@user7653161361823: ဘာလို့ သူများကို ဒီလောက် အပြစ်ကင်းစေချင်နေရတာတုံး ကိုယ့်ကိုကိုယ် အရင် အပြစ်ကင်းစေချင်တဲ့ စိတ် မွေးပါလား လို့ ဟုတ်လား… သာရမ္ဘ ဆိုတာ၊ ချုပ်ချယ်တာ ဪ သူများဘဝထဲကို ဝင်ရောက်စွက်ဖက်ချင်တာ သူများကို အရာရာ ကိုယ့်အလိုကျဖြစ်ချင်တာ ဘုန်းကြီးက အဲ့ဒီ သာရမ္ဘဆိုတဲ့စကားလေးကို အရမ်းစိတ်ဝင်စားလို့ အဘိဓာန်ကိုလှမ်းကြည့်တယ် သာရမ္ဘရဲ့အဓိပ္ပါယ် ဘာတွေများရှိတုံး သူများကို အပြစ်ပြောလိုတာ ဪ ကြည့်နော် အဲ့ဒါလေးတွဲပါလာတယ် ဟုတ်လား နော် သူများမကောင်းတာကို ကျုပ်တို့က နေရင်းထိုင်ရင်းနဲ့ သူများအကုသိုလ် ကိုယ့်အကုသိုလ်ဖြစ်အောင်လုပ်ချင်တာ ဟုတ်လား…? ကျုပ်တို့က သူများကို စိတ်တိုင်းမကျနေတာ ဘာ သူ့ဟာသူ ဖြစ်နေတဲ့ကိစ္စပဲလေ အဲ့ဒါကြီးကို ကိုယ်က ဘေးကနေပြီးတော့ ဘာဖြစ်နေတုံး… အပြစ်မြင်နေတာ ဘာလို့ဒီလိုဖြစ်ရ ဘာလို့ဒီလိုဖြစ်ရတုံး နှုတ်ခမ်းတစ်စူစူနဲ့ ဟုတ်လား…? ဘယ်လိုဖြစ်နေတာတုံး ချုပ်ချယ်ချင်နေတာ သူများကို ကိုယ့်အလိုကျ ဖြစ်စေချင်နေတာ ကောင်းသလား အဲ့ဒီစိတ်တွေ ကိုယ့်စိတ်ပဲ ပူရလောင်ရတယ် ပင်ပန်းရတယ် ကိုယ်ပဲ ညစ်နွမ်းရတယ် မဟုတ်လိုက်တာ အဲ့ဒါကြီးက ဟုတ်လား…? ဒါကြောင့်… ထမ္ဘ ၊ ခက်ထန်တယ် သာရမ္ဘ ၊ ချုပ်ချယ်တယ် များသောအားဖြင့် အဲ့ဒီ ချုပ်ချယ်တယ်ဆိုတဲ့ကိစ္စက ကိုယ်နဲ့ပတ်သက် ဆက်စပ်မှုများတယ် ကိုယ့်ဟာလို့ မှတ်ထင်ပြီဆိုရင် ပိုပြီးတော့ ဖြစ်တတ်တယ် ဟုတ်တယ်မို့လား…? သူစိမ်းတွေ ဘာမှ မသိတဲ့လူတွေကို ကိုယ်က သွားချုပ်ချယ်လို့လည်း မရဘူးလေ အဲ့တော့ လုပ်လို့ရရင်လည်း လုပ်ချင်တဲ့အပိုင်းလေးတွေက ရှိနေသေးတာကို ဟုတ်လား…? ငါ့ဟာလို့ လုပ်ပြီဆိုတာနဲ့ နင် ငါ့စိတ်တိုင်းကျနေတော့ တော်တော်ဆိုးတဲ့ ကိစ္စလို့ ဘုန်းကြီးကတော့မြင်တယ် အဲ့ဒါကြောင့် ရန်ဖြစ်နေကြရတာပဲ လူတွေ ဟုတ်တယ်မို့လား…? လင်မယားတွေ ရန်ဖြစ်တယ်ဆိုတာ အဲ့ဒီကိစ္စ အများကြီးပါတယ် မိဘနဲ့သားသမီး ရန်ဖြစ်တယ်ဆိုရင်လည်း အဲ့ဒီကိစ္စ အများကြီးပါတယ် ညီအစ်ကိုမောင်နှမတွေ ရန်ဖြစ်ပြီဆိုရင်လည်း အဲ့ဒီကိစ္စ အများကြီးပါတယ် သာရမ္ဘ ၊ ချုပ်ချယ်တယ် အပြစ်ပြောလိုတယ် ဘုန်းကြီးက ဘယ်လိုလေးအကြံပေးချင်တုံးဆိုတော့ ကိုယ့်ကိုကိုယ်ပြောမိလို့ ဒါ ယောဂီတွေကို ထပ်ပြောလိုက်တာပါလေ သူများကို အပြစ်မြင်မယ်ဆိုရင် ဘာလို့ သူများကို ဒီလောက် အပြစ်ကင်းစေချင်နေရတာတုံး ကိုယ့်ကိုကိုယ် အရင် အပြစ်ကင်းစေချင်တဲ့ စိတ် မွေးပါလား…လို့ ဟုတ်လား…? သူများကို ဘာလောက် ဒီလောက်ကြီး အပြစ်ကင်းစေချင်နေရတာတုံး အဲ့ဒီအဖြစ်မျိုး ကိုယ့်မှာရော မရှိဘူးလား ဟုတ်လား…? သူများကို အရမ်း သန့်ရှင်းစေချင်နေတယ် ကိုယ့်မှာတော့ အညစ်အကြေးတွေ ပေနေတယ် ဘာမှ မသင့်တော်ဘူး ကိုယ့်ကိုကိုယ်ပဲ အရင် သန့်ရှင်းစေချင်တဲ့စိတ် ရှိသင့်တာပေါ့ ဟုတ်လား…? ဒါကြောင့်… အပြစ်မြင်မယ်ကြံရင် ကိုယ့်အပြစ်ကို မြင်ပါ့လား…? ကိုယ့်စိတ်ထဲက စေတနာလိုလို ဘာလိုလိုနဲ့ သူများကို ကောင်းစေချင်လို့ လိုလို ဘာလိုလိုနဲ့ စိတ်ထဲတော့ ဘာတွေဖြစ်နေတုံး ညစ်နွမ်းနေတယ် သာရမ္ဘ ဆိုတာလေးကို ပြောပြတာ ဟုတ်လား…? ဓမ္မမိတ်ဆွေများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ အသိထူး ဉာဏ်ထူး ရရှိကြပါစေ မေတ္တာဖြင့် ဓမ္မပီတိ✍️✍️✍️ #သစ္စာရွှေစည်ဆရာတော်🙏🙏🙏 တရားတော်ကို နာယူ၍ အသိတိုးပွါး ကုသိုလ်များကြပါစေ #fypppppppppppppp #viraltiktok #fyp4youpage4you #

Dhammapite
Dhammapite
Open In TikTok:
Region: MM
Tuesday 29 September 2026 12:37:18 GMT
6203
767
34
26

Music

Download

Comments

moe16973
moeMaka :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါဘုရား
2026-09-29 21:48:34
0
kyi.kyi.than48
Kyi Kyi Than :
2026-09-29 14:53:16
0
user10913913561287
မန်းမြေမောင်မောင် :
2026-09-29 15:27:15
0
nina.pearl3
nina pearl :
သာဓု သာဓု သာဓုပါဘုရား
2026-09-29 14:45:17
0
user10913913561287
မန်းမြေမောင်မောင် :
2026-09-29 15:27:18
0
pyae75573
🦋Pyae💕💕 :
🙏🙏🙏🙏🙏
2026-09-29 17:13:33
0
myint.myint.soe971
Myint Myint Soe :
2026-09-29 14:37:37
0
daw.wai925
Daw San San Wai :
2026-09-30 05:02:19
0
khinwinkyi3679
Khin :
🙏🙏🙏🙏🙏
2026-09-29 13:48:46
0
user4252945327066
ပါရ မှီ :
2026-09-30 02:31:42
0
daw.kyin.htay40
Daw Kyin Htay :
2026-09-29 13:09:52
0
daw.htay.htay.myi89
DAW HTAY HTAY MYINT :
2026-09-29 12:52:56
0
user7611865114875
user7611865114875 :
🥰🥰🥰
2026-11-18 07:32:52
0
no.no4492
သမီးလေးမေမေပါ :
🙏🙏🙏
2026-11-03 12:10:59
0
user6962130477692
ဇူလိွူင္မိုး :
🥰🥰🥰
2026-10-06 15:16:22
0
than9035
ktw :
🙏🙏🙏
2026-10-03 09:04:30
0
khinkhin19700
Khin Khin :
[Red heart][Red heart][Red heart]
2026-10-03 02:31:04
0
user7166390180321
ဒေါ်ချယ်ရီစံ :
🙏🙏🙏
2026-10-01 17:08:51
0
khinezinhtet84
Honey💖💚🌻🌻🥀🌹 :
🙏🙏🙏
2026-09-30 17:42:08
0
yanyan7173
နှင်းဆီမေ :
🙏🙏🙏🙏🙏
2026-09-30 14:28:54
0
u.soe.myint.oo6
U Soe Myint Oo :
[Pray][Pray][Pray]
2026-09-30 06:55:37
0
mya.mya.maw8
Mya Mya Maw :
🙏🙏🙏
2026-09-30 06:33:21
0
zawmm0
U Zaw Min Oo :
🙏🙏🙏
2026-09-30 00:14:16
0
kayin.lay6056
ဖြိုးသီရိကျော်😘 :
🙏🙏🙏
2026-09-29 17:01:32
0
daw.wai.thin75
Daw Wai Thin :
🙏🙏🙏
2026-09-29 12:41:34
0
To see more videos from user @user7653161361823, please go to the Tikwm homepage.

Other Videos


About