@aungsitun87: တနေ့တာ တရားခွင်အတွေ့အကြုံ •••••••••••••••••••••••••••••••••••••••• 😔 သက်သေခံဥပဒေပုဒ်မ ၆၀ မှာက " နူတ်သက်သေခံချက်သည့် မည်သည့်ကိစ္စမျိုး တွင် မဆို တိုက်ရိုက်ဖြစ်စေရမည်" ဆိုပြီး ဖော်ပြထားတယ်။😒 😔 တဆင့်ကြား သက်သေခံချက် hearsay evidences ကို လက်ခံခြင်း မပြုဖို့ တားမြစ်ထားတယ်။😏 😉 ဒါပေမယ့်လည်း သက်သေက ခါးကြားက စာအုပ်ကို ထုတ်ပြီး ထွက်ဆိုချက် ပေးတယ်။ လူအမည်တွေရော၊ ပစ္စည်း အမျိုးအစားတွေက အစ ကွက်တိ ၊ ရက်စွဲ၊ အချိန်နေရာ တစ်ခုမှ မလွဲ မှန်အောင် ကြည့် ထွက်တယ်။😔 😏 ဒီလို မှ မထွက်လဲ ဘယ်လို ထွက်ရမှာလဲ တဲ့။ တာဝန်တွေကအများကြီး မမှတ်မိနိုင်ဘူး တဲ့။ ပြီးတော့ သက်သေခံဥပဒေပုဒ်မ ၁၅၉ မှာလည်း ကြည့်ပြီး ထွက်ဆိုနိုင်ကြောင်း ပြဌာန်းထားတယ် လို့ပြောလာတော့၊ အော်••••အင်း အဲ အာ့ဆို ကြည့်ထွက်ကြောင်း မှတ်တမ်းတင်ပေးပါပြောလိုက်တယ်😔 🙂 မတင်ပေးဘူး ၊ကိုယ်ဘာသာ ပြန်လှန် စစ်မေးကြမှ မေး တဲ့။ တက်နိုင်ဘူးလေနော်။ သက်သေခံဥပဒေပုဒ်မ ၁၅၉ မှာ " သက်သေတစ်ဦးသည် စစ်ဆေးနေစဥ် အတွင်း ၎င်းအား မေးမြန်းသည့် ကိစ္စနှင့် ပတ်သက်၍ ဖြစ်ပျက်သည့် အချိန်တွင် ဖြစ်စေ ထို့နောက် မကြာမီ အတွင်း ထိုကိစ္စကို မှတ်မိလောက်သည်ဟု တရားရုံးက ထင်မြင် သည့် အချိန် အတွင်း တွင် ဖြစ်စေ သက်သေ က ၎င်း၏ ကိုယ်တိုင်ရေးမှတ် ထားသော ရေးသား ချက် တစ်စုံ တစ်ရာကို ပြန်လည် သတိ ရရှိစေရန် ကြည့် ရူ့နိုင်သည်" ဆိုပြီး ဖော်ပြထားတယ်။ ဒီလို ဆိုပြန်တော့ ကြည့်လေသတည်းပေါ့။😏 ☺ ကျော်လှအောင် ပါ ၂ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၄၉ ၊လွှတ်တော် စာ ၅၈၂ အမူမှာတော့ " သက်သေသည် မှတ်မိရန် အလို့ငှာ စာရွက်စာတမ်း တစုံတရာကို အသုံးမပြုမီ သက်သေခံဥပဒေပုဒ်မ ၁၅၉ ပါ ပြဌာန်းချက်များကို အတိအကျ လိုက်နာ ကြောင်း ရုံးကို ကျေနပ်အောင် ပြုသင့်သည်" လို့တော့ ထုံးပြုထားတာရှိတယ်။ဒါလည်း ထားတော့။🤗 😔 ပြန်လည် သတိရရှိစေရန် အသုံးပြုတဲ့ ရေးသားချက် နဲ့ ပတ်သက်ပြီး တစ်ဖက် အမူသည်က အလိုရှိလျှင် ပြသရမယ်။ ၎င်းရေးသားချက် နှင် စပ်လျဥ်း၍ ပြန်လှန် စစ်မေးလိုလျှင် စစ်ဆေးနိုင်သည် ဆိုပြီး သက်သေခံဥပဒေပုဒ်မ ၁၆၁ မှာ ဖော်ပြ ထားတယ်။ တရားခံရှေ့နေ အတွက်တော့ အခွင့်အရေးတစ်ခုပေါ့😉 😏 အဲ့ဒီတော့ သက်သေကို " စာအုပ်ကလေးကို ကျွန်တော်ကို ပေးပြ ပါ" လို့ဆိုတော့ မပေးဘူးတဲ့။🙂 ☺ သက်သေခံဥပဒေပုဒ်မ ၁၆၁ နဲ့ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၇၂(၂)အရ တောင်းတာ။ ပြီးတော့ ရဲလက်စွဲ အပိုဒ် ၁၄၁၀ မှာလည်း ပြဌာန်းချက်ရှိတယ်လို့ ပြန်ရှင်းပြရတယ်။ အဲ့ဒီတော့ စာအုပ်ကို ကမ်းပေးတယ်။😏 🙂 ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၇၂(၂) မှာ " သို့သော် ရေးမှတ်ခဲ့သည့် ရဲအရာရှိက မိမိ ပြန်လည် သတိရအောင် ယင်းနေ့စဥ် မှတ်တမ်းကို အသုံးပြုလျှင်ဖြစ်စေ၊ အဆိုပါ ရဲအရာရှိအား ဆန့်ကျင် မေးမြန်းရန်အတွက် ပုဒ်မ ၁၆၁ သို့မဟုတ် ပုဒ်မ ၁၄၅ ပါ သက်ဆိုင် ရာ ပြဌာန်းချက်များသည် သက်ဆိုင်စေရ မည်"ဆိုပြီး ပြဌာန်းထားတယ်။☺ 😏 စာအုပ်ကလေးကို ဟိုလှန် ဒီလှန်လုပ်တော့ မျက်နှာငယ်လေးနဲ့ ကြည့်ရှာတယ်။ မတက် နိုင်ဘူးလေ။ တာဝန်အရပဲ။😔 🙂 စာအုပ်မှာလည်း ဒီနေ့ ရက်စွဲကလေးလဲ ဖော်ပြထားတယ်။ အခင်းဖြစ်နေ့ကတော့ ၇ ရက်နေ့ ။ မေးပြီလေ။☺ 😒" အဓိက ထွက်ဆိုချက် ပေးစဥ်က စာအုပ်ပါ ရေးသားချက်ကို ကြည့်ရူ့ပြီး ထွက်ဆိုချက် ပေးခဲ့သည် ဆိုလျှင်" မှန်ပါသည်-- " စာအုပ်ပါ အကြောင်းအရာများနှင့် ပထမသတင်းပေးတိုင်ချက်ပါ အကြောင်း အရာများမှာလည်း အတူတူပင် ဖြစ်သည် ဆိုလျှင်" မှန်ပါသည်- "အခင်းအဖြစ် ကိစ္စရပ်များကို ကိုယ်တိုင်သိမြင် ခံစားတွေ့ရှိသည့် အတိုင်း အလွတ်ထွက်ဆို ခြင်း မပြုပဲ စာအုပ်ကိုသာ ကြည့်ပြီး ထွက်ဆိုခြင်း ပြုခဲ့ခြင်းဖြစ်သည် ဆိုလျှင်" ဟုတ်ဘူး- တဲ့ ဆက်မရှင်းခိုင်းတော့ဘူး။ နောက်တစ်ခွန်း ဆက်မေးတယ်။☺ 😔 စာအုပ်မှာ ဒီနေ့ ရက်စွဲ ဖြစ်တဲ့ (၁၂.၅.၂၀၂၁)ကို ရေးသားထားသည် ဆိုလျှင် " " မှန်ပါသည်" 😒 ဒီလောက်ဆို တော်ပြီ ပေါ့။ ကျန်တာ ဆက်မေးတယ်။🙂 😔 တရားရုံးများလက်စွဲ အပိုဒ် ၁၁၂၅ မှာ " သက်သေအား သတိရစေရန် စာတမ်း အမှတ်အသား တစ်ခုကို ကြည့်ရူ့ခွင့်ပြုသော အခါ ထိုစာတမ်းအမှတ်အသားမှာ အမူတွဲ သက်သေခံအရာအဖြစ် နှင့် အခြားနည်း ပါရှိပြီးမဟုတ်ခဲ့လျှင် ၎င်းတို့ကို သက်သေ အစစ်ခံချက် နောက်၌ ပူးတွဲထားရမည်" ဆိုပြီး ဖော်ပြထားတယ်။☺ 😒 စဥ်းစားလိုက်သေးတယ်။ တရားရုံးလက် စွဲ အပိုဒ် ၁၁၂၅ လျှောက်ပြီး ထွက်ချက်နောက် မှာ သူ့စာအုပ်ကို တွဲခိုင်းမလို့။ မဖြစ်ပါဘူး လေ အကုန်အလုပ်ရူပ်လိမ့်မယ်ဆိုပြီး ဒီအတိုင်း ထားပေးလိုက်ရတယ်။😔 ကျန်တဲ့ မေးခွန်းတွေအကြောင်း ဆက်ပြောဦးမယ် ဦးအောင်စည်ထွန်း ( ပြည်သူကြားကရှေ့နေ)

U҉ A҉u҉n҉g҉ S҉i҉ T҉u҉n҉
U҉ A҉u҉n҉g҉ S҉i҉ T҉u҉n҉
Open In TikTok:
Region: DE
Tuesday 29 September 2026 02:16:39 GMT
8234
583
37
56

Music

Download

Comments

pawshantun
pawshantun :
ဆရာရေ ရုံးချိန်းတေချိန်းလျှင် သက်သေတေစစ်မေးပြိးလျှင် ဘယ်နချိန်းလောက်ထပ်ချိန်းသေးလဲရှင့်
2026-09-30 11:48:21
0
mamau8537
San San :
ကောင်းလိုက်တာဆရာတရားခွင်မှာဖဲ့သာဖဲ့အားပေးတယ်။ကျွန်မလည်းဖတာဘဲကိုယ်တာဝန်အရလုပ်တာ
2026-09-30 13:02:10
1
nainglinnaung6617
⚖️Chelsa⚖️ :
တစ်နေ့ကျမရဲ့အိမ်မက်လေးပါ
2026-09-29 12:40:00
0
khinmaungkyaw309
Advocate-ဦးခင်မောင်ကျော် :
second line က 🥰
2026-09-29 05:09:06
0
ordinarysan
isnot_San :
2026-09-29 08:39:12
0
daw.yin.yin.htet7
Daw Yin Yin Htet :
❤️❤️
2026-09-29 05:05:40
0
daw.yin.yin.htet7
Daw Yin Yin Htet :
❤️❤️❤️❤️❤️
2026-09-29 05:04:52
0
dai.we51
Dai We :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-29 03:15:41
1
ni.lar2981
Ni Lar :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-29 04:09:25
1
shwephoo533
shwephoo :
🥰🥰🥰
2026-09-29 04:36:48
1
poetharphyu201
Poetharphyu :
[Kiss drop][Kiss drop][Kiss drop]
2026-10-06 09:53:43
1
ken.hein4
Ken Hein :
[Heartwarming][Heartwarming]
2026-10-05 14:21:00
0
ei.ei39738
Ei Ei :
🥰🙏🥰
2026-10-03 15:28:57
0
user882310568
Ko Htet :
[Heartwarming][Heartwarming][Heartwarming]
2026-10-01 05:28:48
0
nawsanmai8
NawSanMai :
🥰🥰🥰
2026-09-29 02:36:36
1
khin82048
ကလေးသူလေး :
❤️❤️❤️
2026-09-30 03:43:57
0
yuyu014886
yuyu014886 :
❤️❤️❤️
2026-09-29 08:27:04
0
moe.moe39957
moe.moe3995 :
🥰🥰🥰
2026-10-10 16:09:06
0
.advocate70
လွှတ်တော်ရှေ့နေAMK :
🥰🥰🥰🥰🥰 ကိုယ်မေးလိုက်တဲ့ ပြန်လှန်စစ်မေးခြင်းကို သက်သေကိုချောင်ပိတ်မေးလိုက်တာ တဖက်လူအတွက်ကယောင်ကတမ်းဖြေသွားတာဟာ ကျွန်တော်တို့ရှေ့နေတွေအတွက်သင်ယူမှတ်သားစရာဖြစ်သလို အောင်မြင်ချင်း ပျော်ရွှင်ခြင်းတွေလည်းဖြစ်ရပါတယ် လေးစားပါတယ်ဆရာ
2026-10-06 18:12:48
0
To see more videos from user @aungsitun87, please go to the Tikwm homepage.

Other Videos


About