@hschannel199: “မွန်ရိုးရာဝတ်စုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်နေတဲ့အပေါ် မွန်လူမျိုးတစ်ဦးအနေနဲ့ ရှင်းပြပါမယ်” ပေါင်းတည်စွယ်တော်ဘုရားပွဲ စတုတ္ထညမှာ အပြုံးမင်းသားလေး စမ်းရေမိုးက မွန်ရိုးရာသီချင်းနဲ့အတူ မွန်ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ အဲဒီဖျော်ဖြေမှုမှာ မင်းသမီးတွေ ဝတ်ဆင်ထားတဲ့ မွန်ရိုးရာဝတ်စုံနဲ့ ပတ်သက်ပြီး ပဝါချထားတဲ့ဘက် မှားယွင်းနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ မွန်ရိုးရာဓလေ့အရ ပဝါကို ဘယ်ဘက်မှာသာ ချရပြီး ညာဘက်မှာ မချရဘူးဆိုတဲ့အချက်ကို မွန်လူမျိုးတစ်ဦးအနေနဲ့ ရှင်းလင်းတင်ပြပေးထားပါတယ်။ ဒီလိုဖြစ်ရပ်ဟာ မှားယွင်းမှုတစ်ခု ဖြစ်နိုင်ပေမယ့် တမင်တကာ ရည်ရွယ်လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း နားလည်ပေးစေလိုပါတယ်ခင်ဗျာ။ 👇 မွန်ရိုးရာဝတ်စုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အမြင်ကိုလည်း Comment မှာ မျှဝေပေးခဲ့ပါဦး။ #SanYayMoe #MonTraditionalCostume #MonCulture #MonTraditional #MonState #Myanmar #HSChannel
HSChannel
Region: JP
Tuesday 29 September 2026 14:09:47 GMT
Music
Download
Comments
မြတ်မြတ်သူ :
မြန်မာ့ဇာတ်သဘင်အနုပညာကိုအနုပညာစိတ်ဖြစ်ကြည့်စေချင်ပါတယ်
အစ်ကိုစမ်းရေမိုးရဲ့ဇာတ်သည်ဗမာဇာတ်သဘင်ဖြစ်ပါတယ်မွန်ဇာတ်သဘင်မဟုတ်ပါတိုင်ရင်းသားပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာလူမျိုးစွဲဘာသာစွဲရိုးရာစွဲရှိကြပါတယ်ဗမာဇာတ်သဘင်ကမွန်လူမျိုးတို့ရဲ့ရိုးရာသီချင်းကိုဆိုပေးတဲ့အတွက်ဂုဏ်ယူမိပါတယ်တန်ဖိုးထားပါတယ်အမှားမဟုတ်ပါ
အမှားကိုရှာပြီအပြစ်ပြောမယ်ဆိုရင်အမှားဘဲမြင်မယ်အမှန်နဲ့တော့အလှမ်းပိုဝေးသွားမယ်တစ်ဦးနဲ့တစ်ဦးမေတ္တာထားနိုင်ပါစေလို့ဆုတောင်းပါတယ်
မွန်အမျိုးသမီးတစ်ယောက်အနေနဲ့စာဝင်ရေးမိပါတယ်ဘယ့်သူ့ကိုမှထိခိုက်နစ်နာစေတဲ့စိတ်ဖြစ်ရေးချင်းမဟုတ်ပါအမှားပါရင်လဲနာလည်တဲ့စိတ်ဖြစ်
ခွင့်လွှတ်ပေးပါလို့တောင်းဆိုပါတယ်ရှင့်
အားလုံးအားလုံးသောဇာတ်သဘင်ကိုချစ်မြတ်နိုးသောပရိတ်သတ်တွေကောင်းသောနေ့တွေပိုင်ဆိုင်ပါစေလို့
မွန်အမျိုးသမီးကဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်
2026-09-29 16:20:12
69
⛓Monday Cho☕ :
ဟုတ်ပါတယ်ကျွန်မမွန်လူမျိုးစစ်စစ်ပါ ပြောရင်လည်းရှက်စရာဖြစ်နေအုံးမယ် ပုဝါကိုဘယ်ဘက်ကချရတာခုမှကျွန်မသိရပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် အမှားကိုထောက်ပြပေးလို့ နောင်လာနောက်သားကလေးတွေကိုပြောပြလို့ရအောင် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
2026-09-29 16:44:42
31
Lin Lin(Japanese by Lin) :
မွန်လူမျိုးတွေကိုအလေးထားတဲ့စိတ်၊တိုင်းရင်းသားအားလုံးကိုစည်းလုံးစေချင်တဲ့စိတ်နဲ့ပဲဆိုထားတယ်လို့မြင်ပါတယ်။
2026-09-29 15:04:37
61
🍎Chan Su Myint Lwin🍎 :
ရွှေရည်ကိုစာနဲ့ပြောပြလိုက်ပါတယ်..သူတို့တွေတကယ်မသိတာပါ..နောက်ဆိုရင်မမှားစေရပါဘူးတဲ့..ကျမလည်းမွန်လူမျိုးတစ်ယောက်..ကျမသူတို့ကိုညကပြီးမနက်မှာစာနဲ့ပြောပြထားပါတယ်
2026-09-29 15:51:03
32
Lay Lay Hmone💦 :
အရာရာ အလေးထား ဂရုစိုက်တဲ့ မင်းသားလေးမို့ သိတာနဲ့ ချက်ချင်းပြင်မှာပါ
နားလည်ပေးလို့ ကျေးဇူးပါ ရှင်းပြပေးလို့လည်းကျေးဇူးပါ မှတ်သားထားပါမယ်
2026-09-29 16:05:38
17
Ocean :
အကိုပြောပြမှ သိတာ ညီမတို့လဲ မသိဘူး အရမ်းလှလို့ ၀မ်းသာနေတာ မှားနေတာ မသိလိုက်ဘူး🥰🥰🥰🥰🥰နားလည်ခွင့်လွှတ်ပေးလို့ ကျေးဇူးပါ 🥰🥰🥰🥰🥰
2026-09-29 14:34:47
28
sue zaroo🇹🇭🇲🇪 :
ကျမက တော့ကြိုက်ပါတယ် ကျမလဲမွန်လူမျိုးပါ အသံနဲ့အက တော့ ကြည့်လို့ ကောင်းတယ် သူ့တို့လဲအခုမှအစ ကထား တော့ မင်းသမီးတို့လဲ ဘယ်သိမလဲ
2026-09-30 02:21:18
8
♥️ZarZarSanYay💦 :
ဖြည့်တွေးပေးလို့ ကျေးဇူးပါအကိုရေ မသိတာလေးတွေ သိရပီး နောက်ကြပြင်ဆင်လို့ရတာပေါ့နော်❤️
2026-09-29 14:58:25
19
mmm :
မွန်ရိုးယာမွန်ဓလေ့မွန်လူမျိုးကိုချစ်လို့ဖြော်ဖြေကပြတာတာပါနားလည်ခွင့်လွတ်မယ်လို့ထင်မိပါတယ်ရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်ပြင်သင့်တာပြင်ခွင့်ရလို့ပါ🥰🥰🥰
2026-09-29 14:57:25
15
monmon :
ခုလိုမွန်လူမျိုးတယောက်အနေနဲ့မသိလို့မှားသွားတဲ့အမှားလေးကိုနားလည်ပေးလို့ကျေးဇူးတင်ပါတယ်
2026-09-29 16:18:18
15
Daw cho :
ကျေးဇူးတင်ပါတယ်သား
2026-09-29 16:13:41
5
mie. mie :
မင်းသားလေးက တိုင်းရင်းသား တွေကို ချစ်ခင်လေးစားလို့ဂုဏ်ပြုတာပါ အတက်နိုင်ဆုံး ဖန်တီးကပြသီဆိုတာပါ မင်းသားလေး ကမွန်လူမျိုးမဟုတ်တာကြောင့်အနည်းငယ်မှားမှာပါ တိုင်ရင်းသားတွေကိုချစ်ခင်လေးစားလို့ဂုဏ်ပြုပေးတာပါရှင်ပျက်ရယ်ပြုနေတာမှမဟုတ်တာ အကောင်း ဆုံးကပြဂုဏ်ပြုပေးတာပါရှင်အားလုံးလည်းနားလည်ပေးစေချင်တယ်
2026-09-29 15:59:32
20
chaw may :
စိတ်သဘောထားပြည့်ဝစွာနဲ့ရှင်းပြထောက်ပြခွင့်လွှတ်နားလည်ပေးတာကျေးဇူးပါကွယ်
2026-09-29 15:36:11
11
Tie Kay :
မသိလိုမှားသာပါဖြည့်တွေးပေးလို့ကျေးဇူးတင်ပါတယ်
2026-09-29 15:56:01
6
🌻Pwint Zar Myo 🌻 :
နားလည်ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်🥰
2026-09-29 16:10:24
6
Yoon :
ဖြည့်တွေးပေးလိုကျေးဇူးပါအကိုရေ
2026-09-29 15:19:55
10
Ei EiCho :
မင်းသားလေးကိုယ်စားကျေးဇူးတင်ပါတယ်
2026-09-29 16:03:39
6
TTY :
ဖြေရှင်းပြောဆိုသွားဒါ လေးစားပါတယ် စိတ်ဓာတ်လေးလဲချီးကျူးပါတယ်
2026-09-29 16:16:09
7
Thi Thi🥰😘🥰😘 :
ဖြည့်တွေးပေးနေတာကိုက ကျေးဇူးတင်မိပါတယ်
2026-09-29 15:16:32
16
ကိုကို့လက်မောင်းအောက်ကမှဲ့လေး :
ဟုတ်ပါတယ်ရှင့်မွန်လူမျိုးမဟုတ်တော့အမှားအနဲငယ်ဖြစ်စွားတာပါ ခုလိုနားလည်ပေးလို့ကျေးဇူးပါ🥰
2026-09-30 02:45:17
7
Teacher Phyu :
ကျေးစူးပါအခုမသိတာပါ
2026-09-29 14:36:54
6
Ma Ma Moe :
ဖြည့်တွေးပေးတဲ့အတွက်မောင်လေးကိုကျေးဇူးတင်ပါတယ်
2026-09-29 14:35:37
11
Thoon Yati Phyo💋 :
မသိလို့မှားဒါခွင့်လွှတ်ပေးပါ
2026-09-29 15:42:34
5
sky may may🇲🇲🇹🇭 :
မွန်လူမျိုးမဟုတ်ပါဘူး သတိတော့ထားမိမယ်
အနည်းငယ်အတိမ်းစောင်းဖြစ်သွားတာပါ
နားလည်ပေးတာကျေးဇူးပါရှင်
သူလည်းချစ်မြတ်နိုးလိူ့တကူးတက တင်ဆက်ခဲ့တာပဖြစ်မှာပါ🥰
2026-09-29 22:49:56
5
K :
နားလည်ပေးလို့ကျေးဇူးတင်ပါတယ်
2026-09-29 15:33:11
5
To see more videos from user @hschannel199, please go to the Tikwm
homepage.