@thihazkblw3: လူတွေကို ကြည့်မိတိုင်း... သံဝေဂတစ်ခုတော့ ရမိတယ်။ တချို့က မာနတွေနဲ့ အမြင့်တက်နေကြတယ်။ တချို့က အတ္တတွေနဲ့ မျက်စိပိတ်နေကြတယ်။ ကိုယ့်ထက် နိမ့်တယ်ထင်တဲ့သူကို အထင်သေးတယ်။ ကိုယ့်ထက် အားနည်းတယ်ထင်တဲ့သူကို နှိမ့်ချဆက်ဆံတယ်။ ကိုယ့်မှာ အာဏာရှိလို့... ကိုယ့်မှာ ငွေရှိလို့... ကိုယ့်မှာ ဂုဏ်ရှိလို့... အဲဒီအရာတွေက ထာဝရပိုင်ဆိုင်ခွင့် ရထားသလိုနဲ့... ငါမှငါဆိုတဲ့ စိတ်နဲ့ လူလူချင်း နာကျင်အောင် ပြောဆိုကြတယ်။ ဒါပေမယ့်... အချိန်တန်ရင် ဘယ်သူမှ မကျန်ရစ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ အားလုံးဟာ မြေတစ်ဆုပ်နဲ့ ပြာတစ်ဆုပ်ပါပဲ။ တစ်နေ့မှာ အားလုံးဟာ ထွက်ခွာသွားကြရမယ့် ခရီးသည်တွေပါ။ ဒါပေမဲ့ ငါမှငါဆိုတဲ့အတွေးနဲ့ မာနတွေ ထူပြောနေကြတယ်၊ မနာလိုမှုတွေနဲ့ အချင်းချင်း လောင်ကျွမ်းနေကြတယ်။ သူများအပြစ်ကို ရှာရတာနဲ့ပဲ ဘဝကို ကုန်ဆုံးစေတဲ့အခါ မိမိကိုယ်တိုင်ရဲ့ အမှားနဲ့ အချိန်တွေ ကုန်သွားတာကို မသိလိုက်ကြဘူး။ အခိုက်အတန့်လေး ရထားတဲ့ ဘဝမှာ မုန်းတီးခြင်းတွေနဲ့ အချိန်မဖြုန်းသင့်ပါဘူး။ အားလုံးဟာ သေခြင်းတရားရဲ့ လက်ခုပ်ထဲက ရေစက်လေးတွေပါပဲ။ ကိုယ့်ကိုအပြစ်ပြောနေသူကို သွားပြီးမုန်းစရာ မလိုပါဘူး၊ သူတစ်ပါးကို မနာလိုမယ့်အစား ဝမ်းမြောက်တတ်ပါ။ အမုန်းတွေ သိမ်းထားမယ့်အစား ခွင့်လွှတ်တတ်ပါ။ မာနကို ဖက်တွယ်မယ့်အစား နှိမ့်ချတတ်ပါ။ နောက်ဆုံး.. ဒီလောကကြီးကနေ ပြန်ထွက်သွားတဲ့အချိန်မှာ... ယူသွားလို့ရတာ ငွေကြေးမဟုတ်ဘူး... ဂုဏ်ပုဒ်မဟုတ်ဘူး... ကိုယ်ပြုခဲ့တဲ့ ကံနဲ့ ကုသိုလ်ပဲ ကိုယ့်နောက်ကို လိုက်လာမှာပါ။ ကောင်းခြင်း ဆိုးခြင်းတွေဒွန်တွဲနေတဲ့ လောကထဲမှာ အကောင်းမြင်စိတ်ရှိမှ လူဖြစ်ကျိုးလည်းနပ်စေမှာပါ။
➳❤𝓔𝓷𝓳𝓸𝔂💔 𝐽𝑎𝑝𝑎𝑛🇯🇵
Region: MM
Tuesday 29 September 2026 16:01:14 GMT
Music
Download
Comments
Truth Life.. :
မတူညီတဲ့ နေရာ မတူညီတဲ့ အချိန်အခါမှာ..မတူညီတဲ့, အားနည်းချက် အားသာချက် ဆိုတာ လူတိုင်းမှာ အနည်းနဲ့ အများ ကိုယ်စီ ရှိကြတယ်.. တလောကလုံး သက်ရှိမှန်သမျှ ခြောက်ပစ်ကင်း သဲလဲစဥ် ဆိုတာ တယောက်မှ မရှိလို့ ဘယ်သူ့အားနည်းချက်မှ. မပြောမိတာ ကောင်းပါတယ်..
2026-09-29 18:47:34
24
🦋 ရှေး🦋 :
စာသားလေးလိုချင်လို့ပါရှင့်🥰🥰🥰
2026-09-30 03:30:39
9
may naung cho(ဓနုမလေး)😍 :
တစ်ချို့တေလည်း ဥစ္စာတေ ေြခာက်နေ
ကြတာ သေရင် ယူသွားလို့ရမှာကျနေတာလဲ
သေရင်ကိုယ့်နောက်ပါတဲ့ ဒါန သီလကိုတော့နားမလည် ကြဘူး
2026-09-30 08:46:02
12
Hla Hla ( Burmese ) :
မှန်ပါတယ်
2026-10-29 05:54:46
1
mamalove5221 :
မဂဂ်လာပါ
2026-10-29 07:58:57
1
phyo mi 💵🇯🇵 :
ဟုတ်ပ
2026-10-02 09:01:19
1
Ma nyein :
စာသာလေးပြန်ယူပါရစေ
2026-10-01 00:17:17
2
ရူပကလျှာ :
လူသားမစံကြတာ
ပိုစိုးတယ်
2026-10-03 03:21:55
1
Pa Pa Wadi Santee :
@သိချင်းလေးကြိုက်တာ[Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-10-18 04:10:41
1
Golden Butterfly :
အမှန်ဆုံးပါရှင်...🥰🥰👍
2026-10-02 06:40:04
1
YuYu Swe :
🥰🥰
2026-10-28 02:28:59
1
U Kyaw Swar :
crd.ပြန်တင်မယ် နော့👍
2026-10-02 12:11:39
1
Ma Khaing Lay🇯🇵🇯🇵🇯🇵🇯🇵 :
အိပ်ပျော်ပါစေ
2026-10-02 12:13:13
1
🍓S🫰 :
ပြန်တင်ခွင့်ပြုပါ🥰
2026-10-02 04:51:04
1
ဧပရယ်ခူး(ခ)ခူးခူး :
good
2026-10-02 12:25:15
1
Nilar :
မှန်လိုက်တာ 🥰🥰🥰
2026-10-02 12:58:14
1
🇯🇵🇯🇵thet🈲🉐 :
ကြိုက်တယ်ဗျာကောင်းလိုက်တဲ့သီချင်း
2026-10-01 13:41:53
1
ဒေါ်နေခြည် :
ဟုတ်တယ်နော်
2026-10-02 11:58:51
1
Daw Win Win Khaing :
သိပ်မှန်တယ်
ကျေးဇူးပါပဲ
2026-10-02 03:23:25
1
မမသက် :
သီချင်းလေးကောင်းတယ်
2026-10-03 11:43:26
1
𝕿𝖍𝖊𝖙 𝕳𝖙𝖆𝖗 𝖂𝖆𝖎💕💕 :
အမှန်ပဲ
2026-10-03 03:17:15
1
Daw Ohn :
အတ်တတွေမာနတွေကြောင့်နိုင်ငံအတွင်းမှာစစ်မီးတွေတောက်လောင်နေရတာ
ဒီလောက်သေတာကိုမြင်နေတွေ့နေတာကို
သံဝေဂမရကြဘူးကိုယ်ကမသေတော့မဲ့လူကျနေတာဘဲ
သေရင်ပါမဲ့ကောင်းမှုများကိုသာဆောင်ရွက်ကြမှနိုင်ငံကြီးလဲအေးချမ်းသာယာလာမှာပါ
နောင်လာနောက်သားများအတွက်ကောင်းသောအေးချမ်းသာယာတဲ့နိုင်ငံလေးလက်ဆင့်ကမ်းပေးစေချင်ပါတယ်ပေးနိုင်ကြပါစေရှင်----
2026-10-01 14:11:20
1
Saw Chit (အဓိပ္ပါယ်နဲ့ လူသား ) :
တရားသိလို့ အသိတရားရှိလာတဲ့နေ့ နားလည်ခွင့်လွှတ်တတ်လာလိမ့်မယ်။
သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်။
သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းနေရမယ်.....
2026-10-03 13:58:51
3
❤❤❤သားတို့မေမေ❤❤❤ :
🌹ဟုတ်ပ🥀🥀🥀🥀🥀
2026-10-28 04:28:21
1
🇯🇵 Khaing🇯🇵 :
မဂ်လာပါရှင်
နှစ်သက်မိစွာ..မျှဝေခွင့်လေးပြုပါရှင်
2026-10-01 01:55:06
2
To see more videos from user @thihazkblw3, please go to the Tikwm
homepage.