@mosar.kay: 🚨 မှားယွင်းတဲ့ စာကြည့်နည်းအကျင့် ၅ ခု JLPT N2/N1 လေးတွေ “နေ့တိုင်း စာလုပ်နေတာပဲ… ဘာလို့ အမှတ်မတက်လာတာလဲ?” “အချိန်ပေးစာကျက်ခဲ့တာပဲ၊ ဒါပေမယ့် စာမေးပွဲကျတယ်” ဒီလို ကြုံဖူးကြလား။ ဒီလိုဆိုရင်တော့ စာလုပ်တဲ့ အချိန် ထက် ☝️စာလုပ်တဲ့ နည်းလမ်း ကို ပြန်ကြည့်ဖို့ လိုအပ်လာပါပြီ အောက်ပါ အကျင့်တွေရှိနေလား👇 ❌ ၁။ ဖတ်ပဲဖတ်ပြီး ကိုယ်တိုင် မဖြေကြည့်ဘူး Grammar ရှင်းပြချက်ကို နားလည်တယ်။ ဒါပေမဲ့ မေးခွန်းမှာ တွေ့ရင် မရွေးနိုင်ဘူး။ ❌ ၂။ မှားခဲ့တဲ့မေးခွန်းကို ပြန်မကြည့်ဘူး အဖြေမှန်ကို သိသွားတာနဲ့ ရပ်လိုက်တော့ နောက်တစ်ခါလည်း အလားတူနေရာမှာ ထပ်မှားတယ်။ ❌ ၃။ Note လှအောင်ရေးတာနဲ့ အချိန်ကုန်နေတယ် Note ပြည့်နေပြီ။ ဒါပေမဲ့ စာအုပ်ပိတ်ပြီး ကိုယ့်ဘာသာ ပြန်ဖြေခိုင်းရင် မရသေးဘူး။ ❌ ၄။ ဖတ်စာအုပ်အသစ်တွေ ထပ်ဝယ်နေတယ် တစ်အုပ်ကို သေချာမပြီးခင် နောက်တစ်အုပ် စလိုက်တော့ သိသလိုလိုနဲ့ မပိုင်နိုင်ဖြစ်နေတယ်။ ❌ ၅။ အချိန်မတိုင်းတာဘဲ မေးခွန်းဟောင်းတွေပဲ ထိုင်ဖြေတယ် အိမ်မှာတော့ ဖြေနိုင်တယ်။ စာမေးပွဲမှာတော့ အချိန်မလောက်ဘူး။ ဒီ ၅ ခုထဲက တစ်ခုခု ကိုယ့်မှာရှိနေတယ်ဆိုရင် ဒီနေ့ကစပြီး ပြုပြင်ကြည့်ပါ။ 📌 စာလေ့လာပြီးတိုင်း ကိုယ်တိုင် လေ့ကျင့်ခန်းဖြေပါ။ မှားရင် အကြောင်းရင်းရှာပါ။ ပြန်ဖြေပါ။ Reading လေ့ကျင့်တဲ့အခါ အချိန်တိုင်းပြီးဖြေပါ။ JLPT အတွက် “စာလုပ်ပြီးပြီ” ဆိုတာထက် “အချိန်အတွင်း မှန်အောင်ဖြေနိုင်ပြီလား” ဆိုတာက ပိုအရေးကြီးပါတယ်။ ဘယ်နံပါတ်နဲ့ အငြိဆုံးလဲ? 👀 Comment မှာ နံပါတ်လေး ရေးခဲ့ပါ👇 လာမယ့်post တွေမှာ မှန်ကန်ပြီးထိရောက်တဲ့ စာကြည့်နည်းတွေ ဝေမျှရင်း အကျင့်ပါအောင် လေ့ကျင့်ပေးပါမယ်❣️❣️ #mosarkay #StudyTips #JLPT #viral

Mosar Kay日本語・日本留学
Mosar Kay日本語・日本留学
Open In TikTok:
Region: MM
Tuesday 29 September 2026 11:42:34 GMT
7879
425
6
34

Music

Download

Comments

blackberry3267
Humaira :
၅ခုလုံး
2026-09-29 12:23:53
2
chococaramel530
@chococaramel :
No.2 pr🤧
2026-09-30 05:24:50
1
wynea48
🧠Nway🫀 :
5ခုစလုံးလတူနေတော့လွန်တာပေါ့🥺🥺
2026-09-29 13:34:33
1
To see more videos from user @mosar.kay, please go to the Tikwm homepage.

Other Videos


About