@www.shortrecap: မဂ်လာပါအိမ်ရှင်မိတ်ဆွေဗုဒ္ဓဘာသာလူမျိုးအပေါင်းသို့ စာလေးကို သေချာအဆုံးထိ ဖတ်ပေးကြပါ မိတ်ဆွေတို့ပြောသလို ဒီနိုင်ငံကို အုပ်ချုပ်ဖို့ ကြီးစိုးဖို့ အစ္စလာမ်က လုပ်မနေပါဘူး အစ္စလာမ်ဟာ နယ်ချဲ့သာသနာလဲမဟုတ်သလို အကြမ်းဖက်သာသနာလဲမဟုတ်ပါဘူး ဒီနေရာမှာ အစွန်းရောက်လူတစ်စုဆိုတာကတော့ ဘာသာတရားတိုင်းမှာရှိကြပါတယ် ဒါကိုတော့ထည့်တွက်ပေးပါ အဲ့ဒီလူတစ်စုကမကောင်းတာနဲ့ ဘာသာတရားတစ်ခုလုံးက မကောင်းဘူးလို့ သိမ်းကျုံးလိုက်လို့မရပါဘူး မိတ်​ေဆွတို့ အစ္စလာမ်ဟာ ငြိမ်းချမ်းခြင်းကိုဖော်ဆောင်တဲ့ဘာသာဖြစ်တယ် ဒီနိုင်ငံမှာ မြို့တစ်မြို့ရဲ့ဝန်ကြီးနေရာမှာတောင်မှ အစ္စလာမ်လူမျိုးမရှိပါဘူး အဲ့တော့ မိတ်ဆွေတို့ပြောတဲ့ ဝါးမျိုမယ်ဆိုတာကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မလဲဗျ စဥ်းစားကြည့်ပါ အစ္စလာမ်ဘာသာဟာ ဒီလောကစည်းစိမ်ကို မမက်မောဖို့တားမြစ်ထားတယ် အစ္စလာမ်ဟာ နှလုံးသားထဲက ယုံကြည်မှုနဲ့ ရှိနေတာပါ မိတ်ဆွေတို့တောင်းဆိုတဲ့ မင်းတို့ယုံကြည်တဲ့အလ္လာဟ်ပုံပြ အလ္လာဟ်ပုံပြ ဆိုတာ ကျွန်တော်တို့မပြနိုင်ပါဘူးဗျ ဒါပေမယ့် မိတ်ဆွေတို့ကို အလ္လာဟ်ရှိနေကြောင်း သက်သေတွေကိုတော့ အစ္စလာမ်ဘာသာဟာ အများကြီးချပြထားခဲ့ပြီးပါပြီ ဘာသာတရားဆိုတာ နှလုံးသားနဲ့သက်ဝင်ယုံကြည်မှ ထိုဘာသာရဲ့ အဆုံးအမတွေကို လိုက်နာ ကျင့်သုံးနိုင်တာပါ မိတ်ဆွေတို့ ဖျက်စီးနေတဲ့ ဗလီတွေ ဆိုတာက ဝတ်ပြုတဲ့နေရာတစ်ခုထပ်မပိုပါဘူး မိတ်ဆွေတို့ထင်သလို အကြမ်းဖက်ဖို့ လူစုတဲ့နေရာလဲမဟုတ်သလို ဘယ်မြေအောက်ခန်းမှ မပါရှိပါဘူး ဘယ်လက်နက်မှလဲ ဗလီအတွင်းမရှိပါဘူး မိတ်ဆွေတို့အနေနဲ့ ဗလီထဲကို ဘာကြောင့်ပေးမဝင်သလဲမေးရင် မိတ်ဆွေမှားနေပါပြီ ဝင်လို့ရပါတယ် ဒါပေမယ့် မိတ်ဆွေအနေနဲ့ ခန္ဓာကိုယ်သန့်ရှင်းပြီး ဝတ်စားဆင်ယင်မှုကလဲ သန့်ရှင်းရပါမယ် ပြီးတဲ့အခါ ဗလီရဲ့ သက်ဆိုင်ရာ တာဝန်ခံကိုခေါ်ပြီး မိတ်ဆွေသိချင်နေတဲ့ ဗလီအတွင်းကို ချက်ကျကျလိုက်လေ့လာနိုင်ပါတယ် နောက်တစ်ခု မိတ်ဆွေတို့စော်ကားနေတဲ့ အာဇာန်သံ ထိုအသံဟာ မိတ်ဆွေတို့ပြောသလိုမျိုး ကျိန်စာတိုက်နေတာမဟုတ်ပါဘူး ဝတ်ပြုချိန်ကျရောက်ပြီဖြစ်လို့ လာရောက်ဝတ်ပြုဖို့ ကိုးကွယ်ရာ အရှင်မြတ်ကိုသတိရကြဖို့ အသိပေးနေတာပါ မိတ်ဆွေတို့ဗလီကျောင်းတော်တွေကိုဖျက်ပစ်လို့ ကျွန်တော်တို့ဝမ်းနည်းမိတာတော့အမှန်ပါပဲ ဒါပေမယ့် ဒါဟာ မိတ်ဆွေတို့အပြစ်မဟုတ်ပါဘူး ကျွန်တော်တို့ဟာ ဝတ်ပြုဖို့ကိုမေ့လျော့စွာနေကြပြီး ပေါ့ပေါ့ပါးပါးနေကာ ဘုရားသခင်ကို သတိမရကြတော့လို့ ဘုရားသခင်ဖက် ပြန်လည်ရုတ်သိမ်းသွားရခြင်းပါပဲ ဒီနေရာ တစ်ချို့အသိဉာဏ်မဲ့တဲ့လူတွေကတော့ ကျွန်တော့်ကိုအစ္စလာမ်မစစ်ဘူး အမျိုးယုတ်လို့ပြောချင်ပြောကြပါလိမ့်မယ် ထို့ပေမယ့် အမှန်တရားကို ထိုသူတို့ သိကြပါတယ် အီမာန်ဆိုတဲ့ အရာဟာ နှလုံးသားထဲမှာရှိနေသ၍ အစ္စလာမ်ဟာ တည်ရှိနေပါတယ် ကမ္ဘာမြေကြီးတည်ရှိနေသ၍ အစ္စလာမ်ဟာ ဝတ်ပြုဆုတောင်းခွင့်ရပါတယ် ကျွန်တော်တို့ဝတ်ပြုဆုတောင်းရခြင်းဟာ သေပြီးတဲ့အခါ ကျွန်တော်တို့ကြုံတွေ့ရမယ့်အရာတွေအတွက်ပါ ဒါကိုတော့အကျယ်ချဲ့ရှင်းပြမနေတော့ပါဘူးအဲ့တော့ ပြောချင်တာက အစ္စလာမ်ဟာ ဒီလောက ဒီစည်းစိမ်းတွေထဲ ရစ်မူးနေလို့မရပါဘူး ကျွန်တော်တို့အားလုံးတောင်းတကြတာက သေပြီးအခါ ဂျနသ်လို့ခေါ်တဲ့ ကောင်းကင်ဘုံကိုရောက်ဖို့ပါပဲ နောက်ပြီး မိတ်ဆွေတို့ commentတွေမှာ လိုက်မန့်နေတဲ့ စာအုပ်ပုံပါသည် မိတ်ဆွေတို့လူမျိုးတွေထဲကပဲ မှိုင်းတိုက်ရန်ထုတ်ထားတာပါ မိတ်ဆွေတို့ကိုပြောချင်တာကတော့ အစ္စလာမ်ဘာသာထဲကို ဝင်ဖို့မပြောဘူး မဖိတ်ခေါ်ဘူး ဒါပေမယ့် အဲ့ဒီလို မှိုင်းတိုက်တာကို ယုံမယ့်အစား မိတ်ဆွေရဲ့ ဦးနှောက်ကို အသုံးချပြီး အစ္စလာမ်ဘာသာကို လေ့လာကြည့်လိုက်ပါ တစ်ကယ်ပြောတာပါ လေ့လာရုံပဲလေ့လာကြည့်လိုက် မိတ်ဆွေတို့ အခုပြောနေသလို မကောင်းတဲ့ဘာသာလားဆိုတာ သိသာကွဲ ပြားနေလိမ့်မယ်လို့ အာမခံတယ်ဗျ Peace✌ #fyp #islam #foryou #လူမျိုးရေး

Short Recap
Short Recap
Open In TikTok:
Region: MM
Tuesday 29 September 2026 16:28:49 GMT
97024
4381
426
353

Music

Download

Comments

user8529212576124
မှူးလေလာလေ :
ခလေးအများရီး မွေးတဲ့ကိစ္စ ထည့်ရှင်းပြပါအုံးလေ
2026-09-30 04:01:42
40
boss242736
Boss :
မကြောက်ပါဘူးကွာ အားလုံးက လူတွေပဲ ဘာလူမျိုးဖြစ်ဖြစ် ချစ်ပါတယ် သွေးခွဲဗျူဟာတွေပါ နားလည်ပါတယ် ဘရားသား ကျနော်က နှစ်ဖက်မျှတွေးကြည့်တယ် တစ်ဖက်မပိတ်တတ်ပါဘူးခင်မျာ လူတစ်စုက နားယောင်နေကြတာပါ ဘာသာတိုင်းမှာ စုန်းပြူးရှိကြသမြဲပါ
2026-09-30 05:10:35
317
user4124481429819
user4124481429819 :
ဒီအရာတွေအားလုံးကအလာ့အလိုတော်ကြလားပဲသိချင်တယ်
2026-09-30 09:48:29
5
ta.zin885
Ta Zin :
မြန်မာနိုင်ငံမှာအတူယှဥ်တွဲနေထိုင်လာတာကြာပြီဘယ်သူတွေကနယ်ချဲနေလို့လဲဒါဟာမှိုင်တိုက်ခြင်သက်သက်ပဲ
2026-09-30 03:16:47
53
dawmarmarhtay60
dawmarmarhtay60 :
အန်တီတို့ငယ်ငယ်ကတည်းကသူငယ်ချင်းတွေအစလုပ်ငန်းခွင်ထဲအဆုံးအစ္စလာန်ဘာသာဝင်တွေနဲ့ထိတွေ့တက်ဆံခဲ့ကြတာပါကိုယ့်နိူင်ငံသားအချင်းချင်းချစ်ခဲ့ကြပါတယ်ဒီခေတ်ရောက်မှအစွန်းရောက်တွေကြောင့်ဖြစ်ရတာဘယ်ဘာသာဝင်ဘဲဖစ်ဖြစ်ကိုယ်တိုင်းပြည်ချစ်ရင်ပြီးပြီပေါ့သားရေ
2026-09-30 07:01:25
117
ko.aung00782
poe :
ဘာသာပြောက်မှာအရမ်းစိုးရိမ်ကြတာမြင်တော့ အော်...လို့ပဲ့ကိုယ့်စိတ်ကဖြစ်မိတယ် ကျွန်မတော့ငယ်ကတည်းကနေအခုထိ အိစ္စာလာမ်ဘာသာ ပျောက်သွားမှာတခါမှမစိုးရိမ်ဖူးဘူး ဘာလို့ဆိုယုံကြည်မှုနဲ့ဆိုင်မယ်ထင်တယ် စိုးရိမ်စိတ်တခါမှမဖြစ်ဖူးဘူး
2026-09-30 05:07:55
86
pharo991
pharo :
ဒါပေမဲ့ကမ္ဘာနိုင်ငံတော်တော်များများကမင်းတို့ကိုလက်သင့်မခံကြတာမြင်ရတွေ့ရတယ်မိတ်ဆွေ ဘာတွေကြောင့်ပါလည်း
2026-09-30 06:33:14
26
yin.thuzar31
Yin ThuZar :
ပြောသလောက်မရိုးသားဘူးပြသလောက်မရိုးရှင်းဘူး
2026-09-30 06:34:33
15
thihathiha508
Thiha Thiha :
ဘာသာထက်ဒီနိူင်ငံမှာ မွေးပွားကြီးပြင်းသူမှန်သမျှဟာမြန်မာနိုင်ငံသား များအချင်းချင်းစည်းလုံးညီညွတ်ဖို့ကသိပ့်ကိုလိုအပ်ပါတယ်
2026-09-30 09:47:25
23
shwesoe.shwesoe
🇲🇲Wine lay🇲🇲 :
ဘယ်ဘာသာပဲဖြစ်ဖြစ်မွေးပီးရင်သေရမှာသေချာတာမို့ဘာကိုမှမကြောက်ပါဘူးလူသားအားလုံးမကောင်းသောစိတ်များပပျောက်၍ကောင်းသောစိတ်များတိုးပွားကြပါစေသေသွားရင်ဘာမှာယူသွားလို့မရတာမလို့နှလုံးသားလေးလှနေရင်ကျေနပ်ပိ ဗုဒ္ဓဘာသာပါ
2026-09-30 09:24:22
20
moe.december
Moe December :
မသိတာကိုသိအောင်အမှန်တရားကိုဖော်ထုတ်ပြောပြပေးတဲ့အတွက်အရမ်းကိုလေးစားထိုက်တဲ့ဘာသာလို့ထင်လင်းမြင်သာစွာပြသပေးလို့အထူးဝမ်းသာရပါတယ်စာအရေးအသားကအစပညာတတ်ဆိုတာသိရှိရပါတယ်အဆင့်မြင့်တယ်ဆိုတာဒါဘဲအမှန်တရားကဖုံးကြာကြာဖုံးကွယ်လို့မရပါဘူးဟုတ်ရင်ကြော်ပုတ်ရင်ပေါ်အဆင့်ဆိုတာဒါဘဲ
2026-09-30 02:50:07
19
monmonswe01
Khin nwea nwea :
ဘယ်လိုရှင်းပြရှင်းပြရန်လိုနေသူကတောိ့ရန်လိုမှာဘဲအေးဆေးနေတတ်တဲ့သူတွေကိုတော့်လေးစားပါတယ်ဘယ်ဘာသာမဆိုခင်မင်တတ်ပါတယ်
2026-09-30 03:48:27
25
nuskyawkyawoo
nuskyawkyawoo :
လူတိုင်းလူတိုင်းအားလုံးဒီထမင်းဘဲစားကြတာပါ ဒီရေဘဲသောက်ကြရတာပါ တကယ်သာတယောက်ကိုတယောက်တန်ဖိုးထားတတ်ကြမယ်ဆိုအရမ်းချစ်ဖို့ကောင်းကြမှာပါ လူဟာလူပါဘဲဗျာ ကိုယ်ယုံကြည်လို့ကိုးကွယ်နေကြတဲ့ဘာသာရေးကိုခဏဖယ်ပြီးချစ်တဲ့စိတ်နဲ့ကြည့်ကြပါ အရမ်းချစ်ဖို့ကောင်းကြမှာပါ
2026-09-30 07:37:09
16
mg.mg.htwe.7
Mg Mg Htwe 7 :
လူသားအားလုံးကတစ်နေ့ကျရင်ပျောက်ကွယ်ရမာပါ ဘယ်သူကိုမှမမုန်းဘူး အာလုံးချစ်တယ် လူလူချင်းကိုယ်ချင်းစာတရားသာရှိရင် ဟောဒီကမ်ဘာကြီးက အေးချမ်းနေပြီးသားပါဗျာ
2026-09-30 08:08:50
13
user5298381103246
jack :
ဖြည့်စွက်တင်ပြပါသည်အစ်စလန်သည်မိမိပိင်ဆိုင်မှု၁၀၀ကျပ်ကျွှေးမြေကင်းရှင်းပါကဆင်ရဲသားများအတွက်၂.၅၀ကျပ်ပေးရမည်မိမိဘာသာအတွက်အခြားဘာသာဝင်များကိုနှိမ့်စော်ကားခြင်းမပြုရဖြူခြင်းမဲခြင်းအသားအရောင်ခွဲခြားဆက်ဆံခြင်းမရှိဇတ်နိမ့်ဇတ်မြင့်ဘာခဲခြားမှုမရှိ
2026-09-30 13:07:17
12
kikig132
Y :
စာအရေးအသားလေးကောင်းလိုက်တာအမြင်မှန်ရကြပါစေ🥰
2026-09-30 01:57:25
9
mathidar832
Daw mya :
ကျွေးနိုင်လို့မွေးတာလေ
2026-09-30 12:41:50
7
chotuumar32143542
👻တည်ငြိမ်သူ👻 :
လူသားထဲကလူတွေပါဘဲအချင်းချင်းသွေးစည်းကြရင်ကောင်းပါတယ်
2026-09-30 05:38:16
9
cupidenvoy22
ကျူးပစ်တမန်-စာပေ Cupid Envoy :
ခွဲခြားဆက်ဆံတတ်တဲ့ လူဖြစ်ခြင်း မပြည့်မှီသူတွေရော လူကိုလူလိုမြင်တတ်တဲ့ လူပီသတဲ့လူတွေရော နောင်အနှစ်တစ်ရာမှာ ခုကောမန့်ကလူတွေဟာ အားလုံး အသက်ရှင်ကျန်ရစ်ခဲ့မယ် မထင်ပါဘူး မသေခင်နာမည်ကောင်းတွေ ထားခဲ့ကြပါ ကောင်းမွန်တဲ့ တရားဓမ္မတွေနဲ့ အသက်ကိုမွေးမြူရင်း တန်ဖိုးရှိရှိ လူဖြစ်ခြင်းကို ဂုဏ်ယူကြပါ ခဗျာ🥰🍀
2026-09-30 15:33:41
11
yatiwin885761
Y💐 :
အမှန်တရားတွေပါ။
2026-09-30 01:47:13
10
user543795444
Tik Toker :
မဖြစ်ခင် အစမှာတော့ အကုံကောင်းပါတယ် နောက်ဆုံးမှာတော့ ဘာဖြစ်မလဲဆိုတာနဲ့တွေးကြည့်လို့ရပါတယ် ရှေ့မှာဥပမာတွေများကြီးပါပဲ
2026-09-30 06:17:10
25
sai.sai56435
sai sai :
မယုံပါဘူး
2026-09-30 02:45:45
6
moe.phyu5434
Moe Phyu :
သေသွားရင်တောင်အဖြူစနဲ့ပဲသွားရတာ
2026-09-30 07:33:51
8
daw.thin.thin.oo37
Pann Thapyay :
သိတတ်အောင်ရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်
2026-09-30 07:18:06
10
zaw.min.oo3738
Zaw min oo :
အမှန်တွေပါဒီစာကိုဖတ်တဲ့သူကသူ့မှာလူပီသတဲ့စိတ်ဘယ်အတိုင်းအတာရှိလဲအဲလောက်ဘဲသဘောပေါက်လက်ခံမှာ
2026-09-30 05:39:40
10
To see more videos from user @www.shortrecap, please go to the Tikwm homepage.

Other Videos


About