@tsukina545: 🙏🙏🙏 ဇိနော = အောင်သူတကာတို့၏ အထွတ်တမွတ်ဦးသျှောင် ဘုန်းခေါင်ဘုန်းဖျား ငါတို့မြတ်စွာဘုရားသည်။ (၁) မာရဉ္စ = ဂီရိမေခလာဆင်မဟာကို လျှင်စွာတက်စီး ပလ္လင်နီးဝယ် လေကြီးမိုးကြီး ပြာပူမီးနှင့် မှောင်ကြီးတတန် ဓားလှံမကြွင်း ပစ်ကာခွင်းလျှက် အချင်းသိဒ္ဓတ် ပလ္လင်မြတ်မှ အမြန်ထလော့ စိမ်းမြညိုလွင်​ ​​​ဗောဓိပင်နှင့် ပလ္လင်​​တော်ကား ထင်အရှားပင် သင်ကားမဆိုင် ငါသာပိုင်ဟု စွဲကိုင်လက်နက် ရဲစစ်မတ်ဖြင့် အောက်ထက်ဝန်းရံ သောသောညံအောင် အသံဟစ်ကြွေး မယဥ်ကြေးသည့် ရန်ဘေးတင်း မာရ်နတ်မင်းကိုလည်းကောင်း။ (၂) ယက္ခဉ္စ = ဓားမိုးလှံမိုး မီးကျီမိုးကို ရွာဖြိုးသွန်းချ ယမ်းမီးကျသို့ ဒေါသပြင်းထန် ငါဗိမာန်မှ အမြန်ထွက်သွား နှင်ရက်အားသည့် တရားကင်းကွာ ကြမ်းကြုပ်စွာသား အားဠာဝက တေဇထန်ပြင်း ဘီလူမင်းကိုလည်းကောင်း။ (၃) ဂဇဉ္စ = အစွယ်ထက်ချွန် အရက်မွန်လျှက် အလွန်ဆိုးညစ် အမုန်ရစ်၍ ရှင်ချစ်သနင်း သုံးလူ့မင်းကို အတင်းအကြပ် ဝိညာဥ်ပြတ်အောင် ထိုးသတ်အံ့ငှာ ရှေးရှုလာသည့် နာဠာဂီရိ တောင်ရှိနီးနီး ဆင်ပြောင်ကြီးကို လည်းကောင်း။ (၄) စောရဉ္စ = ခရီးဝေကွာ သုံးယူဇနာကို လျင်စွာပြေးစွမ်း တောမြိုင်တန်းက လူဖမ်းလက်ဖြတ် သေအောင်သတ်၍ နန်းရပ်ကကျော် မွေးမယ်တော်ကို မြင်သော်စိုက်စိုက် ဓားဖြင့်လိုက်၍ မကိုဋ်ထွတ်တင် ဘုရားရှင်ကို အသင်ရှောင်ဝေး ဘယ်ကြောင့်ပြေးဟု ဓားရေးပြကာ သတ်မည်လာသား လွန်စွာဆိုးဘိ အင်္ဂုလိခေါ် သူခိုးကျော်ကိုလည်းကောင်း။ (၅) စိဉ္စမာနဉ္စ = အလွန်ကောက်ကျစ် တိတ္ထိညစ်တို့ အပြစ်ရှာကြံ မကောင်းဉာဏ်ဖြင့် စီမံဆုံးဖြတ် စေလွှတ်လိုက်၍ ပရိတ်သတ်ထဲ အရှက်ကွဲအောင် စွပ်စွဲတတ်စွာ စိဉ္စမာဟု သညာဖော်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။ (၆) သစ္စကံ = မစင်မဖြူ မိစ္ဆာယူဖြင့် မည်သူကိုမျှ မာန်မချဘဲ ဝါဒချင်းပြိုင် သူကပိုင်အောင် အနိုင်လွှမ်းမိုး အယူဆိုးသည့် တိတ္ထိမျိုးမိုက် သစ္စကပရိဗိုဇ်ကိုလည်းကောင်း။ (၇) နာဂဉ္စ = ဒေါသလွှမ်းမိုး မျက်စောင်းထိုးက အရိုးကြေမွှ ဖွဲပြာကျသို့ တေဇထန်ပြင်း နန္ဒောပနန္ဒ နဂါးမင်းကိုလည်းကောင်း။ (၈) ဗကဉ္စ = ဉာဏ်မြင်ကင်းကွာ နိစ္စသာဟု မိစ္စာလွှမ်းမိုး အယူဆိုးသည့် တန်ခိုးအရောင် ထန်ပြောင်ညီးညီး ဗက ဗြဟ္မာမင်းကြီးကိုလည်းကောင်း။ အဇီနိ = ဒိဋ္ဌိကိုချ ဒေါသကိုပယ် မာန်စွယ်ကိုချိုး သဒါဖြိုးလျှက် ရှိခိုးတုတ်ကွ ပြားပြားကျအောင် ဆုံးမသွင်သင် အောင်ပွဲတော်ရင်ခဲ့လေပြီ။ ဧတေန သစ္စဝဇ္ဇေန = အောင်ခြင်းရှစ်ချက် ဂုဏ်တော်နက်ကို နုတ်မြွတ်ဖော်ကြား ဤသစ္စာစကားကြောင့်။ မေ = မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရ​န်မျှော် ဘုရားတပည့်တော်၏။ ဝေါ တုမှာကံ = မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော်တောင် သင်တရားနာ ပရိတ်သတ်အပေါင်း သူတော်ကောင်းတို့၏။ ဇယျမင်္ဂလံ = အောင်ရာအတိက် အောင်နိမိတ်နှင့် အောင်ဘိသိက်သွန်း အောင်ဟိတ်ချင်းလျှက် အောင်ချင်းစင်္ကာ မင်္ဂလာသည်။ ဟောတု = သစ်ဆင့်နေဝန်း တုန်းသယ်လာစန်း ပွင့်တဲ့ပန်းသို့ ဆန်းအဖုံဖုံ စခန်းစုံအောင် အစွမ်းကုန်မသွေ ဖြစ်ပေါ်ပါစေသတည်း.......။ #ဖိုးလမင်းဆရာတော် #သာသနာ့ရောင်ဝါထွန်းစေချင်🙏🙏🙏🙏🙏

🍁Yuuki🍁(🦜)
🍁Yuuki🍁(🦜)
Open In TikTok:
Region: MM
Tuesday 29 September 2026 13:22:43 GMT
773
106
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @tsukina545, please go to the Tikwm homepage.

Other Videos


About