@user5583986614835: 😢လင်ကံမကောင်းတဲ့ မိန်းမတစ်ယောက်ရဲ့ မပြောဖြစ်တဲ့မျက်ရည် 😢လင်ကံမကောင်းတဲ့ မိန်းမတစ်ယောက်ဆိုတာ လူတွေထင်သလို အိမ်ထောင်ရေးမကောင်းလို့ ငိုနေတဲ့ မိန်းမတစ်ယောက်ပဲ မဟုတ်ပါဘူး။ 😢သူ့မျက်ရည်တွေထဲမှာ မပြောဖြစ်ခဲ့တဲ့ စကားတွေရှိတယ် မတောင်းဖြစ်ခဲ့တဲ့ နားလည်မှုတွေရှိတယ် မရခဲ့တဲ့ နွေးထွေးမှုတွေရှိတယ် ပြီးတော့ အကြိမ်ကြိမ် ခွင့်လွှတ်ပေးခဲ့ရတဲ့ အကြောင်းတွေ အများကြီးရှိတယ်။ 😢တစ်ခါတလေ သူမငိုတာက မနာလို့မဟုတ်ဘူး။ ငိုပြလိုက်ရင်တောင် ဘယ်သူမှ နားမလည်တော့ဘူးဆိုတဲ့အထိ ပင်ပန်းသွားလို့ပါ။ 😢အိမ်ထဲမှာ ပြုံးနေတတ်တယ် လူတွေအရှေ့မှာ အဆင်ပြေသလို နေတတ်တယ် မဖြစ်ပါဘူး လို့လည်း ပြောတတ်တယ်။ 😢ဒါပေမယ့် တစ်ယောက်တည်းကျန်တဲ့ ညတွေမှာတော့ ခေါင်းအုံးတစ်လုံးကို ဖက်ပြီး မပြောဖြစ်ခဲ့တဲ့ နာကျင်မှုတွေကို မျက်ရည်နဲ့ပဲ ပြောပြနေတတ်တယ်။ 😢သူမလိုချင်တာ အများကြီးမဟုတ်ပါဘူး။ ကိုယ့်ဘေးမှာရှိတဲ့သူက ကိုယ့်တန်ဖိုးကို သိပေးဖို့၊ ကိုယ့်ရင်ထဲက စကားကို နားထောင်ပေးဖို့၊ အခက်အခဲတွေကြားမှာ မင်းတစ်ယောက်တည်း မဟုတ်ဘူး လို့ ပြောပေးဖို့ပါပဲ။ 😢မိန်းမတစ်ယောက်ရဲ့ သည်းခံမှုကို သူမ မနာကျင်ဘူးလို့ မထင်လိုက်ပါနဲ့။ တိတ်ဆိတ်နေတာဟာ အားနည်းလို့မဟုတ်ဘူး။ အကြိမ်ကြိမ်ပြောပြီး မပြောင်းလဲတဲ့အရာတွေကို နောက်ထပ်စကားမပြောချင်တော့တဲ့အတွက် ဖြစ်နိုင်တယ်။ 😢တစ်နေ့နေ့မှာ သူမ မငိုတော့ဘူးဆိုရင်လည်း နောက်ဆုံးတော့ အဆင်ပြေသွားပြီ လို့ မထင်လိုက်ပါနဲ့။ 😢တချို့မျက်ရည်တွေက မျက်နှာပေါ်က မကျတော့ဘဲ ရင်ထဲမှာပဲ ခြောက်သွားတတ်တယ်။ 😢အဲဒီအချိန်မှာတော့ သူမဟာ မေတ္တာကို မလိုချင်တော့တာမဟုတ်ဘူး မေတ္တာနဲ့ပဲ နာကျင်ခဲ့ရတာတွေကြောင့် မေတ္တာကိုတောင် ကြောက်လာတာပါ။ 😢လင်ကံမကောင်းခဲ့တဲ့ မိန်းမတစ်ယောက်ကို သူမရဲ့ အတိတ်နဲ့ မတိုင်းတာပါနဲ့။ 😢သူမ မျက်ရည်ကျခဲ့တဲ့ အကြောင်းကို မသိဘဲ သူမရဲ့ဘဝကို မဆုံးဖြတ်ပါနဲ့။ 😢ဘာဖြစ်လို့လဲဆိုတော့ လူတွေ မမြင်ခဲ့တဲ့ညတွေမှာ သူမတစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတဲ့ နာကျင်မှုတွေဟာ သူမရဲ့မျက်ရည်တစ်စက်ထက်တောင် ပိုလေးနက်နေတတ်လို့ပါ😢🥀 🌿စာဖတ်သူကျန်မာဘေးကင်း သောကကင်းဝေးပါစေ🙏🌹❤🍀🌿 🌿✍win min htun 🙏🌷❤🌲🍀🌾 🌴🍂🌾🌵🍀🌸🌴🍂🌲 🍀🌾🍂🌴🌿🌲🌵🌸🌴 🌿🍂🌴🍂🌾🌵🍀🌿🌸 #creatorssightinsights #f@Win Min Htun
ဖြိုး လေး
Region: TH
Monday 28 September 2026 13:05:35 GMT
Music
Download
Comments
ko.thu :
ခင်လိုရမလား
2026-09-30 05:49:52
0
°•°♥️NlLARWlN♥️°•° :
ချိ
2026-09-29 05:40:37
0
Saung Lay :
2026-09-28 23:49:11
0
Hein Zaw Oo :
2026-09-30 01:17:50
0
yethu :
🥰🥰🥰
2026-09-28 13:15:34
0
Ok :
🥰🥰🥰
2026-09-29 15:49:43
0
ဆင်ရုပ်ပိုင်ရှင်လေးပါဗျာ :
🥰🥰🥰
2026-09-28 13:19:47
0
အောင်က်ုကို :
[Heartwarming][Heartwarming][Heartwarming]
2026-09-30 02:38:34
0
ko.thu :
[Red heart][Red heart][Red heart]
2026-09-30 05:49:43
0
To see more videos from user @user5583986614835, please go to the Tikwm
homepage.