@onenationnews1: လေကြောင်းတိုက်ခိုက်ခံရမှု သတင်းတို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တို့တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ အာရက္ခပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင် တို့အား လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၎င်းပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ လမ်းသွားလမ်းလာပြည်သူ နှင့် စျေးရောင်းစျေးဝယ် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူများရှိခဲ့သည်။ အလားတူ နေ့လယ် (၁၂) နာရီ (၃၅) မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ ငပလီ ကို ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားပါမည်။ သတင်းနှင့် ပြန်ကြားရေး အာရက္ခတပ်တော် #ONN #foryou
One Nation News
Region: US
Monday 28 September 2026 07:09:38 GMT
Music
Download
Comments
โจั :
အားနေရင်ပြည်သူတွေကိုဘယ်လိုသက်မယ်လို့အမျိုးမျိုးကျန်စီနေသောmyanmarတပ်မတော်အာဏာတည်မြဲဖို့ဆိုအကြောက်တရားမရှိတဲ့လုပ်ရက်
2026-09-28 07:54:54
337
Kaladan :
AA ကို စစ်တိုက်လို့မနိုင်တော့ ဘာတိုက်ပွဲမှမရှိတဲ့ ဈေးကို လာပြီး ဗုံးချသွားတာပါ။ ငါတို့ပြည်သူတွေ ငိုပါတယ် ဒါပေမယ့် မျက်ရည်သုတိပြီး AA ကို ဒီထက်ပိုပြီး ရှိသမျှအားနဲ့ အားပေးထောက်ခံသွားမှာ။
2026-09-28 09:30:38
121
SaiHanMinThu♉🍀 :
ပြည်သူ့ဘဏ္ဍာငွေနဲ့ ဝယ်တဲ့ စစ်လက်နက်တွေနဲ့
ပြည်သူကပြန်အသတ်ခံနေရတယ်
2026-09-28 08:37:01
119
Myat thu :
Aa ရဲ့လုပ်ရပ်တွေကြောင့်ပေါ့ကွာ စိတ်မကောင်းပါဘူး
2026-09-28 08:35:10
98
Tin Win :
မဖြစ်နိုင်ပါဘူး လေယဉ်ဆီမှမရှိတာ
2026-09-28 09:01:39
39
🇲🇲𝔸𝕤𝕒𝕚 :
ပြည်သူကို သတ်နေတယ်လို့ အသံထွက်တော့မယ်
2026-09-28 09:52:41
23
Yoon Wadi Bar bar :
င့ညီမနှစ်ယောက်ပါလခရေဝေး
😭😭😭
2026-09-28 08:12:32
57
𝓐𝓵𝓹𝓱𝓪 𝓟𝓾𝓵𝓼𝓮🫀 :
AAကြောင့်ပဲ🥺🥺🥺၊ ပြည်သူတစ်ဦးအနေနဲ့ AA အလိုမရှိ
2026-09-28 10:53:38
8
အဖော်မလိုတော့တဲ့ငှက်ငယ် :
ပြောတော့ လေယာဥ်ဆီ မရှိဘူးဆို
ဒါက Aiလား မသဲကွဲတော့ဘူး
2026-09-28 09:52:52
11
model nice :
ဘယ်လိုစိတ်နဲ့တောင်လုပ်နိုင်တာလဲ လူမျိုးပါတုန်းအောင် အဲလိုကြီးများလား
2026-09-28 08:43:29
20
mrthantunzaw :
စစ်ရာဇဝတ်မှုတွေ
2026-09-28 08:48:04
18
Aung Aung :
စိတ်မကောင်းပါ😳😳😳😢😢😢အာလုံးဘေကင်းကပ်ပါစေ
2026-09-28 08:24:06
18
🐼đäř đäř🌲🥀 :
ရခိုင်ပြည်ကြီးလဲစစ်ဘေးရန်မှအယင်အေးချမ်းပါစေ😔🙏🙏
2026-09-28 08:51:56
11
🇲🇲BLESSED.🇲🇾 :
AAမကောင်းလိုဒီလိုဖြစ်ရတာ😭😓😪😥
2026-09-28 09:34:35
20
Aye Aye :
Take care..
2026-09-28 09:24:33
0
Zaw Win :
အော်လုပ်ရက်လိုက်တာစာနာစိတ်မရှိတော့တာ
2026-09-28 09:27:13
8
Soe :
မြန်မာပြည်ရယ်ဘယ်ထိအသက်တွေပေးစက်နေရအုံးမှာလဲ🥹🥹🥹🥹
2026-09-28 09:07:10
7
Salai voton :
အသဲပေးရမှာလားဘာလုပ်ရမှာလဲမသိတော့ဘူးစိတ်မကောင်းဘူး
2026-09-28 08:14:22
14
🦥🦥🦥🍓 Jule🍓🦥🦥🦥 :
ရက်စက်လိုက်ကြတာဟာ🥺🥺
2026-09-28 08:31:53
5
စောနန်း :
မြင်ရတာအရမ်းဝမ်းနည်းတယ်
2026-09-28 08:49:46
6
ချစ်မ၀လေး :
လုပ်ရက်ရစ်ကြတယ်အာလုံးဘေကင်ပါစေ
2026-09-28 08:32:09
7
San San Win :
ရက်စက်ယုတ်မာတဲ့အာဏာရှင်တွေ နင်တို့ကိုအရမ်းမုန်းတယ် ရွံတယ်
2026-09-28 09:44:12
2
maw maw san :
ကျောက်တော်မြို့ကဘယ်တိုင်းထဲမှာလည်း
2026-09-28 10:38:00
3
အရိပ် :
ပြည်သူတွေလို့ပြောကြအုံးမှာမို့လား
2026-09-28 10:09:36
4
ခရေ :
ကျောက်တော်မြို့ကဘယ်တိုင်ထဲပါတာလဲ
2026-09-28 10:44:18
0
To see more videos from user @onenationnews1, please go to the Tikwm
homepage.