@user6757350574884: အသက် ၅၅ ကျော်လာပြီလေ… ဘဝမှာ ပျော်ရွှင်မှုတွေရော၊ စိတ်ပျက်စရာတွေရော၊ ဆုံးရှုံးမှုတွေရော အများကြီးကြုံခဲ့ပြီးပြီ အခုတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ဘူး၊ ဘယ်သူ့ဆီကမှလည်း ဘာကိုမှ မမျှော်လင့်ချင်တော့ဘူး ကျန်ရှိနေသေးတဲ့ ဘဝအချိန်တွေကို စိတ်အေးချမ်းစွာနဲ့ ဖြတ်သန်းချင်ပြီ ကိုယ့်စိတ်ကိုလည်း ကိုယ်တန်ဖိုးထားကာ မလိုအပ်တဲ့ အငြင်းပွားမှုတွေ၊ စိတ်ပူပန်မှုတွေကို လွှတ်ချပြီး နေ့ရက်တိုင်းကို ရိုးရိုးရှင်းရှင်းနဲ့ ကျေနပ်စွာ ဖြတ်သန်းချင်ပြီအသက်ကြီးလာတာဟာ အဆုံးမဟုတ်ပါဘူး…ဘဝကို ပိုနားလည်လာတဲ့ အချိန်ပါ ဒါကြောင့် ကျန်တဲ့နေ့ရက်တိုင်းမှာ** စိတ်ချမ်းသာခြင်း၊ ကျန်းမာခြင်းနဲ့ ကိုယ့်ဘဝကို ကိုယ်ကျေနပ်နိုင်ခြင်းတွေ ရရှိပါစေပါစေလိုဆန္ဒပြုရင်း….** 🥰🥰🥰🥰🥰
user6757350574884
Region: MM
Tuesday 29 September 2026 07:44:57 GMT
Music
Download
Comments
k :
အဲ့လိုဘဲခံစားမိပါတယ်။ ဒါပေမဲ့ အရွယ်မရောက်သေးတဲ့သားသမီးရှိနေသေးရင်၊နေမကောင်းမကျန်းမာတဲ့ဇနီးရှိနေသေးရင်၊ သူတို့အတွက် ကျွေးဖို့၊ဆေးကုဖို့ ဆက်လက်ပညာသင်နိုင်ဖို့ ဘာမှမစဥ်းစားရင် ဘယ်လိုမှစိတ်မချမ့းသာနိုင်ပါဘူး။ ကိုယ်တစ်ယောက်ထဲအတွက်၊နေစရာမရှိ၊ ဘာမှစားစရာမရှိလည်း နေလို့ရပေမဲ့ ဘာတာဝန်မှ မကျေနိုင်သေးသူအတွက် အရာရာဟာငွေမရှိရင် စိတ်မချမ်းသာဘူး၊
2026-10-16 07:20:05
69
Bo Ohn :
[Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming]Hi
2026-10-17 02:50:52
0
user3460969048652 :
ဦးကျော်ဟိန်းကတောအသက် ၆၀ ဆိုတာနဲ့တီကနဲဖြတ်သွားတာ သူ့လိုလုပ်နိုင်အောင် လုပ်ရမယ်
ဘယ်အချိန်သွားမယ်မှန်းမသိ
2026-10-16 03:42:18
25
အောငမြိုင် :
ဘယ်အရာမှ၊
ဘာမှမဟုတ်ဘူးဆိုတာ၊ဆင်ခြင်မိသွားရင်၊
နေရထိုင်ရတာ၊ပေါ့ပါးသွက့်လက်သွားလိပ့်မယ်။
2026-10-16 02:00:15
10
May Oo :
လွှတ်ချတတ်အောင်ကြိုးစားပါအကို။ ကိုယ်ကငြိလို့ ငြိနေတာပါ။ တစ်ခုခြင်း ဖြေးဖြေးခြင်းလွှတ်ချကြည့်၊ စိတ်တွေပိုလွတ်လပ်လာလိမ့်မယ်။ ဘဝမှာ ဖြစ်ချင်တာတွေရော ဖြစ်သင့်တာတွေရော အများကြီး လုပ်ခဲ့ပြီးပြီလေ။ ကိုယ့်အလိုအတိုင်း အားလုံး ဖြစ်ခဲ့တာမှမဟုတ်တာ။ အခုအချိန်ကစပြီး ကိုယ့်စိတ် ကိုယ့်ဘဝငြိမ်းချမ်းဖို့ ရှာဖွေ နေထိုင်ပါနော်။
2026-10-16 02:27:09
18
U Min :
မဂ်လာပါလေးစားပါတယ်
ဝန်ထမ်းတယောက် ပါ မိခင်မရိှတော့တဲ့
သမီးနှစ်ယောက်က ကျောင်းမပြီးသေးတော့ ကြီုးစားရပါအုန်းမယ်
မိဘမေတ္တလေ ဖခင်တာဝန်မဟုတ်လားး
2026-10-17 04:32:27
4
UOoKoKoNyiNyi :
အားတင်းထားပါမိတ်ဆွေ
ကျနော်လည်းဒီအရွယ်ပါပဲ
စီးပွားရေးကလည်း ရရ စားစားပဲ
မနက်အိပ်ယာနိုးထတဲ့အချိန်
အလုပ်သွားနိုင်ဖို့အတွက်တွေးရင်းခေါင်းအုံးပေါ်ခေါင်းချနေခဲ့ရတဲ့ ညတွေနဲ့လူတစ်ယောက်ပါ ဘာဖြစ်ဖြစ်မျက်စိမှိတ်ပီး
အားတင်းနေလိုက်တယ်ဘာဖြစ်ဖြစ်ပေါ့
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-16 12:33:07
13
🌻tt 💜 la🌸min🍁🌻 :
၆၀ပြည့်ဘို့လဲလိုသေးတယ် ဒီpostလေးအားပေးတယ်နော် အသက်ဆိုတာ တစ်နေ့ပီးတစ်နေ့ကြီးလာတာဆိုတော့ တစ်နေ့ဒီသီချင်းလေးအတိုင်းဖြစ်ကြရမှာပါဘဲ🥰
2026-10-16 13:21:58
9
Soe Thein :
မွေးဖွားခြင်းနဲ့သေခြင်းကြာမှာလုပ်နိုင်သမျှစွမ်းဆောင်နိုင်ခဲ့ပြီမို့အိမ်အပြန်လမ်းမှာယူစရာရှိတာတွေတော့ယူရအုံးမယ်
2026-10-16 07:11:33
8
BBBRang :
That’s right
2026-10-16 05:20:37
1
khainglay :
ဒီလိုပါဘဲ စိတ်ဓါတ်မကျပါနဲ အားတင်းထားပါ ကျမတို့လည်းတူတူပါဘဲ
2026-10-16 13:18:08
4
လူမုန်း :
အရမ်းခံစားမိပါတယ်
2026-10-16 12:10:41
2
Lwin :
၆၇ ကျော်လာပြီ ဘဝမှာ နေဝင်ချိန့စောင့်နေရပြွ
2026-10-16 16:17:23
1
yuyu1970199 :
စိတ်အေးချမ်းမူကိုယ်ချမ်းသာမူကိုလိုချင်ကြတာအသက်အရွယ်ရောက်ရင်လွှတ်ချလိုက်ပူလောင်မူတွေကို
2026-10-16 12:30:17
2
alphamen295 :
ဦးကျော်ဟိန်း ပြောသလို
သေမဲ့နေ့အထိ ကြိုတင်ပြင်ဆင်ထားရမယ်
အားလုံးကို ပစ်ထားလို့ရမယ့် အခြေအနေမဟုတ်တဲ့အတွက်
၂၄ နာရီ ရှိတာ အချိန်ဇယားလေးနဲ့ ခွဲခြားလုပ်ဆောင်ပီး လုပ်ဆောင်ချက်တိုင်းကို သတိကပ်နေလိုက်တယ်
2026-10-16 03:34:54
9
Than tun :
ကိုယ့်တာဝန်လို့ဘဲသဘောထားပါသင်အသက်ရှည်ကျမ္မာပါလိမ့်မည်
2026-10-16 13:04:58
1
yang naing :
၅၀ကျော်လာပြီဆိုရင်အပေါင်းအသင်းနည်းလာသလို တယောက်ထဲပဲနေချင်တော့တာ
2026-10-16 16:17:12
4
U Min Galar :
၅၅/၆၀ရောက်လာရင်
လောဘသော့တမော့ဟ့
အလုံးလွတ်ချလိုက်တော့မည်
2026-10-16 13:34:52
2
Maw Maw Swe :
မှန်ပါတယ်ကိုယ်ကိုဘဲ့ချစ်တော့မယ်
ဒီသီချင်းလေကြားရတာ
ကိုယ်ကိုဘဲ့အားပေးတော့မယ်
ကျေးဇူးပါနော်
2026-09-29 11:21:24
5
meemee :
အ့လိုလေးဘဲနေနေပါတယ်
2026-09-29 10:51:49
3
men boy :
ကျန်းမာအောင်နေပါ
2026-10-16 14:22:47
1
user5383374095968 :
Good🥰
2026-10-16 16:15:45
1
Aung Myint :
good 😎
2026-10-16 14:42:41
1
ye. that :
🥰 ရပါစေဗျာ
2026-10-16 15:47:59
1
War War :
မှန်လိုက်တာ
2026-10-16 11:28:11
1
To see more videos from user @user6757350574884, please go to the Tikwm
homepage.