@may2196388: 🙇လူတွေကို ကြည့်မိတိုင်း... သံဝေဂတစ်ခုတော့ ရမိတယ်။ တချို့က မာနတွေနဲ့ အမြင့်တက်နေကြတယ်။ တချို့က အတ္တတွေနဲ့ မျက်စိပိတ်နေကြတယ်။ ကိုယ့်ထက် နိမ့်တယ်ထင်တဲ့သူကို အထင်သေးတယ်။ ကိုယ့်ထက် အားနည်းတယ်ထင်တဲ့သူကို နှိမ့်ချဆက်ဆံတယ်။ ကိုယ့်မှာ အာဏာရှိလို့... ကိုယ့်မှာ ငွေရှိလို့... ကိုယ့်မှာ ဂုဏ်ရှိလို့... အဲဒီအရာတွေက ထာဝရပိုင်ဆိုင်ခွင့် ရထားသလိုနဲ့ ငါမှငါဆိုတဲ့ စိတ်နဲ့ လူလူချင်း နာကျင်အောင် ပြောဆိုကြတယ်။ 🧘ဒါပေမယ့်... အချိန်တန်ရင် ဘယ်သူမှ မကျန်ရစ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ အားလုံးဟာ မြေတစ်ဆုပ်နဲ့ ပြာတစ်ဆုပ်ပါပဲ။ တစ်နေ့မှာ အားလုံးဟာ ထွက်ခွာသွားကြရမယ့် ခရီးသည်တွေပါ။ ဒါပေမဲ့ ငါမှငါဆိုတဲ့အတွေးနဲ့ မာနတွေ ထူပြောနေကြတယ်၊ မနာလိုမှုတွေနဲ့ အချင်းချင်း လောင်ကျွမ်းနေကြတယ်။ သူများအပြစ်ကို ရှာရတာနဲ့ပဲ ဘဝကို ကုန်ဆုံးစေတဲ့အခါ မိမိကိုယ်တိုင်ရဲ့ အမှားနဲ့ အချိန်တွေ ကုန်သွားတာကို မသိလိုက်ကြဘူး။ 🧘အခိုက်အတန့်လေး ရထားတဲ့ ဘဝမှာ မုန်းတီးခြင်းတွေနဲ့ အချိန်မဖြုန်းသင့်ပါဘူး။ အားလုံးဟာ သေခြင်းတရားရဲ့ လက်ခုပ်ထဲက ရေစက်လေးတွေပါပဲ။ ကိုယ့်ကိုအပြစ်ပြောနေသူကို သွားပြီးမုန်း‌စရာ မလိုပါဘူး၊ သူတစ်ပါးကို မနာလိုမယ့်အစား ဝမ်းမြောက်တတ်ပါ။ အမုန်းတွေ သိမ်းထားမယ့်အစား ခွင့်လွှတ်တတ်ပါ။ မာနကို ဖက်တွယ်မယ့်အစား နှိမ့်ချတတ်ပါ။ 🙏နောက်ဆုံး... ဒီလောကကြီးကနေ ပြန်ထွက်သွားတဲ့အချိန်မှာ... ယူသွားလို့ရတာ ငွေကြေးမဟုတ်ဘူး... ဂုဏ်ပုဒ်မဟုတ်ဘူး... ကိုယ်ပြုခဲ့တဲ့ ကံနဲ့ ကုသိုလ်ပဲ ကိုယ့်နောက်ကို လိုက်လာမှာပါ။ ကောင်းခြင်း ဆိုးခြင်းတွေဒွန်တွဲနေတဲ့ လောကထဲမှာ အကောင်းမြင်စိတ်ရှိမှ လူဖြစ်ကျိုးလည်းနပ်စေမှာပါ။ #စာပေချစ်သူ✍ #သံဝေဂရကြပါစေ #foryoupage❤️❤️ #crd #fypシ゚viral🖤tiktok

Mãy Thù Nâìñg♊
Mãy Thù Nâìñg♊
Open In TikTok:
Region: MM
Wednesday 30 September 2026 03:29:51 GMT
118403
9871
104
168

Music

Download

Comments

maythuphyo000
MAY THU PHYO :
စာသားလေး ချပေးကြပါအုံး 🥺
2026-10-01 05:37:47
1
kunghtetzaw395
kunghtetzaw :
ဟုက်ပါတယ်
2026-10-01 10:08:33
0
yyannaing236
Yan Naing :
သဘောကျလို့ ကူးယူတင်ခွင့်ပြုပါလားခင်ဗျာ[Heartwarming]
2026-10-01 03:22:31
1
phyo.phyo.wai88
P H Y O 🤎 :
စာသားလေး ပြန်တင်ပါရစေနော်🥰
2026-10-01 08:34:57
0
than.htike.aung3062
Than Htike Aung :
တည်ငြိမ်ပီ ရင့်ကျက်နေလိုက်ဗျာ အာဘွား
2026-10-01 15:54:42
0
k.m.t8495
Min Min (Man United❤️) :
ပြန်တင်ပါရစေဗျာ❤️
2026-10-01 16:46:45
0
paingthet724
(😘မှော်ဘီပိုင်ရီ🗿) :
@(😘မှော်ဘီပိုင်ရီ🗿):🥰အပြုံးလေးနဲ့အကြည့်လေးကရွှေလို့ပဲတန်းဖိုးရှိလိုက်တာဗျာ🤭🫰🤌🫶🖤
2026-10-01 15:52:09
0
htoohtoo8201
skkစောဒိုး🇳🇱🇲🇲🇹🇭 :
ဟုတ်တယ်
2026-10-01 16:57:30
0
tharpout54321
Thet Khing :
ဟ ကြိုက်ပီ
2026-10-01 16:46:35
0
t.h.n57
T.H.N :
အမှန်ပေါ့ ညီမရယ် လိုင်းပေါ်ကြီးကြည့်ပီ ဖြစ်ချင်တိုင်းတွေဖြစ် တစ်ရက်10အထက်ရရင်တောင် မလုံလောက်ဘဲ မအေးချမ်းကျဘူး
2026-10-01 16:35:57
0
myolay4375
Soe pay(ဘယ္ေလး)🏐🏐🇲🇲 :
စာသားလေးပြန်သုံးချင်လို့ပါ့
2026-10-01 16:05:45
0
khammaynan3
🌻🌻K🌻🌻🌻 :
ပြန်တင်မယ်ရှင့်
2026-10-01 14:47:45
0
user4157007004148
shine Lay :
တချိန်ကြလူတိုင်းဟာဒီတလမ်းထဲပဲသွားရမှာပဲ
2026-10-01 16:07:15
0
aungmyokhant1
Aung Myo Khant :
မသေခင်မာမင်းနဲ့ဆုံချင်လို့ 😁
2026-10-01 16:13:15
0
hlaing.min.oo3182
Ĥlăìńĝ🐯Μìń🐯ÓÒ🐯 :
စာသားလေးပေးပါ့လားဗျ။
2026-10-01 04:25:13
1
jumile07
Arden :
2026-10-01 17:48:24
0
kokaung.kaung37
Kokaung Kaung :
လာပါတွဲကြ့ရအောင်
2026-10-01 15:51:50
0
usithu589
U Si :
အမြဲချောနေသော🥰🥰🥰🥰🥰🥰
2026-09-30 03:32:11
0
win.naung266
win naung 🇲🇲 :
စာသားယူပီး တင်ချသ်တာမလုပ်တတ်ဘူး
2026-10-01 14:28:08
0
linn6085
ဦးနေ :
အေးလေ
2026-10-01 14:19:00
0
win.tin871
win tin :
2026-10-01 14:32:35
0
mg.black7945
☠🚬$ΜØK€Ř🚬☠ :
မကြီးပါဘူးဗျားသ်ထင်လို့ပါ
2026-10-01 15:27:56
0
min233gmaik.com
🙈ဘာညာပေါ့🙊 :
ပြန်တင်မယ်နော်ဗျ😊
2026-10-01 15:25:14
0
kae.kae5736
Kae Kae :
စာသားလေးကြိုက်လို့တင်ချင်လို့ပါနော်
2026-10-01 16:46:35
0
sai.saikhitpyaesone
🍎sai sai🍎MKN🍎 :
💙
2026-09-30 04:08:41
0
To see more videos from user @may2196388, please go to the Tikwm homepage.

Other Videos


About