@myanmar_now: ထားဝယ်ခရိုင် ရေကြီးမြေပြိုမှု သေဆုံးသူ ၁၀ ဦးကျော်ရှိလာ၊ ၃၀ ကျော် ပျောက်ဆုံးနေ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်က ကျေးရွာ ၆၀ ကျော်မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်နေပါတယ်။ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ ၁၀ ဦးကျော်၊ ပျောက်ဆုံးသူ ၃၀ ကျော်ရှိတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေမှာ ထိခိုက်မှု အဆိုးဆုံးဖြစ်နေပါတယ်။ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ရွာမှာ မြေပြိုမှုကြောင့် လူဒါဇင်ချီ ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြပါတယ်။ ထားဝယ်–မြိတ်လမ်းပေါ်က ကညင်ချောင်းရွာတံတား ပျက်စီးသွားတာကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျောက်ဆုံးသူတွေကို ရှာဖွေဖို့နဲ့ ပျက်စီးနေတဲ့ လမ်းတွေကို ရှင်းလင်းဖို့ စက်ယန္တရားကြီးတွေ အရေးပေါ်လိုအပ်နေပါတယ်။ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတဲ့ ဒေသခံတွေလည်း စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုလှိုင်း/ Myanmar Now Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။ #MyanmarNow #ထားဝယ် #ရေကြီးမှု
Myanmar Now
Region: TH
Monday 28 September 2026 14:34:12 GMT
Music
Download
Comments
zzz :
အစိုးရက သုံးစား မရတော့
2026-09-28 23:29:27
61
M.M.L🌻🌻 :
မြန်မာပြည်အောက်ပိုင်းကရေကြီလို့tayကြေပျက်ဆီကြအထက်ပိုင်ကဗုန်းကြဲခံရလို့tayကြေပျက်ဆီကြတယ်မြန်မာပြည်ကြီးအေးချမ်းပါစေတော့🙏
2026-09-28 15:56:46
254
Mg Chan :
ကျွန်တော်တို့ကဒတ်ငယ်ရွာလေးကကျွန်တော်တို့အမျိုးတွေတော့ရှုံးဆုံးလိုက်ရပီဗျာ🥺😓🥀💔
2026-09-29 06:51:11
28
โจั :
မင်းဆိုးလက်ထက်မှအမျိုးမျိုးဖြင့်ပျက်နေတဲ့ထားဝယ် တိုင်းမှာအေးချမ်းပါတော့ပြည်သူတွေလည်းနေစရာမရှိပြီ
2026-09-29 01:40:58
11
💞 ꧁ Aung .Moe . Zin꧂ 💞 :
ငါတို့နိူင်ငံမှာ လဲ စစ်ဖြစ်လို့ဒုက္ခရောက်လိုက် သဘာဝဘေးကတစ်မျိူး
😌😌
2026-09-29 01:25:01
11
Apricot 79 :
ဘယ်နေ့ကလဲ
2026-09-29 09:57:09
0
dtdf :
အဲ့တာနဲ့တင်မပီးသေးဘူး အန်တီညိုကလာဦးမယ်🥺🥺🥺
2026-09-29 02:11:31
6
Mi phyu :
အ ကြောင်း ကြောင့် အကျိုး ြဖစ်နေဒါပါ နိုင်ငံတိုင်း ြဖစ်နေဒါပါ သဘာ၀ဘေးက
2026-09-29 02:11:30
3
sky family :
ခုနှစ်ရက်သားသမီးအားလုံး ဘေးကင်းကြပါစေ
2026-09-28 14:52:51
40
ဘိုးထင်👻 :
လေယာဉ်ငယ်တွေနဲ့အမြန်းဆုံးကယ်ဆယ်ရေတွေလုပ်ပါ ပြည်သူကိုဗုံးကြဲဖို့ပဲမသုံးပါနဲ 😏
2026-09-29 01:01:43
13
Toe Toe Myint :
ဒို့တိုင်းရင်းသားမောင်နှမတွေ အားလုံးဘေးကင်းကြပါစေ မြင်တွေ့ရတာ ရင်တွေထဲခံစားရပါ တယ်
2026-09-28 15:58:25
15
WinNaing :
ပြည်သူအများအန္တရာယ်ကင်းကြပါစေ😪😪😪😪😪😪😪😪😪😪
2026-09-28 16:43:50
5
တော်ဝင်သဇင် :
🙏🙏🙏၇ရက်သာသမီးတွေဘေးရန်ခပ်သိမ်းကင်းကြပါစေ
2026-09-28 15:00:52
10
Aye Aye Aung :
လူလုပ်တဲ့ဘေးကတမျိုး
သဘာဝဘေးကအမျိုးမျိုးနဲ့
ဘဝတွေပါကွာ
2026-09-28 16:35:20
9
user365220969476 :
စိတ်မကောင်းပါဘူးကွာ တို့ပြည်သူတွေကလည်းတစ်ပူပေါ်နှစ်ပူမကဘူးသုံးပူလေးပူဖြစ်နေပြီ
2026-09-28 16:06:11
7
𝓣𝓸𝓶𝓶𝔂🌚 :
ဘိတ်ထား၀ယ်က နီးလားဗျ ဘိတ် ဘက်ရော ဘယ်လိုနေလဲဗျ
2026-09-28 17:16:04
2
“H” :
ဘိတ်ကအမေတို့လည်းအဆက်သွယ်မရဖြစ်နေတယ်
2026-09-29 02:34:24
1
@scear 66072 :
တိုင်းပြည်မင်မကောင်တော့
2026-09-29 12:25:05
2
Thein Thein :
ကပ်တွေက ဆိုက်နေတာ လူတွေက မသိကြဘူး ဘုရားတရား များများလုပ်ကြပါ
သေချင်းတရားက ကျောကပ်နေတာ စိတ်မကောင်းယုံမှတပါး 😥😥😥😥😥😥😥😥
2026-09-29 04:11:37
4
San Yaung ni :
ဘေးကင်းပါစေအာလုံး 🙏🙏🙏🙏🙏
2026-09-29 03:31:39
2
shin. thant. phyu :
ဘေးကင်းကြပါစေ
2026-09-29 05:02:24
1
Anty Mya :
ဘေးကင်းကြပါစေ
2026-09-29 04:23:02
2
Ko Chit1996 :
ကိုယ်ကျင့်သီလကိုတတ်နိုင်သလောက်စောင့်ထိန်းကြပါဗျ၃ပါးနိုင်ရင်၃ပါး၄ပါးနိုင်ရင်၄ပါးစောင့်ထိန်းကြပါဗျာ😔😔😟
2026-09-29 07:22:44
2
user7238181104368 :
အားလုံး ဘေးကင်းကြပါ စေ🙏
2026-09-29 03:48:36
2
♈️👩🦰A Thae👩🦰♈️ :
ဘိတ် ထားဝယ် မှာရှိ နေတယ်လို့ပဲသိထားပြီးအဆက်သွယ်ပျက်နေတဲ့ အဖေ တို့မိသားစုအတွက်တော့ စိုးရိမ်မိပါတယ်😢😢😢
2026-09-29 09:08:40
1
To see more videos from user @myanmar_now, please go to the Tikwm
homepage.