@maythi902: အရင်တုန်းက တစ်ခုခုကြောင့် ဒေါသထွက်ရင် မစဉ်းစားဘဲ ချက်ချင်းပြန်ပြော ပြန်ရှင်းတတ်ပေမယ့် အခုတော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့ ပေါက်ထွက်တော့မယ့် ဒေါသတွေကို အချိန်မီ ပြန်မျိုချတတ်လာတယ်။ အရင်တုန်းက သူများဝေဖန်ရင် အိပ်ရေးပျက်တဲ့အထိ ခံစားတတ်ပေမယ့် အခုတော့ တစ်ဖက်နားကဝင်ပြီး အခြားတစ်ဖက်က ပြန်ထွက်သွားတတ်လာတယ်။ အရင်တုန်းကတော့ ချစ်ရင် ချစ်တယ် မုန်းရင် မုန်းတယ် နေလို့ရခဲ့ပေမယ့် အခုတော့ မုန်းတဲ့လူကို ပြုံးပြတတ်လာပြီး ချစ်တဲ့လူကို ဥပေက္ခာပြုတတ်တဲ့ အလေ့အကျင့်တွေလည်း ပိုင်ဆိုင်လာတယ်။ အမှန်တိုင်းပြောရရင် ငယ်စဉ်က စိတ်ထဲရှိသလို နေရတဲ့ဘဝလေးကို သတိရတယ်။ ဒါပေမဲ့ ရောမ ရောက်ရင် ရောမလို ကျင့်ရတယ်ဆိုတဲ့ စကားပုံအတိုင်း အသက်အရွယ်နဲ့အတူ ပြောင်းလဲလာရတယ်။ အမှားတစ်ခုစီက သင်ခန်းစာတွေ ပေးခဲ့တယ် တချို့အမှားတွေက ပြင်းထန်လွန်းလို့ အမာရွတ်တွေ ကျန်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအမာရွတ်တွေကို ဆုတံဆိပ်တွေအဖြစ် ဂုဏ်ယူစွာ တပ်ဆင်ထားတယ်။ ခက်ခက်ခဲခဲနဲ့ တိုက်ခိုက်ကျော်ဖြတ်ခဲ့ပြီး ဒီအခြေအနေထိရောက်လာတယ် ဆိုတာကို ဖော်ပြနေတဲ့ အမှတ်အသားတွေမို့ တန်ဖိုးထားတယ်။ အသက်ကြီးလို့ လူကြီးဖြစ်နေတာထက် အသိကြီးလို့ လူကြီးဖြစ်တာကို ပိုသဘောကျတယ် ပိုပြီးမြတ်နိုးတယ် ပိုပြီးတန်ဖိုးထားတယ်။ #MayThi #fpyシ #peacefullife🌼🍀 #foryoupageofficiall
💚May Thi💚
Region: MM
Tuesday 29 September 2026 07:44:47 GMT
Music
Download
Comments
Yan Min Naing :
[အသည်းပုံမျက်လုံး][အသည်းပုံမျက်လုံး]
2026-09-29 13:00:30
1
Kyaw Myo Oo :
🥰🥰🥰
2026-09-29 11:57:05
1
Moe Zaw :
🥰🥰🥰
2026-09-30 08:30:46
1
To see more videos from user @maythi902, please go to the Tikwm
homepage.