@sdec.is: SDEC International School တွင် “BREAK THE SILENCE!!!” Theme ဖြင့် Anti-Bullying Campaign (2026) ကို ခရမ်းရောင်နှင့် လိမ္မော်ရောင် Ribbon များ ဝတ်ဆင်ကာ တက်ညီလက်ညီ အောင်မြင်စွာ ကျင်းပ သောကြာနေ့၊ စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် အားလုံးပဲ မင်္ဂလာပါ။ SDEC International School မှ နွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါတယ်။ SDEC International School အနေဖြင့် Bullying နှင့် ပတ်သက်သည့် အသိပညာများ ပိုမိုနားလည်သဘောပေါက်လာစေရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် “BREAK THE SILENCE!!!” ဟူသော Theme ကို အဓိကထားကာ In-House Anti-Bullying Campaign (2026) ကို ပြီးခဲ့သည့် သောကြာနေ့၊ စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်စတင်ချိန်တွင် Students Council မှ Master of Ceremony နှင့် Co-Hosts များက ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ Management Team Members များနှင့် ဝန်ထမ်းများအား နွေးထွေးစွာ ကြိုဆိုခဲ့ပြီး Campaign အစီအစဉ်များကို မိတ်ဆက်ကြေညာပေးခဲ့ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူအားလုံး တက်ညီလက်ညီ မတ်တပ်ရပ်ကာ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြပါသည်။ ဆက်လက်၍ CEO Dr. Min Lwin Soe မှ အားပေးလှုံ့ဆော်မှုအပြည့်ရှိသော မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ Bullying သည် ယနေ့ကမ္ဘာတစ်ဝန်းတွင် အမြဲတမ်း ဆွေးနွေးအရေးပေးနေရသည့် အရေးကြီးသော Global Issue တစ်ခုဖြစ်လာကြောင်း၊ ကျောင်းသားဘဝမှစ၍ အနာဂတ် Global Citizen တစ်ဦးဖြစ်လာမည့်အထိ Bullying အမျိုးမျိုးကို မိမိအသံဖြင့် ဆန့်ကျင်ရမည်ဖြစ်ပြီး မည်သည့် Bullying ပုံစံမျိုးကိုမဆို အမြဲတမ်း “NO!” ဟု ပြောနိုင်ရမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့ပါသည်။ ထို့နောက် SDEC Music Club ၏ Choir Team မှ SDEC Theme Song နှင့် ယနေ့ကမ္ဘာတစ်ဝန်းတွင် Anti-Bullying Message အဖြစ် လူသိများလာသော “I Have A Voice!” သီချင်းကို သီဆိုတီးခတ်ဖျော်ဖြေပေးခဲ့ကြပါသည်။ ထို့အပြင် Management Team Member တစ်ဦးဖြစ်သည့် Ms. Htet Myat Thu မှလည်း ချိုသာသော အသံဖြင့် အတူတကွ ပါဝင်သီဆိုပေးခဲ့ပါသည်။ အဆိုပါ Campaign သို့ Nursery မှ IGCSE အထိ ကျောင်းသား၊ ကျောင်းသူများ၊ လေးစားအပ်ပါသော ဆရာ၊ ဆရာမများ၊ Management Team Members များ၊ Consultant Education Experts များ၊ Board of Directors နှင့် ဝန်ထမ်းများ တက်ရောက်ပါဝင်ခဲ့ကြပါသည်။ ထို့နောက် မတူညီသော Year Levels များမှ ကျောင်းသား၊ ကျောင်းသူများက Bullying နှင့်ပတ်သက်သည့် မိမိတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ၊ အခြားသူများမှတစ်ဆင့် သိရှိတွေ့မြင်ခဲ့ရသော အတွေ့အကြုံများကို မျှဝေပြောကြားသည့် “Students Talk” အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပါသည်။ ယင်းနောက် Principal Dr. Anthony Krippes မှ စိတ်အားထက်သန်စေသော Closing Speech ကို ပြောကြားခဲ့ပါသည်။ မည်သည့်အသက်အရွယ်၊ လူမျိုး၊ ကျား/မ သို့မဟုတ် လူမှုအဆင့်အတန်းကိုမဆို မခွဲခြားဘဲ နေရာမရွေး၊ အချိန်မရွေး မည်သည့် Bullying ပုံစံမျိုးကိုမဆို “NO!” ဟု ပြတ်သားစွာ ပြောနိုင်မည့် စိတ်ဓာတ်နှင့် အသံရှိရမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် SDEC Community Members အား တိုက်တွန်းပြောကြားခဲ့ပါသည်။ Main Ceremony အပြီးတွင် Campus-B ရှိ သတ်မှတ်ထားသော Campaign Booth များတွင် သက်ဆိုင်ရာ Senior Teachers နှင့် Assistant Teachers များ၏ ကြီးကြပ်မှုဖြင့် Anti-Bullying Workshops, Poster Competition Awards Giving, Anti-Bullying Games & Activities နှင့် Face Painting အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ပါသည်။ ထို့အပြင် ဝမ်းမြောက်စရာ သတင်းကောင်းတစ်ခုအနေဖြင့် ယခု Anti-Bullying Campaign နှင့် Workshop များတွင် စိတ်ပါဝင်စားစွာ တက်ရောက်ပါဝင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူတိုင်းအား “Certificate of Participation” ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ ယခု Campaign မှ ရရှိသည့် အသိပညာများနှင့် အတွေ့အကြုံများသည် ကျောင်းသား၊ ကျောင်းသူများ၏ လက်ရှိဘဝနှင့် အနာဂတ်ဘဝအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရရှိစေမည်ဟုလည်း ယုံကြည်ပါသည်။ SDEC International School Community Members အားလုံးသည် မည်သည့် Bullying ပုံစံမျိုးကိုမဆို အမြဲတမ်း “NO!” ဟု တက်ညီလက်ညီ ပြောဆိုဆန့်ကျင်သွားမည်ဖြစ်ပါသည်။ Campaign အစီအစဉ်များ ပြီးဆုံးပြီး နေ့တစ်ဝက် ပုံမှန်စာသင်ချိန်များ မစတင်မီ တက်ရောက်ပါဝင်သူအားလုံးအား အရသာရှိသော Lollipops များကိုလည်း ဝေငှပေးခဲ့ပါသည်။ ပြီးခဲ့သည့် သောကြာနေ့က ကျင်းပခဲ့သည့် အခမ်းအနားသည် “Our Event” ဖြစ်ခဲ့ပြီး လူတိုင်း၏ ပူးပေါင်းကူညီမှုမရှိခဲ့ပါက ယခုကဲ့သို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မည် မဟုတ်ပါ။ ပါဝင်ကူညီပေးခဲ့ကြသူ တစ်ဦးချင်းစီတိုင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။ “WE REALLY DID IT WITH YOUR FULL SUPPORT!”

SDEC International School
SDEC International School
Open In TikTok:
Region: MM
Tuesday 29 September 2026 13:11:01 GMT
4752
188
4
68

Music

Download

Comments

thanda74
Thandar(kamaroon Fashion) :
❤️❤️🥰
2026-09-29 13:20:31
1
victoria_secrat6
victoria_secrat :
Who even is the art judges? They have very bad voting.is always the ugly art
2026-09-29 13:30:33
0
luv_penguin
Penguin :
is my destinyyhhh 👀👀👀😭@KRYST4L<3🩰🎀
2026-09-29 13:17:21
3
To see more videos from user @sdec.is, please go to the Tikwm homepage.

Other Videos


About