျှောက်တာမဟုတ်ဘူးနော်ပြန်ကြည့်စရာမလိုေလာက်တဲ့အထိစွန့်လွှတ်ဖို့သေချာအောင်ပြင်ဆင်နေတာ
2026-09-29 06:41:39
2
Cherry :
စာသားလေးလိုချင်ပါတယ်ရှင့်
2026-09-28 15:45:07
3
Sunkit Huang :
စာသားယူမယ်နော်
2026-09-29 07:43:39
1
𝑷𝒉𝒐𝒐 𝑳𝒂𝒚🌺 :
စာသားလေးကြိုက်လို့ပြန်တင်မယိနော်🥰
2026-09-29 05:57:50
1
user340784749066 :
မှားမှန်းသိရက်နဲ့ဆက်လျှောက်မိတဲ့လမ်းလေးရှိတယ်။အခုတော့ လက်လွတ်တော့မှာပါ။အရမ်းပင်ပန်းနေပီမို့၊ဆက်ပီးဆွဲထားလည်း နာကျင်ရတာကလွဲရင် ဘယ်သူအတွက်မှ အကျိုးမရှိဘူးလေ။ဒီလောက်ဆိုရင်ကိုပဲ နာကျင်ရတာ လုံလောက်နေပါပီ🥺🥺🥺
2026-09-29 03:11:39
2
Love?it will hurt you :
စာသားလေးပြန်ယူပါရစေနော်😘😘
2026-09-29 05:22:36
1
Ma pwintphyu Aung :
မှားနေတဲ့ လမ်းက တကယ်မှားနေတယ်ဆိုရင် ဆက်မလျောက်ပါဘူး လမ်းကြောင်းပြောင်းပါတယ်နော
2026-09-29 04:33:43
1
Pearl :
me
2026-09-28 07:18:17
3
NineNine Ko :
ဒီလိုပါပဲဗျာ လူတွေကသူတိူ့လုပ်လို့ရတဲ့သူဆိုရင် ပြောမဟုတ်ရင် အလုပ်နဲ့ တဖက်လူကိုထိခိုက်အောင်လုပ်ချင်ကြတာပါပဲ့😌😌
2026-09-28 10:52:11
1
kayThweOo :
🥰🥰🥰🥰
2026-09-29 00:24:05
0
San Lay :
မှန်တယ်👍
2026-09-29 08:36:08
0
nilarwin2025sbo :
စာသားလေးလိုချင်ပါတယ်
2026-09-29 04:56:51
0
JAMES🍀 :
စာသားလေးပြန်တင်ခွင့်ပြုပါ
2026-09-29 01:03:03
0
RedmiNote11 5g :
💗💗
2026-09-29 03:15:03
1
A🍃 :
💔🥺
2026-09-29 07:17:38
0
To see more videos from user @hmue.hmue8154, please go to the Tikwm
homepage.