@worldandpoetry88: [ အပေအတေတွေ ] စောက်ပိုတွေပြော ငွေကြေး၊ အောင်မြင်ကျော်ကြားမှု၊ ကုသိုလ် တစ်ပြိုင်နက်လိုချင်သူတွေ။ ဖေ့စ်ဘုတ်မှာ ကမ္ဘာကျော်အဆိုအမိန့်ကို ဝတ်ကောင်းစားလှ ကိုယ့်ဓာတ်ပုံနဲ့ တွဲတင် အရာရာတိုင်းကို သံသယမျက်လုံးနဲ့ ကြည့်။ ခင်ဗျားတို့နဲ့ စာရင် ကျုပ်သူငယ်ချင်း အပေအတေတွေကမှ ဟုတ်သေး။ ဒီကောင်တွေက အိမ်မှာ ထင်းခွဲတယ်၊ ရေခပ်တယ်၊ အပြင်မှာ ဖက်မိုးတယ်၊ ဆေးသုတ်တယ်၊ ပန်းရံလုပ်တယ်၊ ဆိုင်ကယ် ကယ်ရီဆွဲတယ်။ မဲညစ်နေတဲ့ ခေါင်းအုံးတွေပေါ်မှာ သူတို့အိပ်တယ် တစ်ဝက်ပြတ်နေတဲ့ ဂျင်းဘောင်းဘီတွေ ဝတ်တယ်။ လက်ဖမိုးနဲ့ ဂုတ်ပိုးတွေမှာ နေလောင်ပြီး မဲတူးနေတယ်။ ခင်ဗျားတို့သာဆို သေသွားလောက်တဲ့ အခြေအနေမှာ သူတို့က ကျေကျေနပ်နပ်နဲ့ အသက်ရှင်နေ။ သူတို့ ငါးဖမ်းလှေလိုက်တုန်းကအကြောင်း ပြန်ပြောတာ ခင်ဗျား Live လွှင့်လွှင့်နေတဲ့ စိတ်ခွန်အား ဘဝလှေကားထစ်ဆိုတာတွေထက် အများကြီးသာတယ်။ သူတို့ အများကြီးမသိပါဘူး ဒါပေမယ့် တိကျတယ်။ ခင်ဗျားတို့ သေမှာကိုကြောက်ပြီး ကယောင်ကတန်းတွေ လျှောက်လုပ်တုန်းမှာ သူတို့က မုန်တိုင်းထဲကို နောက်တစ်ခေါက်ဝင်သွားပြီ။ အပေါ်ပိုင်းမှာ အင်္ကျီတွေလည်းမပါ အရိပ်ကောင်းတဲ့ အပင်အောက်က မြေပြင်မာမာမှာ ဝိုင်းဖွဲ့ထိုင်ရင်း ထမင်းနဲ့ ရေလုံပြုတ်ဟင်းတစ်ခွက် စားနေတဲ့ သူတို့တတွေဆီက တဟားဟားရယ်သံကို ကြားရင် ခင်ဗျားတို့ မနာလိုဖြစ်ပြီး သေသွားမလားပဲ။ ▪️မောင်ယုပိုင် #Poetry #poem
World & Poetry
Region: MM
Tuesday 29 September 2026 08:45:45 GMT
Music
Download
Comments
@kohlaing :
ငါတို့က အဲလို ဘဝ တွေကို ဖက်တွယ်ထားရမယ်ပေါ့၊ လိ ပေါ့ဟ၊ အ့လို ဘဝ တွေဖြတ်သန်းရတာ ဘယ်လောက် ခက်ခဲတယ် ထင်လဲ ၊ ငါ လဲ ဖြတ်ခဲ့ဘူးတယ်။
2026-09-29 13:36:53
0
Taung Gyi :
🥰🥰🥰
2026-09-29 10:50:34
0
Ht :
🥺🥺🥺
2026-09-29 09:44:24
0
Mc><™´Thiha';' :
🥰🥰🥰🥰🥰
2026-09-29 12:14:08
0
To see more videos from user @worldandpoetry88, please go to the Tikwm
homepage.