@explore_with_hanmin: ထိုင်းသွားရင် လေဆိပ်မှာ အရစ်မခံရအောင် ဘာတွေပြင်သွားရမလဲ..Show Money ဘယ်လောက်ပြရမလဲ ကျွန်တော့် Bangkok သွားမလည်ခင် Facebook တို့ Tik Tok တွေမှာ Bangkok လေဆိပ်မှာ အရစ်ခံရပြီး ပြန်လွှတ်ခံရတယ်၊မြန်မာပြည်ပြန်ပို့ခံရတယ်ဆိုပြီး Post တွေ ခဏခဏ တက်လာလို့ ကျွန်တော်လည်း သွားနေကျပေမယ့် စာရွက်စာတမ်းတွေကို သေချာပြင်ဆင်သွားခဲ့ပါတယ် ဘာတွေပြင်သွားလဲဆိုတော့... -လေယာဉ်လက်မှတ် အသွားအပြန် Booking လုပ်ထားတဲ့ Flighf Conformation ကို သေချာ Print ထုတ်သွားတယ် -ကျွန်တော်က 8ရက်နေမှာဆိုတော့ 8ရက်စာ ငွေချေပြီးသား ကိုယ်တည်းမယ့် Hotel Booking ကို Print ထုတ်သွားတယ် -Show Money ပြဖို့ အနည်းဆုံး ဘတ် 20,000 ဒါမှမဟုတ် အဲ့ဒါနဲ့ ညီမျှသော ဂျပန်ယန်း 15သောင်းယူသွားတယ် - Digital Arrival Card ကိုလည်း မသွားခင်သုံးရက်အလို့ သေချာဖြည့်ပြီး Screen Shot ရော Print ရော သေချာထုတ်သွားခဲ့တယ် Bangkok ရောက်တော့ လေဆိပ် Immigration မှာ အခြားသူတွေ ပြောသလို ရဲတွေက လိုက်ပတ်ကြည့်နေပြီး မြန်မာ Passport ဆိုရင် အခန်းတစ်ခန်းထဲကိုဆွဲခေါ်သွားတယ်ဆိုရင် နည်းနည်းတော့ လန့်နေတာ..တကယ်လည်း ရဲတွေကတော့ လမ်းညွှန်ပေးဖို့ ရှိနေတာအမှန်ပါ။ ဒါပေမယ် ကျွန်တော်သွားတဲ့ အချိန်မှာတော့ ဆွဲခေါ်သွားတာ တစ်ယောက်မှ မရှိသလို အေးဆေး ဘယ်နေရာကိုသွားပါ ဘယ်Lane ကိုသွားပါဆိုပြီးပဲ လမ်းညွှန်ပေးနေပြီး Immigration ဖြတ်တဲ့ အချိန်ကျတော့လည်း Show Money ပြခိုင်းဖို့တွေ ဘယ်နေ့ပြန်မှာလည်း ဘယ်မှာတည်းမှာလည်းတွေ မေးဖို့နေနေသာသာ ကိုယ့်က Digital Arrive Card ကိုပြဖို့ ဖုန်း Screen ကို အတင်းထိုးပြပေးတာတောင် ရတယ်သွားသွားဆိုပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ပေးသွားခဲ့ပါတယ် အဲ့ဒါကြောင့် Bangkok သွားလည်မယ်ဆို Show money ဘယ်လောက်ပြရမှာလဲ ဘာတွေ စစ်ဆေးမှာလဲဆိုပြီး အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး။ကိုယ့်ဘက်ကလည်း မေးလာခဲ့သည်ရှိသော် အဆင်သင့်ဖြစ်နေအောင် အပေါ်မှာကျွန်တော်ရေးပေးထားသလို လိုရမယ်ရ စာရွက်စာတမ်းလေးတွေ ပြင်သွားရင်ရပါပြီ... ဒီ ၉ လပိုင်းထဲ လတ်တလောသွားထားတဲ့ အခြေနေပါ။ အားလုံးပဲအဆင်ပြေကြပါစေနော် #hanmin #explorewithhanmin #BangkokTravel #ThailandImmigration #BangkokTrip
Explore_with_HanMin
Region: JP
Tuesday 29 September 2026 08:54:47 GMT
Music
Download
Comments
😍😍shweyi😍😍 :
ချင်းမိုင်မှာ နှစ်ခွန်းမေးတယ်ဘာမှမစစ်ဘူး 😂😂😂
2026-09-29 10:34:10
0
troysamp___ :
zairyu card သက်တန်း အနည်းဆုံး ဘယ်လောက်ကျန်ရင် သွားလို့ အဆင်ပြေလဲဗျ တချို့တွေက ၆လလို့ပြောပြီး တချို့တွေက ၃ရက်ကျန်ရင် ရတယ်လို့ပြောနေကြလို့ အဲ့တာစိတ်ပူလို့ပါ
2026-09-29 10:43:25
0
nanthuhtwe123 :
ကျေးဇူးပါမောင်လေးရေ
2026-09-29 13:30:45
0
🔯sayar sai aung japan🇲🇲🇯🇵 :
show money ဘယ်လောက်ပြရလဲ
2026-09-29 14:24:29
0
🇲🇲 Mya Thinzar Soe 🇯🇵ミャちゃん :
အကိုဗီဇာလျောက်နည်းလေးပြောပေးဦး
2026-09-29 12:01:24
0
🌸 Ve Ve 🌸2000 :
2026-09-29 14:25:59
0
To see more videos from user @explore_with_hanmin, please go to the Tikwm
homepage.