@cce8348: ##Pandan Reservoir မှာ မိကျောင်းရှိတယ်လို့ AI ပုံဖန်တီးပို့ခဲ့တဲ့ မြန်မာနိုင်ငံသား တရားစွဲခံရ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား Ye Lin (ရဲလင်း) ဟာ စင်ကာပူနိုင်ငံ Pandan Reservoir မှာ မိကျောင်းရှိနေတဲ့ပုံကို AI အသုံးပြုပြီး ဖန်တီးကာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီ ပို့ခဲ့တာကြောင့် စက်တင်ဘာ ၂၉ ရက်မှာ တရားရုံးတင် တရားစွဲခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ Ye Lin ဟာ ဩဂုတ် ၂၀ ရက် မွန်းလွဲ ၃ နာရီခန့်မှာ AI နဲ့ ပြုပြင်ဖန်တီးထားတဲ့ မိကျောင်းပုံကို လုပ်ဖော်ကိုင်ဖက်ထံ မက်ဆေ့ချ်နဲ့ ပို့ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် သူ့ဖုန်းထဲက ပုံတွေကို ဖျက်ခဲ့သလို Gemini AI အသုံးပြုမှုနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေကိုလည်း ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို Miscellaneous Offences (Public Order and Nuisance) Act 1906 အရ မဟုတ်မမှန်သတင်း ပေးပို့မှုနဲ့ တရားမျှတမှုလမ်းကြောင်းကို ဟန့်တားမှု စတဲ့ အမှု ၂ ခုနဲ့ တရားစွဲထားပါတယ်။ မဟုတ်မမှန်သတင်း ပေးပို့မှုအတွက် ထောင်ဒဏ် ၃ နှစ်အထိ၊ ဒဏ်ငွေ S$10,000 အထိ သို့မဟုတ် ပြစ်ဒဏ်နှစ်မျိုးစလုံး ချမှတ်နိုင်ပါတယ်။ တရားမျှတမှုလမ်းကြောင်းကို ဟန့်တားမှုအတွက်တော့ ထောင်ဒဏ် ၇ နှစ်အထိ၊ ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်မျိုးစလုံး ချမှတ်နိုင်ပါတယ်။ ဩဂုတ် ၂၀ ရက်မှာ Pandan Reservoir အတွင်း မိကျောင်းတွေ့ရှိတယ်ဆိုတဲ့ သတင်းရရှိခဲ့တာကြောင့် အမျိုးသားရေအေဂျင်စီ PUB က သတိပေးချက်ထုတ်ခဲ့ပြီး ရေလှောင်ကန်အတွင်း ရေလှုပ်ရှားမှုတွေကိုလည်း ယာယီရပ်ဆိုင်းခဲ့ပါတယ်။ PUB နဲ့ NParks တို့က မိကျောင်းရှာဖွေဖမ်းဆီးဖို့ ဝန်ထမ်းနဲ့ အရင်းအမြစ်တွေ အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ PUB က ရရှိထားတဲ့ မိကျောင်းပုံဟာ အတုဖြစ်ကြောင်း သိရှိခဲ့ပြီး ဩဂုတ် ၂၁ ရက်မှာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအကြောင်းကြားခဲ့ပါတယ်။ Ye Lin ကို S$5,000 အာမခံနဲ့ လွှတ်ပေးထားပြီး နောက်တစ်ကြိမ် တရားရုံးချိန်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ ပြုလုပ်မယ်လို့ ဆိုပါတယ်။ #စလုံးသတင်းSGNews #Singapore #safetyfirst #NewsUpdate
𝓒𝓱𝓪𝔀𝓒𝓱𝓪𝔀𝓔𝓲✌️official
Region: SG
Tuesday 29 September 2026 06:40:45 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @cce8348, please go to the Tikwm
homepage.