@myanmar_now: ကျောက်တော်မြို့ ဗုံးကြဲခံရ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နေရာနှစ်ခုကို စစ်တပ်က ယနေ့(စက်တင်ဘာ ၂၈) နေ့လယ်က လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် အရပ်သားများ သေဆုံး၊ ထိခိုက်သူများရှိကြောင်း အာရက္ခတပ်တော် AA က ရုပ်သံဖိုင်နှင့်တကွ သတင်းထုတ်ပြန်သည်။ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးနှင့် ဈေး(ဒေသအခေါ် အိန္ဒိယဈေး) တို့ကို နေ့လယ် ၁၂နာရီကျော်အချိန်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာ အရပ်သားများ ထိခိုက်ခဲ့ခြင်း ဖြစ်သည်ဟု AA က ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်သော သံတွဲမြို့နယ်၊ ငပလီကိုလည်း ယနေ့ နေ့လယ် ၁၂နာရီခွဲခန့်တွင် စစ်တပ်က ဗုံးကြဲခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။ သေဆုံး၊ ထိခိုက်သူ အရေအတွက် အတိအကျ မသိရသေးပါ။ Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ #MyanmarNow #breakingnews

Myanmar Now
Myanmar Now
Open In TikTok:
Region: TH
Monday 28 September 2026 07:32:31 GMT
134593
7370
182
560

Music

Download

Comments

u.lay.gii
u lay gii :
လေယျဉ်ဆီမှမရှိတော့တာဘယ်ကလေယျဉ်ကပစ်မှာလဲ
2026-09-28 08:20:19
79
khaipi007khaipi
မင်းချစ်သူ😍😍 :
စစ်ရေးပစ်မှတ်ကပြည်သူတေလာကွာ
2026-09-28 08:31:41
23
user1687106763169
user1687106763169 :
ယုတ်မာလိုက်ကြတာကွာ😡
2026-09-28 14:34:06
3
ngenge131095
Zara 💜♏💜♏💜 :
😡😡😡ယုတ်မာတာ
2026-09-28 07:53:42
27
kyi4359
Kyi :
အောက်တန်းကျလိုက်တာ ဒို့ပြည်သူတွေ ဘယ်တော့မှ အေးအေးချမ်းချမ်းနေရပါ့မလဲ မသေခင်လေးကို တိုင်းပြည်ကြီး သာယာဝပြောတဲ့ နိင်ငံအဖြစ်မြင်ခြင်လိုက်တာ 😭😭😭😭😭😭😭😭
2026-09-28 09:05:52
11
mcaung5509
MC(အလတ်ကောင်) :
အဲ့လိုလုပ်တော့ စစ်တပ်က ထိန်းချူပ်နိင်ပီတဲ့လား
2026-09-28 08:47:43
22
zawmyohtet_2
zawmyohtet_2 :
ဘယ်လိုစိတ်နဲ့ ကြိုက်တဲ့သူတွေက ရှိတာလဲ ပြည်သူတွေအိုးအိမ်အသက်တွေလေ လက်နက်ကိုင်တွေနဲ့ ဘာဆိုင်လို့လဲ🥺
2026-09-28 09:12:09
11
aung.komyoown
Aung Komyoown :
ပြည်သူတွေကိုရက်စက်လိုက်ကြတာဗျာ
2026-09-28 10:12:02
5
mobile12345670
THØŘ :
အကြမ်းဖက်အားမပေးသော ပြည်သူများ အန္တရာယ်ကင်းပါစေ 🙏🙏🙏
2026-09-28 09:34:32
17
whatsapp00959791318084
Moe Sat by Myo Zaw :
ငါတုိ့နုိင်ငံသားတွေလေ, ငြိမ်းချမ်းရေးရပြိး အမြန်ဆုံးအေးချမ်းကြပါတော့🥺🥺
2026-09-28 08:07:00
13
h8762756
H :
ခွေးစစ်တပ်
2026-09-28 08:17:20
7
myo.min1000
Ko Myo :
စိတ်မကောင်းပါဘူးဗျာ ပြည်သူပြည်သားတွေ ဘေးကင်းကြပါစေ
2026-09-28 11:18:12
6
crying.rainbow7
Crying Rainbow :
ရခိုင်လား
2026-09-28 10:08:57
2
r.kar.shwe
R Kar Shwe :
ဘယ်မာလည်းတရားမျှတမှု ဘယ်မာလည်းစာနာမှုတွေ 😔😔😔 လူတွေက ကိုယ့်အသားနာမှနာတတ်ကြတာ ကိုယ်မဖစ် သေးသ၍တော့စာနာမှု ညာတာမှုမရှိသေးဘူး 😔😔😔ရင်နာရပါတယ်ဗျာ
2026-09-28 14:28:49
2
khin.san.wai3950
khin San wai :
😳😳😳ရက်စက်လိုက်ကြတာလုပ်ရက်လိုက်ကြတာမြန်ဆုံးအေးချမ်းရပါစေမြန်မာပြည်သူပေါင်းအားလုံး
2026-09-28 09:23:07
1
u.aung.aung803
u aung aung :
ဘဝကခဏလေးပါ ကိုချင်းစာတရားထားနိုင်ပါစေ
2026-09-28 13:30:06
1
moeyusan345
✨Bo Jack🦮(ဘိုဂျက်)✨ :
မြင်ရတာစိတ်မကောင်းဘူးဗျာ၊ပြောစရာစကားတောင်မရှိ😔
2026-09-28 12:27:12
2
shinnn8693
Shinnn :
ဘာလူမျိုးလည်းဟ
2026-09-28 08:29:01
5
user9729007499065
ပာန်လင်း :
ဘေးကင်းကြပါစေ
2026-09-28 08:27:11
2
win.thi_
Win thiಥ_ಥ★ :
ဘေးကင်ကြပါစေ
2026-09-28 08:15:56
2
user999nunu9
## နီယု ## :
အားလုံးဘေးကင်းကြပါစေ။
2026-09-28 08:08:31
3
sawedcygscm
Eddie :
အန္တာရာယ်ကင်းဘေးရှင်းပါစေ။ခုလိုအဖြစ်တွေထပ်မကြုံပါရပါစေနဲ့။
2026-09-28 08:19:17
4
ko.luck30
Ko luck :
ရခိုင်သားတို့ ဘေးကင်းကြပါစေ
2026-09-28 08:10:18
3
theint.theint4387
Theint Theint :
ပြည်သူတွေဘေးကင်းကြပါစေ
2026-09-28 08:09:10
2
zaw..lin.zaw..lin
5/သား သာစည်ရွာသား :
ပြည်သူတွေဘေးကင်းပါစေ
2026-09-28 08:06:46
2
To see more videos from user @myanmar_now, please go to the Tikwm homepage.

Other Videos


About