@aungmyonaing111111: 🙇လူတွေကို ကြည့်မိတိုင်း... သံဝေဂတစ်ခုတော့ ရမိတယ်။ တချို့က မာနတွေနဲ့ အမြင့်တက်နေကြတယ်။ တချို့က အတ္တတွေနဲ့ မျက်စိပိတ်နေကြတယ်။ ကိုယ့်ထက် နိမ့်တယ်ထင်တဲ့သူကို အထင်သေးတယ်။ ကိုယ့်ထက် အားနည်းတယ်ထင်တဲ့သူကို နှိမ့်ချဆက်ဆံတယ်။ ကိုယ့်မှာ အာဏာရှိလို့... ကိုယ့်မှာ ငွေရှိလို့... ကိုယ့်မှာ ဂုဏ်ရှိလို့... အဲဒီအရာတွေက ထာဝရပိုင်ဆိုင်ခွင့် ရထားသလိုနဲ့ ငါမှငါဆိုတဲ့ စိတ်နဲ့ လူလူချင်း နာကျင်အောင် ပြောဆိုကြတယ်။ 🧘ဒါပေမယ့်... အချိန်တန်ရင် ဘယ်သူမှ မကျန်ရစ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ အားလုံးဟာ မြေတစ်ဆုပ်နဲ့ ပြာတစ်ဆုပ်ပါပဲ။ တစ်နေ့မှာ အားလုံးဟာ ထွက်ခွာသွားကြရမယ့် ခရီးသည်တွေပါ။ ဒါပေမဲ့ ငါမှငါဆိုတဲ့အတွေးနဲ့ မာနတွေ ထူပြောနေကြတယ်၊ မနာလိုမှုတွေနဲ့ အချင်းချင်း လောင်ကျွမ်းနေကြတယ်။ သူများအပြစ်ကို ရှာရတာနဲ့ပဲ ဘဝကို ကုန်ဆုံးစေတဲ့အခါ မိမိကိုယ်တိုင်ရဲ့ အမှားနဲ့ အချိန်တွေ ကုန်သွားတာကို မသိလိုက်ကြဘူး။ 🧘အခိုက်အတန့်လေး ရထားတဲ့ ဘဝမှာ မုန်းတီးခြင်းတွေနဲ့ အချိန်မဖြုန်းသင့်ပါဘူး။ အားလုံးဟာ သေခြင်းတရားရဲ့ လက်ခုပ်ထဲက ရေစက်လေးတွေပါပဲ။ ကိုယ့်ကိုအပြစ်ပြောနေသူကို သွားပြီးမုန်း‌စရာ မလိုပါဘူး၊ သူတစ်ပါးကို မနာလိုမယ့်အစား ဝမ်းမြောက်တတ်ပါ။ အမုန်းတွေ သိမ်းထားမယ့်အစား ခွင့်လွှတ်တတ်ပါ။ မာနကို ဖက်တွယ်မယ့်အစား နှိမ့်ချတတ်ပါ။ 🙏နောက်ဆုံး... ဒီလောကကြီးကနေ ပြန်ထွက်သွားတဲ့အချိန်မှာ... ယူသွားလို့ရတာ ငွေကြေးမဟုတ်ဘူး... ဂုဏ်ပုဒ်မဟုတ်ဘူး... ကိုယ်ပြုခဲ့တဲ့ ကံနဲ့ ကုသိုလ်ပဲ ကိုယ့်နောက်ကို လိုက်လာမှာပါ။ ကောင်းခြင်း ဆိုးခြင်းတွေဒွန်တွဲနေတဲ့ လောကထဲမှာ အကောင်းမြင်စိတ်ရှိမှ လူဖြစ်ကျိုးလည်းနပ်စေမှာပါ။ #စာပေချစ်သူ✍ #သံဝေဂရကြပါစေ #foryoupage❤️❤️ #crd #fypシ゚viral🖤tiktok

📚စာပေချစ်သူများဆုံဆည်းရာ📚
📚စာပေချစ်သူများဆုံဆည်းရာ📚
Open In TikTok:
Region: MM
Tuesday 29 September 2026 00:01:25 GMT
116498
13522
245
700

Music

Download

Comments

lwin.moe4763
Lwin moe :
စာသားလေး သဘောကျလို့ ပြန်လည်အသုံးပြုချင်ပါတယ် စာသားကို ကူးရအောင် မန့်ထဲမှာချပေးပါလားဗျာ😊
2026-09-29 04:00:48
6
user5617620681566
မင်းမုန်းဆုံး ငါ :
ကျေးပါ အလို အနှစ်သရ ရှိတဲ့စာတွေတင်ပေးလို့
2026-09-29 15:02:24
2
myat.thu.aung097
နန်းထိပ်ထား🇨🇷🇲🇲❤️ :
စာသာလေးချပေးပါလား
2026-09-29 16:45:29
1
daw.thidar.hlaing65
Panda🐼 🐼 :
မာနမရှိဘူးလို့တော့မလိမ်ချင်ဘူး ကိုယ့်ကိုအသိ😔မှတ်မပြုတဲ့နေရာမှာမနေတတ်တာပါ 😌😌
2026-09-30 04:15:45
1
hnin.yu.wai588
🍎Hnin Yu Wai🌹 :
ပြန်တင်ခွင့်ပြုပါနော်ရှင့်💐
2026-09-30 03:56:31
1
htetzawwin01
👑 𓆩 Htetgyi 𓆪 :
ကူးယူခွင့်ပေးပါဆရာ
2026-09-30 03:58:02
1
thanthanhtay9981
ThanThanHtay :
တန်ဘိုးရှိတဲ့စာသားလေးပါစာလေးချပေးပါလားရှင်🥰
2026-09-29 08:56:09
2
kopay676
MOE MA KHA :
အရင်က ကျွန်တော်မာနမထားတတ်ဘူး တွေရာလူတွေနဲ့ရောနေတတ်တယ် ဒါပေမယ့် လိုသုံးပဲကျွန်တော့ကို လာပြီးဆက်ဆံနေတာကျွန်တော်မသိခဲ့ဘူး နောက်ဆုံးဒုက္ခရောက်မှသိခဲ့ရတာ အားနည်းသူက အားကိုးကြီးနဲ့လာပေါင်းတယ် အပေါ်ကလူသူတို့ထက်တကွက်ပိုနေတဲ့ကျွန်တော့်အားသာချက်ကိုအသုံးပြုချင်တဲ့အတွက် ကျွန်တော့်ကိုအသုံးချခဲ့တာ သိပြီးနောက်ပိုင်းကျွန်တော်မာနထားလာတတ်တာကြတော့ဘယ်လိုပြောရမလဲ
2026-09-29 20:16:49
3
hnin.nway58
𝓗𝓷𝓲𝓷 𝓗𝓷𝓲𝓷 𝓝𝔀𝓪𝔂 :
စာသားလေးcopyယူပြီးပြန်တင်ပါရစေ💖❤️🥰
2026-09-29 10:32:02
3
koaungkomyint5
Oo Aung aung :
အနှစ်တရားဆိုတာဝေလွန်းပါတယ် နောက်ထက် နှစ်၅၀ဆိုရင်ပဲ မင်းယောငါယော သူယော ရှိနေပါအုံးမလားပေါ့
2026-09-29 13:20:57
2
soesandartun0475
☘️S☘️S☘️T☘️ :
တန်ဖိုးရှိတဲ့စားသားတွေ ဘဝအတွက် သင်ခန်းစာလဲရတယ် ကျေးဇူးပါရှင့်🥰
2026-09-29 13:22:18
2
witwartv
ခြူး ခြူး :
ယူပီးတင့ပါရစေရှင် ကြိူက်လို့ပါနော်❤️🙏
2026-09-29 11:25:14
2
wai.hnin.kyu7
Wai hnin Kyu :
စာသားလေးကူးယူပါရစေရှင့်
2026-09-29 11:53:27
3
tuutuu2577
Lu Ca :
ဟုတ်ပါတယ်
2026-09-29 17:33:34
1
nangnh56
🅒 :
copy ယူခွင့်ပြုပါရှင့်
2026-09-29 12:18:38
1
userthae200126
🙈.😘.🙊.T. .N. .H.🤗.🙈.🙉 :
စာသားလေးသဘောကြလို့ကူးလိုက်ပြီနော်
2026-09-29 13:20:51
1
tun.naung.win5
Tun Naung Win(အကြီးကောင်) :
တန်ဖိုးရှိတယ့် စာသားတေမို့ ကူးယူခွင့်ပေးပါ🥰🥰🥰
2026-09-29 15:49:00
1
ma.soe8120
ARAKAN :
ပြန်တင်ခွင့်ပြုပါ🥰
2026-09-29 07:51:13
1
zin.mar.lwin298
😚😚မဇင်မာနှင်း🥰🥰 :
ဗဟုသုတရတဲ့စာလေးတွေဖတ်ရလို့ကျေးဇူးပါ
2026-09-29 11:00:50
4
shwemyo34
Hay mar myo :
စားသားလေးသဘောကျလို့ပြန်တင်ပါရစေ
2026-09-29 14:40:03
0
theint67506
❤️❤️Theint❤️❤️ ဝလုံးလေး❣️❣️ :
ဒီနေ့နဲ့မနက်ဖြန်တောင်မသေချာတဲ့လောကကြီးမှာဘာတွေများမက်မောစရာရှိမလဲကွယ် အတ္တတွေ မာန်မာနတွေနဲ့ဖုံးလွှမ်းပြီးပူလောင်နေကြတယ် သံဝေဂတွေလဲရပါရဲ့ကွယ် မသေခင်ကို့နောက်ပါ့မဲ့အထုတ်ကိုပဲစုပြီးဘဝကိုအေးချမ်းစွာပဲဖြတ်သန်းချင်တယ်
2026-09-29 10:28:54
2
flower.lay5631
Single.Mother :
Copy.ယူခွင့်ပြုပါနော်
2026-09-29 12:13:28
1
san.mar.lar16
San. Mar. Lar :
တင်တဲ့စားသားလေးတွေကတန်ဖိုးရှိလို့ပြန်တင်ခွင့်ပြုပါနော်
2026-09-29 15:28:37
1
user6852767242926
ဦးမြင့်သိန်း သမီး အလတ်မ :
မှန်လိုက်တာနော့် လူဘဝ ခဏတာလေးပါ 🙏🙏🙏
2026-09-29 14:05:17
1
nyo.chaw6011
Nyo Chaw :
သိမ်မုန်သောစကာပါတင်ပေလိိုကျေးစုပါ
2026-09-29 05:58:44
1
To see more videos from user @aungmyonaing111111, please go to the Tikwm homepage.

Other Videos


About