@la.gon.eainapple: တနေ့နေ့မှာ မင်းအနား ကိုယ်မရှိတော့တဲ့အခါ မင်းအတွက် တတ်နိုင်သလောက် ပေးစွမ်းခဲ့တာလေးကို အမှတ်ရပေးပါ ကိုယ့်ဘဝထဲ မင်းဆိုတဲ့ နာမ်စားလေး စတင်လာကတည်းက ကိုယ့်မှာရှိတဲ့ အရာအားလုံးနဲ့လဲပြီး ပုံအောပြီး ချစ်ခဲ့ပါတယ်... ဘဝမှာ ဘယ်သူ့အတွက်မှ မရှိခဲ့ဖူးတဲ့ မေတ္တာတွေနဲ့ အရာအားလုံးရဲ့ ထိပ်ဆုံးမှာ ထားခဲ့ပါတယ်.... တစ်ခါတလေ မင်းစိတ်ရှုပ်နေတဲ့အခါ အလိုက်မသိခလေးတစ်ယောက်လို ပြုမူခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ် ကိုယ့်ရဲ့ အချိန်တွေ အကျင့်တွေ၊ တချို့သော အရာတွေကို ဆုံးရှုံးခံပြီး မင်းကို ရွေးချယ်ခဲ့တယ် မင်းကို အမြဲပြုံးပျော်စေချင်ခဲ့တယ်.... မင်းအပြုံးကို မြင်ရဖို့ မင်းသဘောကို အမြဲလိုက်လျောပေးခဲ့တယ်... စိတ်ရှုပ်တတ်တဲ့မင်းကို အတတ်နိုင်ဆုံး ပျော်အောင်ထားပေးနိုင်ခဲ့တယ်.. တစ်ခုခု အဆင်မပြေခဲ့ရင် မင်းများစိတ်ခုသွားပြီးလားဆိုတဲ့ စိတ်နဲ့ အတင်းတွေ ရှင်းပြခဲ့တယ် ကိုယ်မရတဲ့အရာတွေ ပြောပြီး မရနိုင်မှန်းသိတဲ့အခါ အပင်ပန်းမခံ မငြိုငြင်ဘဲ ဆက်ချစ်ပေးခဲ့တယ် တစ်ချိန်မှာ မင်းရဲ့ပုခုံးလေး မမှီရတော့မှာ၊ မင်းပျော်နေတာလေး မမြင်ရတော့မှာ သေသေအောင် ကြောက်ခဲ့ရသူပါ"နောက်ဆုံးတော့... ကိုယ်ရှိနေတာဟာ မင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာရယ်၊ ကိုယ်တိုင်က မင်းအတွက် အပိုလူတစ်ယောက် ဖြစ်နေပြီဆိုတာရယ်ကို သိလိုက်ရလို့ မင်းနားမှာရှိနေဖို့ ကိုယ် မဝံ့ရဲတော့ဘူး သေချာတာတစ်ခုကတော့ ကိုယ်သာ မင်းအတွက် ကောင်းမွန်တဲ့လူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် မင်းကိုပိုင်ဆိုင်ရဖို့ ကိုယ် သေချာပေါက် ကြိုးစားမိနေဦးမှာပါ အခုတော့ အရာအားလုံးကို လက်ခံလိုက်ပြီး ကိုယ်တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလို့ နာကျင်နေရတဲ့ မင်းရဲ့လက်ကလေးတွေအတွက် ကိုယ် လက်လွှတ်လိုက်ပါပြီ အမြဲတမ်း မင်းရဲ့ဆန္ဒတွေကို လိုက်လျောခဲ့သလိုပဲ... အခုတစ်ခါလည်း မင်းရဲ့ဆန္ဒအတိုင်း လမ်းခွဲပေးလိုက်တာကို ဂုဏ်ယူပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ တစ်ချိန်ချိန်မှာ ကိုယ့်အကြောင်းတွေ တွေးမိခဲ့ရင်... မင်းကို သိပ်ချစ်ခဲ့တဲ့ကိုယ်၊ မင်းကို ပျော်ရွှင်စေချင်ခဲ့တဲ့ကိုယ်၊ မင်းအတွက် အမြဲတမ်း အရှုံးပေးခဲ့တဲ့ကိုယ့်ကို မြင်ယောင်ပေးပါ မင်းရဲ့ဘဝမှာ ရည်မှန်းချက်တွေအတိုင်း ဆက်လျှောက်လှမ်းရင်း အကောင်းဆုံးဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ကိုယ် ဆုတောင်းပေးပါတယ်..."#fyp #campwithlagon
LaGonEain
Region: MM
Tuesday 29 September 2026 12:25:17 GMT
Music
Download
Comments
HHnin Wai :
စာအရှည်ကြီးဆိုမုန်းပေမယ့် အဆုံးထိဖတ်လိုက်မိတယ်
2026-09-29 13:22:28
5
🦋May🦋♍️ :
စာသားလေး
2026-11-17 10:58:22
0
Kiiko :
သူနဲ့ဝေးပီးနောက် မငိုဖူးလို့ တင်းခံထားတဲ့စိတ် တေ ဒီစာလေးမြင်တော့ ငါတို့တေအမှန်တဂယ် ဝေးသွားပြီပဲလို့ တွေးရင်း မျက်ရည်ဝဲရတယ်
2026-11-03 06:04:49
1
🍃🪼🌈 :
သဘာ၀အလှပဲတင် ေပးပါ စာသားတွေနဲ့မတင်ပါနဲ့🥺
2026-09-29 12:31:58
1
🌼 :
ကိုယ်တို့သေသွားတာဆိုပြီးဖတ်နာ😂
2026-09-29 13:05:29
0
ြမဒါလီဦး :
ြမင်ယောင်မှာလဲမဟုတ် ဘူး သတိရမှာလဲမဟုတ်ဘူး ဘာလို့ဆို သူတို့က သူတို့ချစ်တဲ့သူနဲ့ပ ဲ ပျော်ရွှင်စရာတွေဖန်တီးနေ ရလို့
2026-09-29 12:56:53
2
Sai Naung :
ရီးဇားနဲ့ပြတ်ပီးတည်းက စာအရှည်ကြီးတွေပဲ လိုက်ဖတ်နေမိတော့တယ်😑
2026-09-29 13:26:27
0
မြတ်ဆုမွန် အထည်ဆိုင် :
အကိုရေ ခရီးက မသွားဖြစ်လို့လား
ဒီနေ့ပန်လောင်သွားဖို့ စရံကောပေးထားခဲ့တာ
2026-09-30 02:24:59
0
Yuki :
ခရီးသွားပြီး သဘာဝအလှ တရားတွေ ပဲ တင်ပါ 😭
2026-09-30 00:27:24
0
Aye Su Mon🌻 :
သဘာဝအလှတရားတွေပဲ တင်ပေးပါ
ဒဏ်ရာတွေက ခုထိမပျောက်သေးပါဘူးဆို🥹
2026-09-29 15:53:19
0
💜♐️ :
တောင်တက်တာတွေဘဲတင်ပေးပါ မဆိုင်တာတွေမတင်ပါနဲ့ 🤧🤧😭
2026-09-29 14:00:31
2
WYP❇️👑 :
ဒဏ်ရာတွေကမပြောက်သေးပါဘူးဆို🥺
2026-09-29 12:50:26
1
Saw🦖 :
ကျနော်အဖြစ်နဲ့တူလိုက်တာဗျာ
2026-10-02 10:37:38
0
itstrlilioflili :
သဘာဝတရားကြီးပဲတင်ပေးပါ ဘရိုရယ်
2026-09-29 13:26:45
0
😶🌫️မောင်ငမဲ🫥 :
profile name ကြီးကြိုက်တယ်
2026-09-29 13:44:13
0
ဖင်ပြောင်ကြီးနဲ့မောင်မောင် :
တောင်တက်တဲ့ vd လေးတွေပဲ တင်ပါဗျာ
2026-10-29 13:55:19
0
zenith-phonix :
စာလေးပေးပါ ကွဲတော့မဲ့မိန်းမကိုပို့ချင်လို့
2026-09-29 15:47:27
0
Nwe Ni Aung 🐉🐉 :
😔😔😔
2026-09-29 14:26:26
0
December :
🥺🥺🥺
2026-09-29 12:35:31
0
Htet Wai Yan Oo :
😭
2026-10-31 14:17:30
0
To see more videos from user @la.gon.eainapple, please go to the Tikwm
homepage.