@arno17128: စမ်းချောင်းရှိ ရွိုင်ရယ်ခတ္တာဟိုတယ် လျှပ်စစ်မီးခိုးယူသဖြင့် ပိုင်ရှင်များနှင့် မန်နေဂျာတို့ အမှုဖွင့်ခံရ ၂၀၂၆ စက်တင်ဘာ ၂၈ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ ရွိုင်ရယ်ခတ္တာဟိုတယ်မှ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုကြောင့် မီတာဖြုတ်သိမ်းခံရပြီး နစ်နာကြေး ကျပ် ၁၃၈ သန်းကျော် ပြန်ပေးသွင်းရန် အမိန့်ထုတ်။ မီးခိုးယူသုံးစွဲခဲ့သည့် ဟိုတယ်ပိုင်ရှင် ဦးထက်အောင်လှိုင်၊ ဦးကျော်ခိုင်နှင့် မန်နေဂျာ ဦးနေမင်းအောင် တို့ကို စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထား။ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခတ္တာလမ်း၊ အမှတ် (၂၃) ရှိ ရွိုင်ရယ်ခတ္တာဟိုတယ်သည် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့က ကွင်းဆင်းစစ်ဆေးစဉ် လက်ပူးလက်ကျပ် စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် လျှပ်စစ်မီတာအား ချက်ချင်း ဖြုတ်ယူသိမ်းဆည်းခဲ့ပြီး ဘဏ္ဍာငွေ နစ်နာဆုံးရှုံးခဲ့သည့် ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းအား ပြန်လည်ပေးသွင်းရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါ မီးခိုးယူသုံးစွဲမှုနှင့် ပတ်သက်၍ ဟိုတယ်ပိုင်ရှင်များဖြစ်ကြသော ဦးထက်အောင်လှိုင်၊ ဦးကျော်ခိုင် နှင့် မန်နေဂျာ ဦးနေမင်းအောင် တို့အား လျှပ်စစ်ဥပဒေဖြင့် အရေးယူနိုင်ရေး စမ်းချောင်းမြို့မရဲစခန်းတွင် အမှုအမှတ် (ပ-၃၉၉/၂၀၂၆) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားသည်။ #fyppppppppppppppppppppppppppppppppppppppppp #

ARNO
ARNO
Open In TikTok:
Region: US
Monday 28 September 2026 11:55:36 GMT
4940
61
1
5

Music

Download

Comments

mgmg4181
မင်းညြိုကီး :
သူဌေးတွေသူခိုးဖြစ်ပြီးဆင်းရဲသားတွေကဒမြဖြစ်တာဘာဆန်းလဲ
2026-09-28 12:39:00
1
To see more videos from user @arno17128, please go to the Tikwm homepage.

Other Videos


About