@maythitphoo5206: ရုံးအပြန် YBS စီးရင်း တွေးမိတာပါ ကားပေါ်မှာ ပါလာတဲ့ လူအများစုက အလုပ်ပြန် ရုံးပြန်ချိန်ဆိုတော့ မျက်နှာလေးတွေ ညိုးနွမ်းစွာနဲ့ တိတ်ဆိတ်ပြီး ကိုယ့်အတွေးနဲ့ကို တွေးနေတဲ့ လူတွေများတယ် တစ်ချို့ကျလည်း ဖုန်းပြော တစ်ချို့ကျလည်း ဖုန်းသုံး တစ်ချို့ကျလည်း ဘေးကအဖော်နဲ့ စကားပြောကြပေါ့ စသဖြင့် လူပေါင်းစုံ တိုးကျိတ်လို့ပါပဲ … အလုပ်မှာ pressure များတဲ့လူရှိမယ် ပေါ့ပေါ့ပါးပါး အလုပ်လုပ်ရတဲ့ လူရှိမယ် တစ်နေ့လုံး ပင်ပင်ပမ်းပမ်း ဟိုပြေး ဒီပြေး စျေးရောင်း စျေးဝယ် စသဖြင့် အားလုံးက မနက်လင်းထဲက ရုန်းကန်လှုပ်ရှားနေကြရတာ ညနေ ရောက်သည်ထိပါပဲ … တစ်မှတ်တိုင် နှစ်မှတ်တိုင်ပဲ စီးရတဲ့လူရှိမယ် ဂိတ်စ ဂိတ်ဆုံး စီးရတဲ့လူရှိမယ် ကား ၂ဆင့် ၃ဆင့် စီးရတဲ့လူရှိမယ် နေပူမရှောင် မိုးရွာမရှောင် တကယ်ကို ရုန်ကန်ပြီး ရှာဖွေစားသောက်ကြရတာ မလွယ်ကြပါဘူး … အိမ်ပြန်ရောက်ချိန် မိသားစုက ထမင်းပွဲအဆင်သင့်နဲ့ စောင့်နေတဲ့သူတွေ ရှိရင်ရှိမယ် အိမ်ပြန်ရောက်ချိန် ပင်ပမ်းမှုကိုယ်စီနဲ့ သူ့မျက်နှာ ကိုယ်မကြည့်ချင် ကိုယ့်မျက်နှာ သူမကြည့်ချင် ဖြစ်နေကြတဲ့ လင်မယားတစ်ချို့လည်း ရှိနေလိမ့်မယ် နယ်ကတတ်လာပြီး အလုပ်လာလုပ်ရလို့ ကြုံရာဆိုင်လေးက ညစာကို အိတ်လေးနဲ့ ပါဆယ်ဆွဲပြီး စားရတဲ့သူမျိုးတွေလည်း ရှိလိမ့်မယ် … လူတိုင်းကလေ အားလုံး ကိုယ့်အပူနဲ့ကိုယ်ချည်းပဲ ကိုယ်ဖြစ်ချင်တိုင်းက ကိုယ်တိုင်တောင် မဖြစ်ဘူးမလား အပူချင်း မတူတာပဲရှိလိမ့်မယ် အလုံးစုံ ပြည့်စုံနေသူဆိုတာ မရှိဘူး သူတော့ ပျော်နေတာပဲ ဆိုပြီးလည်း သွားလည်းမဆဲနဲ့ မနာလိုလည်းမဖြစ်နဲ့ အားလည်းမကျနဲ့ အားလုံးက အတူတူပဲ ဥပမာပြောရရင် ငါကိုယ်တိုင် ပေါ့ပေါ့ပါးပါးနဲ့ တစ်နေ့တာ ဖြတ်သန်းနေတာပဲ ဆိုပြီး ပတ်ဝန်းကျင်က လူတွေကော နင်တို့တွေကော မြင်နေကြတာ ငါ့အိမ် ငါ့ရွာ ငါ့မိသားစု အခြေအနေဆိုတာလေ တောင်ပြေး မြောက်ပြေး ပြေးနေကြရတာ ဘာကြောင့်လည်းဆိုတာ ပြောပြဖို့မလိုလောက်ဘူး ဒါက ငါ့မိသားစု ကိစ္စ ငါ့မှာဆိုလည်း နင်တို့တွေ မသိတဲ့ ဖုံးကွယ်ထားရတဲ့ သိမ်ငယ်ခြင်းတွေမှ အများကြီးရှိတယ် ဒါပေမယ့်လည်း ကိုယ်လုပ်စရာရှိတာ လုပ်ရမယ် ကိုယ်စားစရာရှိတာ စားရမယ် ကိုယ်ပျော်စရာရှိတာတော့ ပျော်ရမယ် မဟုတ်ဘူးလား “ ပင်ပန်းတယ်မလား ဒါမင်းဘဝကို သေချာ ကြိုးစား နေထိုင် နေတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ “ တဲ့ #crd Than Soe Aung #တနေ့တာပျော်ရွှင်မူ့များရနိုင်ကြပါစေ #အခြေခံလူတန်းစား #sad #ybs @M🌊🐬 @May Thit Phoo
Its_me_Phoo
Region: MM
Wednesday 30 September 2026 11:52:56 GMT
Music
Download
Comments
Burn :
life isn't easy at all , so, be kind
2026-10-01 08:24:49
0
Eastrossa X Vin :
ညဘက် ybs စီးရာတာမိုက်တယ် 7နာရီလောက်ဆို
အခုတော့မဟုတ်ဘူး ကိုယ်အတွေးနဲ့ကိုယ်ဆိုတော့
2026-10-01 08:00:29
25
𝐾𝑒𝑖𝑦𝑎_𝑈𝑡𝑜𝑢 :
အ့လိုတွေးကြည့်နေတာနဲ့ခါးပို က်နှိုက်ခံလိုက်ရကော
2026-10-01 05:56:13
81
SREN :
ပေါ်တာမဆွဲဘူးလားဟင် အဲ့လိုညဘက်ကြီးသွားလာနေကြတာ ကိုယ်တွေတောမှာတော့ ရန်ကုန်မှာပေါ်တာဆွဲနေလို့တဲ့ အမေက ရွာထဲကတောင်အပျောက်ခံဘူး
2026-10-01 12:41:54
3
⚡Hsu.Lae.Aung⚡(ပုရစ်)🦗 :
မနေ့ကိုယ့်အဖစ်နဲ့တူနေတယ် အလုပ်မာပင်ပန်းတာရောစိတ်ပင်းပန်းတာရောနေလို့မကောင်းဘူးတကိုယ်လုံးလဲကိုက်ခဲနေတာဘတ်စ်ကားစောင့်ရတာနာရီဝက်လောက်ကြာကားရတော့လူတေကြပ်ညှပ်နေတာပူလောင်ချွေးပြန်နေရောပဲ ဒါကိုနားမလည်ဘဲ အိမ်ကအမျိုးသားကမူးရူးနေတယ်လို့သူ့အဖေက ဖုန်းဆက်လာတယ် သူ့ဆီဆက်တော့လဲမူးပီးပြောရင်ရာတေပြောနေတာ အရမ်းစ်တ်ပင်ပန်းလွန်းလို့ကားပေါ်လူကြားထဲတင်မျက်ရည်တွေကျလာတယ်ထိုင်ခုန်နေရာကလုံးဝမရခါးတေကနာတာကတမျိုး ငိုချပလိုက်တယ်🥺
2026-10-01 06:31:02
2
Daisy🌼 :
caption
2026-10-01 03:57:12
0
Htun :
လူတိုင်းက ကိုယ်အခက်ခဲနဲ့ကိုယ်ပါပဲ တချို့က ပေါ့''ပါး''နေတတ်ကြတယ် အ့တာကိုကြည့်ပြီး သူကအပူအပင်မရှိဘူး မထင်ကြနဲ့ ထုပ်မပြတဲ့ ပူလောင်မှူတေမှ အများကြီး တခါတုန်းက ကိုယ့်အိမ်မှာ လာလုပ်တဲ့ အလုပ်သမား အသက် ၄၀အရွယ် အမတယောက်ကို မေးဖူးတေ သူကပင်ပန်းနေရင်တောင် ဘယ်တော့မှ မျက်နှာမပျက်ပဲ အမြဲပြုံးနေတယ် အ့တာကို မြင်နေရတော့ ကိုယ်ကမေးမိတေ အမကအမြဲတန်း ပြုံးနေတယ်နော်လို့ မပင်ပန်းဘူးလ့မေးတော့ သူက စကားလေးတခွန်းပဲ ပြန်ပြေားတယ် ငါ့ရင်ထည်းမှာ မပူမီးတေတောက်နေပီး ပင်ပန်းနေတာကို နင်ကဘယ်မြင်မလဲတဲ့ အ့စကားကိုတောင် သူကပြုံးပြီးပဲ ပြန်ပြေားတာ အ့ချိန်ထည်းက တွေးမိတဲ့အရာတခုက အပြင်ပန်းမှာ ပျော်နေပယ်မဲ့ ရင်ဘတ်ထည်းမှာ အပူမီး တောက်နေတဲ့သူတေလဲ ရှိကြတာပဲဆိုတာရယ် လောကကြီးမှာ အပူအပင်မရှိ ဖြတ်သန်းနေတဲ့သူ မရှိဘူးဆိုတာကိုရေား သိလာခဲ့ရတယ်။ သူများပြုံးပျော်နေတာကို မနာလိုမဖြစ်ပဲ ကိုယ်တိုင်လုပ်စရာ ရှိတာကိုလုပ်ပီး အပေါ်ယံအပြုံးတေထက် စစ်မှန်တဲ့အပြုံးတေ ပျော်ရွှင်မူတေ ရအောင်ကြိုးစားဖို့ပဲ့
2026-10-01 04:46:30
8
꧁ 𝕬 𝖇 𝖞 𝖘 𝖘 ♏ 𝕲𝖔𝖉 ꧂ :
ပိုဆိုးလာဖို့ပဲရှိပါတယ်ဗျာ မလုံခြုံတော့ဘူး ဆိူင်က ခလေးမလေးကိုလဲ ကားမှတ်တိုင်နားမှာဓားထောက်လုတာခံလိုက်ရတယ်
ဒီနေ့လဲကိုယ်တွေဆိုင်ဘေးတင် Delivery ကောင်လေးငယ်ငယ်လေးကိုဝိုင်းရိုက်ပီးပေါ်တာဆွဲသွားတာဘေးနားကလူတွေကမကူရဲကြဘူး ဘာတစ်ခုမှအဆင်မပြေကြတော့ပါဘူးဗျာ😪
2026-10-01 09:03:20
1
ŚȚĥū ýà :
copyယူလိုက်p🥰😘
2026-10-01 11:13:36
1
💦PAING PAING SOE HM💦 :
စာပို့သား ပို့ပေးပါလာ
2026-10-01 02:41:42
0
@Ar Kar Min :
စားသာလေးပေးပါလာ
ယူမတတ်လို့
2026-10-01 02:44:06
0
Aung Myo Daniel :
အမှန်ပဲဗျာ တစ်နေတာလုံးလှုပ်ရှားခဲ့သမျှ အိမ်ပြန်ချိန်ဆို အမောတွေနဲ့
2026-10-01 09:40:58
1
𓆩 𝓛𝓮𝓸 𓆪-🪐𓆩𝐙𓆪🪐 :
လူ့တိုင်းကသူ့အခက်အခဲနဲ့သူပါပဲအာ့ကြားကနေပဲပျော်အောင်နေနေကြတာပါ[Heartwarming][Heartwarming]
2026-10-01 10:37:15
1
Wyne3 :
ကျွန်တော်လဲ ငါးခွဲဆို ရုံးဆင်းတယ် အက်ချိန်ကြကားကကြပ် ဒါပေမဲ့လဲ ဘဝတူတေပဲကို ရုန်းကန်လှုပ်ရှားနေကြတာတေ တစ်ခါတစ်လေကြထိုင်စရာနေရာ လေးရလို့ထိုင်ရင် နားကြပ်လေးတပ်ပီး သီချင်းလေးနားထောင်ရင် လူတေကို လိုက်ကြည့်မယ်မိ တစ်ရက်တာပင်ပန်းနေတာငါတစ်ယောက်တည်းမဟုတ်ပါဘူးဆိုတဲ့ အတွေးလေးတေဝင်ဝင်လာလို့ ပီတိဖြစ်ကသေးတယ် တစ်ချို့တေဆို ကိုယ်တေထက်ပင်ပင်ပန်းပန်းအလုပ်လုပ်ကတဲ့သူတေတောင်ပါတယ် တစ်ချို့တေဆို ပန်းရံလုပ်ကြတဲ့သူတေ သူတို့အချင်းချင်းစကားတေပြောပီး ရယ်မောနေကြတာလေးမြင်ရင် ကိုယ်ပန်ထားတာလေးတေတောင်ပျောက်ကတယ်
2026-10-01 13:44:17
0
myo thandar :
စာသားလေးပေးပါလား
2026-10-01 03:32:09
0
mrhein95 :
အခုလိုအားရှိ့အောင်အားပေးတာကျေးဇူးပါ
2026-10-01 13:29:29
0
tangero :
2026-10-01 13:45:55
0
kaiznn :
စာကရှည်လိုက်တာ
2026-10-01 13:42:18
0
Hello :
ဟုတ်တယ်
2026-10-01 12:55:43
0
Mister P :
လူငယ်တွေကိုသနားမိတယ်
2026-10-01 12:55:02
1
Its_me_Phoo :
အားလုံးပဲ sryပါနော် စာသားလေးတွေ com rpတွေမှာပြန်ပေးထားပါတယ်ရှင် ခုမှအိမ်ပြန်ရောက်တာမို့ အလုပ်မှာဖုန်းအပ်ထားရတာမို့ပါရှင့်😭 copyလေးယူတင်ရင် original လေးကို crdပေးပေးပါရှင့်သူ့နာမည်လေးလဲပါပါတယ်နော် ညီမလဲ copyလေးယူတင်တာပါ respectလေးတခုပေါ့ရှင်🥺
2026-10-01 13:41:42
0
Ko thant 00 :
တစ်ခါတစ်လေ ကိုယ့်ဘ၀နဲ့ နှိုင်းယှဉ်ပြီး သူများ ဘ၀တွေကို ၀င်စာနာ နေတာမျိုး
ငါလိုမျိုး သူတို့မှာ လဲ အခက်အခဲတွေ ရှိမှာပဲဆိုပီး
2026-10-01 13:03:40
0
In Another Life 🪽 :
တစ်ခါဘဲ လာခွင့်ရှိတဲ့ ကမ္ဘာမှာ ဘယ်သူ့ကိုမှ သံယောဇဉ်တွယ်မနေတော့ဘူး အားလုံးက ဘဝခရီးသယ်တွေကြီးပါဘဲ
2026-10-01 12:59:55
0
春Sᚐ :
2026-10-01 12:57:33
0
ယုန်လေး (🐇) :
စာသားလေးသဘောကျမိတယ်🥰
2026-10-01 02:39:15
0
To see more videos from user @maythitphoo5206, please go to the Tikwm
homepage.