@zaw.min0751: တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ တောကျဲဒေသ၌ တောင်ပြိုကျမှုနှင့် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပွားနေပြီး၊ လူများ ပျောက်ဆုံးနေဆဲဖြစ်ကာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် လမ်းများပျက်စီးနေခြင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များ အဆိုပါဒေသဘက်သို့ မရောက်ရှိသေးသဖြင့် နီးစပ်ရာဒေသခံများအနေဖြင့် ကြုံသလို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။ ထားဝယ်ဒေသတွင် ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများကြောင့် ကျေးရွာပေါင်း ၆၀ကျော် ထိခိုက်ပျက်စီးလျက်ရှိပြီး၊ လောင်းလုံး၊ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် လူ ၁၃ဦး သေဆုံးကာ ပျောက်ဆုံးနေသူ ၃၀ထက်မနည်း ရှိနေကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
Zaw Min
Region: MM
Monday 28 September 2026 07:23:41 GMT
Music
Download
Comments
Htake Tin Htar :
တချို့နေရာတွေဟာမိုးလေဝသသတိပေးချက်တွေကိုအင်တာနက်ဖြတ်ထားလို့မကြည့်ရသလိုအသိမိတ်ဆွေချင်းဖုန်းဆက်ပြောစရာဖုန်းလိုင်းပါဖြတ်ခံရတော့ဘာမှမသိကြရရှာပါဘူး။ ဒီနိုင်ငံကလူတွေဟာအနိုင်ကျင့်ခံသက်သက်မို့သနားစရာကောင်းပါတယ်။
2026-09-28 08:51:50
71
user78827909483985 :
အားလုံးဘေးကင်းချမ်းသာပါစေ။🙏🙏🙏
2026-09-28 15:11:35
0
Aung Myat Moe :
သတိထားမိတာတောင်စောင်းမှာဘုရားလေးကျန်ခဲ့တယ်
2026-09-28 12:50:03
16
August :
ဘေးကင်းအောင်ကြိုးစားရှောင်ကြပါနော်
ရန်ကုန်28.9=2026
ည6နာရီ35မီးနစ်
မိုးတအားရွာနေတယ်
လေတော့မပါဘူး
ရန်ကုန်ရွှေပြည်သာ
2026-09-28 12:04:05
25
Sai Kham Lao ( Namma ) :
မြေပြိုရေကြီးပေမဲ့ တောင်စောင်းပေါ်က စေတီလေးက မပြိုဘဲကျန်နေတယ်
🙏🙏🙏🙏🙏
2026-09-28 12:57:50
6
မောင်ပိုင်"💞💓 :
နိပေါမှာမြေပြို ရေကြီးတာ တရုတ်နဲ့ အမေရိကန်ကို တရားစွဲတယ်
တို့နိုင်ငံမှာရော ဘယ်သူကိုတရားစွဲရမလဲ😳
2026-09-28 09:22:44
17
😊😊😊 :
မြန်မာအသံတွေမှ မဟုတ်တာ
2026-09-28 09:02:59
5
wai mar tun :
တောကျဲရေတံခွန်ပေါ့😳😳😳စိတ်မကောင်းလိုက်တာ
2026-09-28 09:23:17
5
7702026 :
အားလုံးဘေးကင်းပါစေ
ကူညီသူအမြန်ရောက်ပါစေ
2026-09-28 08:43:22
32
user23843033449962 :
အားလုံးဘေးရန်ကင်းကြပါစေ🙏🙏🙏
2026-09-28 09:03:28
6
S🪼 :
ထားဝယ်ရေဘေးဟာထားဝယ်တွေကိုယ်တိုင်ဘဲ့ကူနေရတဲ့ပုံစံပါဘဲ့ အထက်ပိုင်းမှာဖြစ်တုန်းကထားဝယ်သားတွေဟာကယ်ဆယ်ရေးတွေငွေအင်အားတွေထည့်ဝင်ခဲ့ကြတယ် တကယ်တမ်းထားဝယ်မှာဖြစ်တော့ဘယ်လူမျိုးစုမှထားဝယ်ကိုမကြည့်ကြဘူး ဒါဟာလဲသင်ခန်းစာတစ်ခုပါဘဲ့ ငါတို့ကောင်းပေးတိုင်းငါတို့အပေါ်ကောင်းပေးချင်မှကောင်းပေးမှာ ငါတို့အချင်းချင်းစည်းစည်းလုံးလုံးနဲ့ကူညီကြမယ်🙏
2026-09-28 13:40:20
1
May Oo :
ကပ်ဘေးကြီးတွေကျော်လွှားနိုင်ကြပါစေ
ဘေးကင်းကြပါစေ🙏🙏🙏🙏🙏🙏
2026-09-28 09:07:03
12
lwin :
စိတ်မကောင်းလိုက်တာ အားလုံးဘေးကင်းကြပါစေ😳😳😳
2026-09-28 08:31:31
5
Thet Thant Kyaw :
🙏🙏🙏အားလုံးဘေးကင်းပါစေ ကူညီသူတွေအမြန်ရောက်လာပါစေ🙏🙏🙏
2026-09-28 08:20:12
10
ထာဝရဆိုတာမရှိ. :
အားလုံးဘေးကင်းကြပါစေရှင့်🙏🙏🙏🙏🙏
2026-09-28 12:36:22
2
Zaw Min :
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်ကစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တောကျဲနှင့် ကဒက်ငယ်ကျေးရွာတို့ရှိ နေအိမ်အများအပြားမှာ တောင်ပြိုကျမှုကြောင့် မြေနီများ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုနှင့် တောင်ပြိုကျမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ဒေသခံ ပြည်သူများ အခက်အခဲနှင့် ရင်ဆိုင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
2026-09-28 07:43:53
19
Oo Lay Gyi :
ကပ်ကြီးသုံးပါးမှကင်းဝေးကြပါစေ🥰🥰🥰
2026-09-28 09:51:37
1
thirisandartun_ :
ဘယ်လ်ု လှူ လ်ု့လဲ ရလဲ ရှင့်
2026-09-28 14:06:33
0
Ma Ma :
ဘေးကင်းကြပါစေ
2026-09-28 09:06:51
2
S.S :
ကပ်၃ပါးဘေးကင်းဝေးကြပါစေ🙏🏻
2026-09-28 09:58:43
1
Wint Wint :
ရက်စွဲလေးပြောပါဉိး
2026-09-28 10:14:16
1
Poker :
ကမ္ဘာကြီးက ဘယ်လိုတေဖြစ်ကုန်ပြီလဲ
2026-09-28 11:27:02
1
Phyu Thandar :
အားလုံးဘေးကင်းကြပါစေ🙏အသက်ဘေးမှကင်းဝေးကြပါစေ🙏
2026-09-28 09:53:24
1
Emerald :
ဘေးကင်းကြပါစေအမျိုးတို့ရေ
2026-09-28 08:52:13
1
Thae Thae :
အချိန်လည်းမရေးပါလား
2026-09-28 08:37:20
2
To see more videos from user @zaw.min0751, please go to the Tikwm
homepage.