@yelwinoo8: (၁၉၉၅) လောက်မှာ ဝင်းမင်းထွေးဟာ ကားမတော်တဆ ဖြစ်တယ်။ ဖြစ်တဲ့လူက တရုတ်သူဌေးတယောက်ပါ။ သူက သိမ်ကြီးဈေး အပေါ်ထပ် (Lucky World) စားသောက်ဆိုင်က ရှယ်ယာရှင်တယောက် ဖြစ်နေတယ်။ အဲ့ဒီအချိန်က စားသောက်ဆိုင်နဲ့ စင်တင်ဂီတက ခေတ်စားနေတဲ့ အချိန်ပေါ့။ အမှုဖြစ်တဲ့အချိန်မှာ အဲ့ဒီတရုတ်သူဌေးနဲ့ ဝင်းမင်းထွေးတို့ ဆုံကြတယ်။ မင်းဘာလဲ ငါဘာလဲပေါ့။ တရုတ်က သီချင်းရေးဆရာဆိုတော့ သိပ်စိတ်ဝင်စားသွားတယ်။ သီချင်းလောကဟာ စီးပွားရေးအရ အရမ်းစိတ်ဝင်စားစရာ ကောင်းတယ်ဆိုပြီး (Studio) ထောင်မယ်။ ကိုထွေး စီစဉ်ပါဆိုရင်း (Universe Studio) ကို အေဝမ်းခြံထဲက သာထက်အိမ်မှာ လုပ်ဖြစ်ကြတယ်။ အဲ့ဒီကမှ ဒါဆို တီးဝိုင်းရှိရင် ကိုယ်ပိုင်အဆိုတော်ရှိရမယ့် လုပ်ငန်းစဉ် ပေါ်လာတယ်။ စီးပွားရေးသမားဆိုတာ နွားမွေးရင် နို့ထွက်ရမယ်။ နို့မကုန်ရင် နို့ဆီချက်စက်ရုံ ထောင်ရမယ်။ ပြီးရင် နို့ဆီစည်သွတ်ဘူး စက်ရုံထောင်ရမယ် ဆိုတဲ့ ဆင့်ကဲ အတွေးတွေနဲ့ပေါ့။ သူ့ဆိုင်မှာ သီချင်းဆိုတဲ့ ကောင်မလေးတွေထဲက ဘယ်သူအဆိုတော် ဖြစ်နိုင်မလဲ၊ ရွေးချယ်ပေးပါတဲ့။ ဒီဘက်ခေတ် (Melody World) တို့၊ အိပ်မက်ဆုံရာတို့က သိပ်နောက်ကျတာပေါ့။ (Lucky World) မှာ (Rock) ခပ်ပြင်းပြင်းဆိုတဲ့ ကောင်မလေးတယောက်ကို သွားတွေ့တယ်။ သူမက ညီထွဋ် သီချင်းတွေ ဆိုတယ်။ တွေ့ခဲ့ဖူးသမျှ ကောင်မလေးတွေ (Rock) ဆိုတာ ချိုချိုကြီး ခံစားရတယ်။ ဒီမှာကျတော့ (Crack Tone) ကို ပီပီပြင်ပြင်ဆိုတဲ့ အမျိုးသမီး (Rocker) တယောက်ကို သွားတွေ့တယ်။ သူ့နာမည်က "သိမ့်" တဲ့။ အဲ့ဒီညက ဝင်းမင်းထွေးဟာ သူမကို ရွေးချယ်ခဲ့တယ်။ တရုတ်သူဌေးကိုလည်း အဲ့ဒီကောင်မလေးကို သီချင်းသွင်းမယ်လို့ ပြောခဲ့တယ်။ ဝင်းမင်းထွေးက သူရွေးချယ်ခဲ့တဲ့ ကောင်မလေး "သိမ့်" ကို "သျှီ" ဆိုပြီး "ဂန္ဓာရီ" တေးစီးရီးနဲ့ ပွဲထုတ်လာခဲ့တယ်။ ဝင်းမင်းထွေးရဲ့ စကားလုံးတွေ၊ တေးစာသားတွေနဲ့ သူမရဲ့ ဆိုဟန်တွေကြောင့် အောင်မြင်လာခဲ့တယ်။ အမျိုးသမီး (Rocker) တယောက်ကို ရှာဖွေတွေ့ရှိပြီး အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဝင်းမင်းထွေးရဲ့ စိတ်ဓာတ်ဟာ အရှုံးမပေးတဲ့ စိတ်ဓာတ်။ လိုရာခရီးကို ရောက်အောင်သွားတဲ့ စိတ်ဓာတ်။ ကျောင်းသားဘဝမှာ စာတော်တဲ့ ကျောင်းသား၊ နိုင်ငံရေးလုပ်တော့ မဆလက တပ်တဲ့ ကျောင်းသားဆိုး ဝင်းမြင့်၊ တေးရေးလုပ်တော့ အောင်မြင်တဲ့ တေးရေး၊ အောင်မြင်တဲ့ အဆိုတော်တွေ မွေးထုတ်ပေးနိုင်ခဲ့သူ။ ဒီနေ့မှာတော့ ဗုဒ္ဓတရားတော်မှာ မွေ့လျော်ပြီး သူတော်ကောင်း တရားကျင့်စဉ်တွေ လုပ်နေတယ်။ အဲ့ဒီမှာလည်း သူဟာ ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ပါစေ...။ #စကားလုံးဝင်းမင်းထွေး #ဂန္ဓာရီ_သျှီ #ကယ်တင်ခြင်း #မြန်မာပြည်ကRockသူပုန်များ_ဇော်တင်
Ye' Lwin Oo
Region: TH
Tuesday 29 September 2026 05:59:12 GMT
Music
Download
Comments
shwe shwe :
ဝင်းမင်းထွေးနဲ့ မောင်သစ်မင်းကတယောက်တည်းဆိုတာဟုတ်လား
2026-09-29 09:19:18
3
tuntun :
တရုတ်သူဌေးဆိုတာ
ဦးခင်မောင်ဝင်းလားဗျာ။
2026-09-29 12:56:00
5
user5205619787294 :
ဝင်းမင်းထွေးက ခုရှိသေးလားဗျ အသက်တော်ကြီးနေလောက်ပီလားလို့
2026-09-29 14:19:36
2
နေလင်းထွန်း :
သျှီ နဲ့ ကေအေတီ က ဘယ်လိုပတ်သက်တာလည်းဗျ...
2026-09-29 13:57:16
0
body :
သူမနဲ့ကျမ She ကိုကြိုက်ဖူးတယ်
2026-09-29 12:05:32
2
Myo Myat Min🏍️💨 :
2026-09-29 13:33:06
1
Mr. Win Htein :
1992*3လောက်က ရက ရောက်တုန်းသိမ်ကြီးဈေးအပေါ်ထပ် ရောက်ဖူးတယ် Lucky world လား Ambassador လားမမှတ်မိဘူး ။
သီချင်းဆို ပန်းကုံးစွပ်တာ အဲ့မှာစသိတာဘဲ
2026-09-29 16:22:22
1
Ko Saw :
အဲ့ဒီခေါတ်ကို သူတို့အသံပါဝါတွေနဲ့ ငါတို့ ဖြတ်သန်း ခဲ့ရတာပေါ့🥰
2026-09-29 18:20:12
0
baw591 :
98. 99လောက်ကထင်တယ်
2026-09-29 14:31:09
0
kohtwe :
ကျွန်တော်သိတယ့်အချီန်ကဇော်ဝင်းထွဠ်ဆိုထားတာပါ နောက်မှသျှိုဆိုထားတာတွေတော့မှတ်မိတယ်
2026-09-29 14:01:46
1
Saw Doke Doke Karen :
👍👍👍
2026-09-29 07:27:05
1
user44962104003804 :
အမရပူရရွှေကြက်ယက်ရွာကပါ
2026-09-29 10:09:55
9
ရာမညသား :
လုံးဝကြိုက်တယ်တယ်
2026-09-29 12:38:46
1
Yehtet :
ပြီးတော့မူပိုင်ပေါက်ကြီးက စားသွားလေသတည်းပေါ့ သျှီမောင်လေး ကောင်းကောင်းတောင်ငါးနှစ်လောက်ဘဲရှိသေးတာ လမ်းလေးဆယ်အထက်လမ်း
မှာနေတဲ့အချိန်ပေါ့၊၊
2026-09-29 16:55:35
1
U Yee Taw :
🥰❤️😍
2026-09-29 12:09:56
2
ဟန် :
🥰🥰🥰
2026-09-29 12:35:46
1
Htikelay Htikelay :
❤️❤️❤️
2026-09-29 12:44:17
1
Moegyo :
🥰🥰🥰
2026-09-29 16:31:18
0
Rock Forge AI Studio :
🥰🥰🥰
2026-09-29 11:43:57
0
To see more videos from user @yelwinoo8, please go to the Tikwm
homepage.